
ငဖဲမြို့နယ်မှာ ကာကင်းစခန်းတွေက ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ CDF – Asho ထုတ်ပြန်
ဖေဖော်ဝါရီလ ၂၆ ရက်။ အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်၊ ကာကင်းစခန်းတွေကနေ စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို ၃ ရက်အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ရှိတဲ့ တောင်ကုန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်စဉ်အတွင်း ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့စလို့ နယ်မြေရှင်းလင်းဖမ်းဆီးလျှက်ရှိရာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ၃ ရက်တာအတွင်း စစ်ကောင်စီတပ်သား…