Headlines

ကလေးမြို့နယ်မှာ စစ်ကောင်စီက ဗုံးတောက်လျှောက်ကြဲတာကြောင့် နတ်ချောင်းရွာကဒေသခံ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ၊တိုက်နယ်ဆေးရုံ အဆောက်အဦးတစ်ခုလုံးပျက်စီးခဲ့ရတယ်လို့ သိရ

ဖေဖော်ဝါရီလ ၁၄ ရက်။ ကလေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဗုံး တောက် လျှောက်ကြဲ နေကာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ နတ်ချောင်းကျေးရွာက တိုက်နယ်ဆေးရုံကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ဆေးရုံအဆောက်အဦး အားလုံးပျက်စီးခဲ့ရကာ ၊နတ်ချောင်းကျေးရွာကို ယမန်နေ့ကနေ ဒီကနေ့အထိ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။ ကလေးမြို့နယ်က ဒေသခံတစ်ဦး “ တိုက်ပွဲတွေက ဆက်ဖြစ်နေလို့ ဗုံးကြဲတာတွေလည်း တောက်လျောက်လုပ်နေတာလို့ သိရတာဘဲ နတ်ချောင်းရွာကိုလည်း မနေ့ကစလို့ ဗုံးကြဲတာ ဒီနေ့ မနက်ပိုင်းမှာလည်း ကြဲတယ်လို့ သိရတယ်” လို့ပြောပါတယ်။ ကလေးမြို့နယ်အတွင်းမှာရှိတဲ့…

Read More

ကလေး – ဂန့်ဂေါလမ်းပေါ်က ကမ်းပါးနီတံတားစစ်ကောင်စီတပ်စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်၊ စစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ လက်နက်အမြောက်များလည်း ရခဲ့တယ်လို့သိရ

ဖေဖော်ဝါရီလ ၁၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းပေါ်က ကမ်းပါးနီ တံတားအနီးက စစ်ကောင်စီ တပ်စခန်းကို ဒေသတော်လှန်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ၊လက်နက် အမြောက်များလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက “တော်လှန်ရေးလူတွေကလည်း တင်နေကြတယ်ဆိုတော့ သိမ်းပြီလို့ပြောတယ် ရတဲ့လက်နက်တွေလည်းပြထားတာဆိုတော့ အခုဟာက တခြားဘက်တွေကိုပါ ဆက်လုပ်နေလို့ အဲလောက်လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သိရတယ် နတ်ချောင်းရွာကိုလည်း ဒီမနက်ကြဲတယ်လို့ သိရတယ်” လို့ပြောတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်နားမှာတည်ရှိတဲ့ ကမ်းပါးနီတံတားအနီးက စစ်ကောင်စီတပ်စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို သုံ့ပန်း၂၀ ကျော်ကိုလည်း ဖမ်းဆီးရမိကာ…

Read More

မတူပီမြို့နယ်မှာ လေကြောင်းအန္တရယ်ကြောင့် လမ်းတွေခဏပိတ်တာလို့ CDF – Matupi (တပ်မဟာ – ၁) ပြော

ဖေဖော်ဝါရီလ ၁၄ ရက်။ မတူပီမြို့နယ်မှာ လမ်းတွေခဏပိတ်ခြင်းဟာ လေကြောင်းအန္တရယ်ကြောင့်ဖြစ်ကြောင်း CDF – Matupi (တပ်မဟာ – ၁) ပြောခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မှာ CDF – Matupi တပ်ရင်း (၃) ထိိန်းချုပ်တဲ့နေရာမှာ ၅ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေး (လူထု)ညီလာခံကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လူငယ်တွေကို ကျေးရွာခြင်းကြား ဆက်သွယ်သွားလာရာလမ်းမှာ ဂိတ်ချထားတဲ့ CDF – Matupi (တပ်မဟာ – ၁) က သွားလာဖြတ်သန်းခွင့် အကြောင်းမဲ့ ပိတ်ပင်တားဆီးခဲ့တာလို့ CDF – Matupi တပ်ရင်း (၃) နဲ့ ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

Read More

ကလေး-ဂန့်ဂေါ လမ်းကကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ် ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ဖေဖော်ဝါရီလ ၁၃ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ ကျေးရွာတွေကို ယမန်နေ့ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်ကလေကြောင်းကအဆက်မပြတ်ဗုံးပတ်ကြဲနေတာကြောင့် ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးပြောတာက “ဂျက်ဖိုက်တာတွေက ခဏလေးပြန်သွားတာမျိုးဘဲရှိတယ် Y -12 က အဓိကကြတယ် လေယာဉ်သေးသေးနဲ့ ဗုံးတွေအများကြီးတင်ပြီးမှ လူနဲ့ပစ်ချတာဆိုတော့ ပတ်ပြီးမှကို ချတယ် တစ်ခါချရအလုံး ၃၀ ၊ ၅၀ ချတယ် သူက အကြာကြီးလည်းပျံနိုင်တာဆိုတော့ မနေ့ညကနေ ဒီကနေ့ထိပေါ့ ကလေးမြို့လေယာဉ်ကွင်းမှာဆင်းပြီးရင် လေယာဉ်ဆီတွေ ဖြည့်ပြီးပြန်တက်ပြီး ပတ်ကြဲနေတာပေါ့ ကလေးတောင်ပိုင်းဘက်က တစ်ရွာထဲလို့ ပြောလို့မရဘဲ အကုန်အနှံကြဲနေတာပေါ့ ထိခိုက်၊ ဒဏ်ရာရတာတော့ သေချာမသိရသေးဘူး” လို့ပြောပါတယ်။…

Read More

မီဇိုရမ်ပြည်နယ်မှာ ပလက်ဝစစ်ဘေးရှောင်တွေကို နေရာသတ်မှတ်ပြီး နေအိမ်ဆောက်လုပ်ခွင့်တွေပေးထားတယ်လို့ သိရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာရှိတဲ့ ချင်းပြည်နယ် ပလက်ဝကမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို တွီဒန်းကျေးရွာအာဏာပိုင်တွေက နယ်မြေတွေသတ်မှတ်ပေးပြီး နေအိမ်တွေ ဆောက်လုပ်ခွင့်ပေးတယ်လို့ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံကပြောပါတယ်။ ပလက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံက “တီဒန်းကျေးရွာရဲ့ အာဏာပိုင်တွေအနေနဲ့ စစ်ရှောင်တွေရဲ့ဒုက္ခရောက်နေတဲ့ပေါ်မှာ ခြေခံပြီးမှ သူတို့ရဲ့ကျေးရွာရဲ့ အာဏာပိုင်တွေကနေမှ နေရာထိုင်ခင်းပေးတဲ့သဘောပါ အစိုးရက အစီအမံနဲ့ ချပေးတဲ့ သဘောမဟုတ်ဘူး။ ဒီလိုကျေးရွာအာဏာပိုင်တွေ လက်ခံပေးတဲ့ပေါ်မှာ သူတို့သတ်မှတ်ပေးတဲ့နေရာမှာသာ အိမ်ဆောက်ရတဲ့သဘောထားပေါ့ နောက်ပြီး ကိုယ့်အစီအစဉ် ကိုယ်ထူကိုယ်ထနဲ့ဘဲ ကိုယ့်အိမ်ကိုယ့်ယာကို တည်ဆောက်ရတဲ့ အနေထားဖြစ်ပါတယ်” လို့ပြောပါတယ်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုက ၂၇၃ စုရှိပြီး အမျိုးသား ၅၈၆ ဦး၊ အမျိုးသမီး ၆၇၄ ဦး စုစုပေါင်း…

Read More

ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲလျက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ CNF သဝဏ်လွှာပေးပို့

နိုင်ငံရေးအခွင့်အရေးပိတ်ပင်တားဆီးမှုမျိုးစုံကြားက ပင်လုံစာချုပ်မှ ဖြစ်တည်လာခဲ့တဲ့ ပြည်ထောင်စုကြီး မပြိုကွဲရေးနဲ့ တန်းတူညီမျှမှုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲလျက် အာဏာရှင်မှန်သမျှကို ဆန့်ကျင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ် ေရးအစိုးရ( NUG)ရဲ့ (၇၈) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ် အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး(CNF)က သဝဏ်လွှာပေးပို့ပါတယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ချင်း၊ ကချင်၊ ရှမ်းနဲ့ တခြားတိုင်းရင်းသားတွေဟာ မည်သည့်အခါကမျှ ပြည်ထောင်စုမှ မခွဲထွက်ပဲစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ၊ ၁၉၉၀ ခုနှစ် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်၊ ၁၉၂၂ ခုနှစ် မာနယ်ပလောစာချုပ်၊ ၁၉၉၇ ခုနှစ် မဲသရောထာသဘောတူညီချက်၊ ၁၉၉၈ ခုနှစ် သူးမွဲကလိုးသဘောတူညီချက်နဲ့ ၂၁ ရာစု…

Read More

ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ အားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က ကြေညာ

ဖေဖော်ဝါရီလ ၁၂ ရက်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီးအသွင်ကူးပြောင်းရေးကာလအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သက်ရောက်မှုရှိသောအုပ်ချုပ်ရေးစာတမ်း(Government Document) အဖြစ် ကျင့်သုံးဆောင်ရွက်သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေအားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီ ၉ ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာထုတ်ပြန်ကြေညာပါတယ်။ CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှု ရှိသော အုပ်ချုပ်ရေးစာတမ်း (Governing Document) အဖြစ် ကျင့်သုံးသွားမည့် ဖက်ဒရယ်အသွင်းကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangements – AFTA ကို စတင်ပြင်ဆင်ရေးဆွဲပြီ ကြေညာခြင်းလို့သိရပါတယ်။ တော်လှန်ရေးကာလမှ စတင်၍ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှု စနစ်ကို ပြန်အားကောင်းစေမည့်…

Read More

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မှ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှ နေရပ်စွန့်ခွာပြည်သူများ အတွက် ၁ ဦးလျှင် ၁ လ ကျပ် ၂ သောင်း ထောက်ပံ့ငွေ စတင်ပေးအပ်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားမှာ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ချင်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ထံသို့ နေရပ်စွန့်ခွာသူများ အတွက် ၁ လ လျှင် ကျပ် ၂ သောင်း ထောက်ပံ့ငွေများ စတင် ပေးအပ်ခဲ့ ကြောင်း၊ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း၊ စစ် ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။  အခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မှ…

Read More

ငဖဲမြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့အနားက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းကျေးရွာက ဒေသခံ အရှိုချင်းလူမျိုး ၁၆ ဦးခန့်ကို စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ သိရ

ဖေဖော်ဝါရီလ ၁၂ ရက်။ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် ဘုရာတောင်စခန်းကုန်းအနီးက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းရွာတွေက ဒေသခံ အရှိုချင်းလူမျိုး၁၆ ဦးခန့်ဝန်းကျင်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ Chin Defence Force – Asho တပ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည်က ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို CDF – Asho ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပဒါန်းမြို့အနီး စစ်စခန်းတွေဘက်ကို ပြန်ထွက်ပြေးသွားခဲ့ကြကာ တိုက်ပွဲအပြီး နောက်တစ်ရက်မှာ ဘုရားတောင်စခန်းကုန်းအနီးက ဂုတ်ဝ နဲ့ ရေနွယ်အရှိုချင်းရွာတွေက ဒေသခံ ၁၆ ဦးခန့်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။…

Read More

မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ချင်းလူမျိုး (၁) ဦးနဲ့ ရခိုင်လူမျိုး (၇) ဦးတို့ပြန်လည်လွတ်မြောက်လာ

ဖေဖော်ဝါရီလ ၈ ရက်။ မလေးရှားနိုင်ငံမှာ ချင်းလူမျိုးတစ်ဦးနဲ့ ရခိုင်လူမျိုး (၇) ဦးတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က အွန်လိုင်းပေါ်ကနေ လိမ်ခေါ်ပြီးပြန်ပေးဆွဲခံရကာ ဖေဖော်ဝါရီ ၂ ရက်မှာ သူတို့ပြန်လည်လွတ်မြောက်လာပြီး သူတို့ကိုပြန်ပေးဆွဲခဲ့သူတွေဟာ မြန်မာနိုင်ငံက ၃ ဦးနဲ့ မလေးရှားနိုင်ငံသား ၃ ဦးတို့ ဖြစ်တယ်လို့ မလေးရောက် ချင်းလူမျိုးတွေဆီကနေ သိရပါတယ်။ မလေးရောက် ချင်းလူမျိုးတစ်ဦးက “ပြန်ပေးဆွဲခံရသူတွေထဲက ချင်းတစ်ယောက်က ချင်းပြည်နယ်ထဲက ဆမ်ထန်းလို့ပြောတယ် မြို့နယ်နာမည်တော့ မသိဘူး သူတို့ပြန်ပေးဆွဲခံရစဉ်က နှာခေါင်းတို့ ပါးစပ်တို့ နားရွက်တွေကို ပလာယာတွေနဲ့ လုပ်တယ်တဲ့ ခြေတွေလက်တွေကိုလည်း မီးခြစ်နဲ့ မီးရှို့တယ်တဲ့ ပြီးတော့ ကန်တာတွေရော ခံရတဲ့ ဒဏ်ရာတွေကြောင့် လက်ရှိဆေးကုသမှုခံယူနေကြရတယ် ပြန်ပေးဆွဲတဲ့ မြန်မာနိုင်ငံသား သုံးဦးကိုလည်း မလေးရဲတွေက…

Read More