
မြန်မာစစ်ဘေးရှောင်တွေကို မြန်မာဘက်ပြန်ပို့ခဲ့တဲ့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်
ဖေဖော်ဝါရီလ ၁၀ ရက်။ မဏိပူရ်မှာ စစ်ရှောင်ကြတဲ့ မြန်မာစစ်ဘေးရှောင်လူရာနဲ့ချီကို ဖမ်းဆီးခဲ့ပြီး မြန်မာဘက်ကို ပြန်ပို့ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh ဟာ ရာထူးမှနုတ်ထွက်ကြောင်းစာကို ဖေဖော်ဝါရီ ၉ ရက်က မဏိပူရ်ပြည်နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့ ကြောင်းသိရပါတယ်။ မဏိပူရ် ဝန်ကြီးချုပ် အန် ဘီရန် ဆင်းဟာ ဖေဖော် ဝါရီ ၉ ရက်မှာ ရာထူးက နုတ်ထွက်သွားပြီလို့ ပြည်နယ်အစိုးရ အတွင်းဝန်ရုံးက ထုတ်ပြန်ပါတယ်။ N Biren Singh လက်ထက် မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ မေလက လူများစုကသည်းလူမျိုးများနဲ့ ကူကီး(ဇို)လူမျိုးအ ကြား လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခ ဖြစ်ပွားခဲ့ကာအဆိုပါ လူမျိုးရေးပဋိပက္ခကြောင့် လူရာချီ သေဆုံးမှုများရှိခဲ့ပြီး လူသောင်းနှင့်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။လူမျိုး ရေး…