Headlines

မောင်တောမြို့နယ်မှာ AA ထံ စစ်သင်တန်းတက်ရောက်ပြီး ကိုယ့်ရပ်ရွာကို ကာကွယ်မယ်လို့ ကလေးအများပြားပါဝင်တဲ့ မြိုလူမျိုး ၇၅ ဦး ဆန္ဒဖော်ထုတ်

ဖေဖော်ဝါရီလ ၂၄ရက်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိတဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထံ စစ်သင်တန်း တက်ရောက်ပြီး ကိုယ့်ရပ်ရွာကာကွယ်မယ်လို့ ကျေးရွာ ၄ ရွာမှ ကလေးအများအပြားပါဝင်တဲ့ မြိုလူမျိုး ၇၅ ဦး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက သိရပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ဒုံးညို၊ ရွှေတိုင်၊ ဘောင်း၊ ကြောင်နဖေ စသည့်မြိုကျေးရွာ ၄ရွာမှ ကလေးအများပြားပါဝင်တဲ့ မြိုလူမျိုးတွေဟာ AA အလံ ကိုင်ဆောင်ကာ ကြွေးကြော်သံတွေအနဲ့အတူ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။ “မနေ့က အနီးအနားမှာရှိတဲ့ မြိုရွာ ၄ ရွာက လူတွေနဲ့ ဆန္ဒဖော်ထုတ်ကြတာပါ။ အဓိက ဆန္ဒဖော်ထုတ်ကတော့ AA ဆီမှာ စစ်သင်တန်းတက်မယ်။ ကိုယ့်ရပ်ရွာကို ကာကွယ်မယ်ဆိုတာပါ။ လူကြီးတွေက အလုပ်တွေ…

Read More

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က မြန်မာစစ်ဘေးရှောင်တွေကို UN ကဒ် ရှိ/မရှိ အာဏာပိုင်တွေဘက်က တင်းကြပ်စွာ စစ်ဆေးမှုတွေ လုပ်လာနေတယ်လို့ သိရ

ဖေဖော်ဝါရီလ ၂၄ ရက်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီက ဘိုဒလားရပ်ကွက်ရှိ BCA ဘုရားကျောင်းမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အသင်းတော်ဝတ်ပြုခြင်း အစီအစဉ်မှာ ရဲတွေကရုတ်တရက်ဝင်ရောက်လာပြီး UN ကဒ် ရှိ/မရှိ စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)မှတ်ပုံတင်ကဒ် (UN ကဒ်) မရှိသူတွေကို ပြင်းထန်စွာ စစ်ဆေးမေးမြန်းမှုတွေ လုပ်သွားတယ်လို့ CHIN Refugees COMMITTEE-New Delhi အဖွဲ့ဖော်ပြချက်အရသိရပါတယ်။ နယူးဒေလီမှာရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ လက်တလောအခြေအနေတွေကြောင့် သတိထားသွားလာနေထိုင်ကြဖို့နဲ့ သွားလေရာ UN ဒုက္ခသည်ကဒ်တွေ ယူဆောင်ဖို့နဲ့ သက်တမ်းကုန်ဆုံးတာတွေရှိရင်လည်း အမြန်ဆုံး update လုပ်ဖို့ CHIN Refugees COMMITTEE-New Delhi အဖွဲ့က အသိပေးထားပါတယ်။ အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်သူ…

Read More

ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ လူငယ်တွေကို AA က စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ ရှိနေလို့ ဒေသခံလူငယ်တွေ စိုးရိမ်နေရ

ဖေဖော်ဝါရီလ ၂၄ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဒေသက ချင်းလူမျိုးအပါအဝင် ရခိုင်လူငယ် ၅၂ ဦးကို စစ်မှုထမ်းဖို့ အာရက္ခတပ်တော်AA ခန့်အုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခေါ်ဆောင်သွားတာတွေ လုပ်ခဲ့ပြီးနောက် ဒေသခံလူငယ်တွေ စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရှင်းလက်ဝမှာရှိတဲ့ AA ခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပလက်ဝမြို့ကနေ အုပ်ချုပ်ရေးမှူးတွေလာမယ်ဆိုပြီး လမ်းတွေကိုလည်း ၃ ရက်ပိတ်တယ် ပလက်ဝမြို့က လာတဲ့ အုပ်ချုပ်ရေးမှူးတွေ ၂၁ ရက်နေ့မှာ ရောက်လာတယ် နောက်ပြီး အမျိုးသား ၁၈ ကနေ ၄၅ အရွယ်တွေ စစ်မှုထမ်းဖို့ အစည်းဝေးလုပ်ပြီး…

Read More

ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် ဘန်ကောက်မှာ ထိုးတဲ့ MMA ပွဲမှာ အနိုင်ရရှိ

ဖေဖော်ဝါရီလ ၂၃ ရက်။ ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ည ၇ နာရီမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Bangkok NFC အားကစားကျောင်းမှာ ကျင်းပခဲ့တဲ့ MMA(ဘက်စုံသုံးကိုယ်ခံပညာ) ပြိုင်ပွဲမှာ ပြိုင်ဘက် ထိုင်းလက်ဝှေ့သမားကို အကြိတ်အနယ်ထိုးသတ်ပြီး ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Bangkok NFC အားကစားကျောင်းမှာ ကျင်းပခဲ့တဲ့ MMA (ဘက်စုံသုံးကိုယ်ခံပညာ) ပြိုင်ပွဲအတွက်လည်း ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)အနေနဲ့ အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်ခဲ့တာလို့သိရပြီး လက်ရှိ ဆလိုင်းဂျွန်မွှတ်ဟာ MMA ပွဲပေါင်း ၃ ပွဲကစားခဲ့ပြီး ၃ ပွဲစလုံးအနိုင်ရတဲ့ ရလဒ်ကောင်းပိုင်ဆိုင်သွားပြီလဲဖြစ်ပါတယ်။ အသက်…

Read More

ငဖဲမြို့နယ်မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရကာ၊CDF-Asho တပ်ဖွဲ့ဝင် ၁ ဦးလည်းကျဆုံးခဲ့ကြောင်းCDF –Asho ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၃ ရက်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့နေ့လည် ၁ နာရီခွဲမှာ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ် ဆင်လာတဲ့ အင်အား (၁၀၀) ကျော်ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ် – အရှို(CDF -–Asho) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကာ CDF –Asho ဘက်ကလည်း ၁ ဦးကျဆုံးခဲ့တယ်လို့ CDF –Asho က ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ် ဆင်လာတဲ့ စစ်ကောင်စီအင်အား (၁၀၀) ကျော်ခန့်ပါ ယာဉ်တန်း ၄ စီးကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်…

Read More

မတူပီမြို့နယ်မှာ Chinland Council ကိုထောက်ခံတဲ့ ပြည်သူတွေရဲ့လွတ်လပ်စွာသွားလာခွင့်၊မတူပီမြို့ပေါ်ဝင်ခွင့်တွေကို CDF -Matupi (တပ်မဟာ ၁) က ပိတ်ပင်တယ်လို့ CDF – Matupi (တပ်မဟာ ၂ ) ပြော

ဖေဖော်ဝါရီလ ၂၀ ရက်။ မတူပီမြို့နယ်မှာ Chinland Council (CC) ကိုထောက်ခံတဲ့ ကျေးရွာ နေပြည်သူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့ အထူးသဖြင့် မတူပီမြို့ပေါ်ဝင်ခွင့်တွေကို CDF-Matupi (တပ်မဟာ ၁)က ပိတ်ပင်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ CDF-Matupi (တပ်မဟာ ၂)က ပြန်ကြားရေးတာဝန်ခံ Ko Nai John Kim ကပြောပါတယ်။ “သူတို့ဘက်ကပိတ်တာက မတူပီနဲ့ ပလက်ဝလမ်းကို သူတို့လူကသွားလို့ရတယ် ချင်းလဲန်းကောင်စီကိုထောက်ခံတဲ့ ပြည်သူတွေကို လွတ်လပ်စွာသွားလာခွင့်မပေးဘူးပေါ့ CB ထောက်ခံသူကိုတော့ လွတ်လပ်စွာသွားလာခွင့်ပေးထားတယ် ဒါပေမယ့် CC ထောက်ခံသူတွေကို လွတ်လပ်စွာသွားလာပိုင်ခွင့်တွေ ဈေးဝယ်ခွင့်တွေပိတ်တာပေါ့ ဘယ်လမ်းကိုပိတ်တယ်ဆိုတာမျိုးမဟုတ်ဘဲ CC ထောက်ခံသူတွေက ဘယ်လမ်းကိုမဆို လွတ်လပ်စွာသွားလာပိုင်ခွင့်မရှိဘူး ဈေးဝယ်ခွင့်တွေမရှိဘူး အဓိကတော့ မြို့ပေါ်တက်ခွင့်၊ ဝင်ခွင့်လုံးဝမပေးဘူး” Ko Nai John Kim…

Read More

မလေးရှားမှာ UN မှတ်ပုံတင်ကဒ်လျှောက်ထားပြီး ရက်ချိန်းမရသေးတဲ့သူတွေ UN ရုံးကိုဆက်သွယ်ပြီး ရက်ချိန်းယူလို့ ရပြီလို့ သိရ

ဖေဖော်ဝါရီလ ၂၁ ရက်။ မလေးရှားနိုင်ငံက ချင်းလူမျိုးရွှေ့ပြောင်းဒုက္ခသည်တွေအနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မှီကနေ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှာ UN မှတ်ပုံတင်ကဒ် လျှောက်ထားပြီး အခုထိရက်ချိန်းမရသေးတဲ့သူ တွေ UNHCR ရုံးကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစလို့ ဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ်လို့ ရပြီလို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မှီကနေ UN လျှောက်ထားပြီး ဒီကနေ့ချိန်ထိ ရက်ချိန်းမရသေးတဲ့ သူတွေအနေနဲ့ UNHCR ရုံးကို ဖုန်း – 0176143810 ကို ညနေ ၂ နာရီကနေ ၄ နာရီအထိ တနင်္လာနေ့မှ သောကြာနေ့အထိဆက်သွယ်လို့ရပြီလို့ သိရပါတယ်။ Dai…

Read More

မရာလူမျိုးတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ MTC ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၁ ရက်။ မရာနယ်မြေလုံခြုံရေးနဲ့ နယ်မြေကျူးကျော်မှုတွေ ရန်လိုဗိုလ်ကျစိုမိုးဖို့ ကြိုစားမှုမှန်သမျှတွေကို အစဉ်အမြဲတားဆီးကာကွယ်မှာဖြစ်သလို မရာလူမျိုးတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း နိုင်ငံရေးနည်းလမ်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ ဘုံသဘောတူညီချက်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) ကထုတ်ပြန်ပါတယ်။ တတိယအကြိမ် မရာပြည်သူ့ညီလာခံကို မရာကျေးရွာ ၄၃ ရွာနဲ့ လိုင်လင်းပီမြို့ အပါအဝင် ပြည်တွင်းပြည်ပက လူထုကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊မဟာမိတ်မှကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူတွေအပါအဝင် စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ညီလာခံကို ကျင်းပခဲ့တယ်လို့ MTC ကထုတ်ပြန်ပါတယ်။ အဲဒီညီလာခံမှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီတပ်ပေါင်းစုက မရာနယ်မြေကို ကျူးကျော်ခြင်း၊ MDF တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့…

Read More

ကလေးမြို့နယ်က ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့တစ်နေရာကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး၊ ၃ ဦးထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ပြည်သူတွေနဲ့ ပြည်သူ့ရဲဘော်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ People’s Healthcare Network Kalay (PHN –Kalay) ရဲ့ Medical Centre (4) ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PHN – kalay ကဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလလ ၁၄ ရက်နေ့ ညနေ ခြောက်နာရီဝန်းကျင်မှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေကို အရေးပေါ်ခွဲစိတ်ကုသမှုတွေ ဆောင်ရွက်နေစဉ် စစ်ကောင်စီကလေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးလျက်ရှိတဲ့…

Read More

ဖလမ်းချင်းစကားကနေ အင်္ဂလိပ် ၊ အင်္ဂလိပ်ကနေ ဖလမ်းချင်း ဘာသာပြန်တာတွေကို Website နဲ့ Facebook Messenger မှာလုပ်လို့ရပြီလို့သိရ

ဖေဖော်ဝါရီလ ၂၀ ရက်။ ချင်းဘာသာစကား၁ခုဖြစ်တဲ့ ဖလမ်းချင်းဘာသာစကား ကနေ အင်္ဂလိပ်ဘာသာစကား ဘာသာပြန်တာတွေကို Website နဲ့ Facebook Messenger တို့ကနေ အသုံးပြုလို့ရပြီလို့ ဖလမ်း/အင်္ဂလိပ်တို့ကို ဘာသာပြန်လုပ်လို့ရအောင် တီထွင်လုပ်ဆောင်ခဲ့တဲ့ Salai Nung Lian Sum ကပြောပါတယ်။ ဖလမ်း၊ အင်္ဂလိပ် ဘာသာပြန်နည်းပညာကို တီထွင်လုပ်ဆောင်သူ Nung Lian Sum က “ဖလမ်းဘာသာစကား ကနေ အင်္ဂလိပ်ဘာသာစကား ၊ အင်္ဂလိပ်ဘာသာစကား ကနေ ဖလမ်းဘာသာစကား ဘာသာပြန်လို့ ရပါတယ် လက်ရှိ Website နဲ့ facebook Page မက်ဆင်ဂျာကနေ အသုံးပြုလို့ရပါတယ်။ အစောပိုင်းထုတ်တဲ့ ဗားရှင်းဆိုတော့ တစ်ခါ ရိုက်ရင် စာလုံး ၅၀ ကန့်သက်လုပ်ထားပါတယ် နောက်အဆင့်မြှင့်မှသာ စာကြောင်းရှည်ရပါမယ်…

Read More