
လူမျိုးစွဲ၊ဒေသစွဲ၊အစုအဖွဲ့စွဲ၊ပါတီစွဲ ကင်းကင်းနဲ့ တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်ကြဖို့ CNF ထုတ်ပြန်
ဖေဖော်ဝါရီလ ၂၀ ရက်။ လက်ရှိချင်းပြည်(Chinland)၏ စစ်ရေး၊ နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုပြီး လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲ ကင်းကင်းဖြင့် အဓိကနဲ့ သာမည ခွဲခြမ်းစိတ်ဖြာပြီး တော်လှန်ရေးအင်အားစုတွေကြား ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်သွားကြရန် ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ အတိတ်ကာလက ဖြတ်သန်းခံစားခဲ့ကြရတဲ့ နိုင်ငံရေးဆုံးရှုံးမှုတွေကို သင်ခန်းစာယူလျက် ပိုမိုခါးသီးတဲ့ အာဏာရှင်စနစ် ဆိုးမွေတွေကို အနာဂါတ်မျိုးဆက်တွေ ပြန်လည်မခံစားစေဖို့ အရေးသည် မိမိတို့ပခုံးပေါ်ကျရောက်လာနေပြီဖြစ်သည်နဲ့အညီ ချင်းပြည်နယ်အတွင်း လက်ရှိ နိုင်ငံရေး၊ စစ်ရေးကို အလေးဂရုပြုပြီး လူမျိုး၊ဒေသ၊ပါတီ အစွဲကင်းကင်းနဲ့ အတူတကွ တိုက်ပွဲဝင်သွားကြရန်နဲ့ ဒီကနေ့ ကျရောက်တဲ့ (၇၇)…