
LORCAN LOVETT | FRONTIER
ဇန်နဝါရီ ၈ ရက်က ချင်းအမျိုးသားတပ်ဦး(CNF)ဒုဥက္ကဋ္ဌ Dr.Sui Khar နဲ့ FRONTIERတို့ တွေ့ဆုံခဲ့ပါတယ်။Frontier နဲ့ Dr.Sui Khar ရဲ့ English လို အင်တာဗျူးမေးမြန်းခန်းမှ Chin World စာဖတ်ပရိတ်သတ်အတွက် ကောက်နှုတ်ဘာသာပြန်ဖော်ပြရပါတယ်။
ချင်းအမျိုးသားတပ်ဦး(CNF)ဟာ ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ သက်တမ်း ၃၇ နှစ်ခန့်ရှိတဲ့ ဝါရင့်ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပါတယ်။
Source: The CNF will be abolished after the revolution’, says Chin leader Sui Khar from Frontier Myanmar

FRONTIER-မြန်မာစစ်တပ်ရဲ့ အခြေအနေကို ဘယ်လိုမြင်လဲ။ ?
Dr.Sui Khar -ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တပ်မတော်အင်အားကို အားဖြည့်ဖို့ကြိုးစားခဲ့တယ်။ ပျူစောထီး၊ တပ်ပင်စင်စားတွေကို ပြန်ခေါ်ယူခြင်း၊ စစ်မှုထမ်းသစ်ခေါ်ယူခြင်း၊ ရွာလုံခြုံရေးနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုပြီး ကော်မတီဖွဲ့စည်းတာ၊ ဒီကြိုးစားမှုအားလုံးကမအောင်မြင်ဘူး။ မအောင်မြင်ဆုံးက စစ်မှုထမ်းသင်တန်းဆင်းတွေကို ခေါ်ယူတာပဲ။ ရှေ့တန်းမှာ စစ်မှုထမ်းသင်တန်းဆင်းတွေစေလွှတ်တဲ့အခါ တာဝန်လုပ်ငန်းကို ကောင်းကောင်းမလုပ်နိုင်ဘူး။ ရှမ်း၊ ကချင်၊ ရခိုင် နဲ့ တစ်ခြားဒေသအတော်များများကို ကြည့်တဲ့အခါ စစ်ရေးအရ အောင်ပွဲမတွေ့ရဘူး။ စစ်တပ်က တစ်ချို့နေရာတွေမှာဆိုရင် သူတို့ဆုတ်ခွါပြီး ပြန်ခုခံနိုင်ဖို့ ဗျူဟာအရသူတို့ကို အသုံးချရုံသက်သက်လို့မြင်တယ်။
FRONTIER-နေပြည်တော် အပါအဝင် ဧရာဝတီမြစ် ချိုင့်ဝှမ်းတလျှောက် စစ်တပ်ကို မြေပြန့်ကုန်းနိမ့်ပိုင်းဖက် တွန်းပို့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိလား၊ လက်ရှိအခြေအနေနဲ့ကောကိုက်ညီသလား။ ?
Dr.Sui Khar ဟုတ်ကဲ့။ ပထမဦးစွာ ကိုယ့်ပြည်နယ်မြို့တော်များကို ခုခံကာကွယ်ဖို့ ကြိုးစားကြမှာဖြစ်တယ်။ တိုင်းရင်းသားဒေသကသူတို့ရဲ့စခန်းကိုတော့ အကာအကွယ် သို့မဟုတ် များများစားစား ကာကွယ်နိုင်မှာမဟုတ်ဘူး။ 2025 ခုနှစ် ပထမခြောက်လမှာ ဖြစ်ပေါ်လာမှာပါ။ မင်းအောင်လှိုင်က အလွယ်တကူ နုတ်ထွက်မှာ မဟုတ်ပါဘူး။ ပြည်နယ်မြို့တော်တစ်ခု ဆုံးရှုံးရင် ပြည်နယ်တစ်ခုလုံး ဆုံးရှုံးသွားတဲ့သဘောဖြစ်တယ်။ ဒါပေမယ့် ချင်းပြည်နယ်မြို့တော်ဟားခါးဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေဖြစ်ဖြစ်ဆုံးရှုံးဖို့ဝန်မလေးလောက်ဘူး။
FRONTIER-2025 အတွက် သင့်ရဲ့ စစ်ရေးရည်မှန်းချက်ကဘာလဲ။ ?
Dr.Sui Khar – ချင်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်မယ်။တပ်ရင်းတပ်စခန်းတွေကိုတိုက်တာထက် ကာကွယ်ဖို့က ပိုခက်တယ်။ကျွန်ေတာ်တို့ရဲ့ အာရုံမှာ ချင်းပြည်နယ်ရှိ စခန်းများနဲ့သူတို့နေရာ အားလုံးကို စစ်ကူနှင့် အထောက်အပံ့များ ရောက်ရှိလာနိုင်တဲ့ ကပ်လျက် နယ်မြေများကို စစ်ဆေးနေတယ်။
FRONTIER–တခြားဘယ်ဒေသတွေမှာ တိုက်ပွဲဝင်မှာလဲ။ ?
Dr.Sui Khar -စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ ဖြစ်တယ်။ ခုလက်ရှိမှာ AA နဲ့ PDFs [ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့] တို့ကတော့ စစ်ကောင်စီရဲ့ လက်နက် ခဲယမ်းစက်ရုံများကို အာရုံစိုက်နေကြတယ်။ တို့လည်း ဒီလိုလုပ်ရမယ်။ ခဲယမ်းစက်ရုံတွေအားလုံးကို ဖျက်နိုင်ရင် ဂျက်တိုက်လေယာဉ်တွေအပါအဝင် လက်နက်အားလုံးက သူတို့အတွက် အလုပ်မဖြစ်ပါဘူး။ခဲယမ်းမီးကျောက်မရှိရင် ဒီအရာတွေအားလုံးဟာ အသုံးမဝင်ပါဘူး။ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရန်သူရဲ့အဲဒီနေရာတွေကို သွက်သွက်လက်လက် ချေမှုန်းပစ်ဖို့လိုတယ်။ မကွေးတိုင်းဒေသကြီးမှာ လက်နက်ခဲယမ်းစက်ရုံ ၂၄ ရုံ သို့မဟုတ် ၂၅ ရုံရှိတယ်။ ကျွန်တော်နားလည်သလောက်ပြောရရင် စက်ရုံတစ်ခုထဲက အကုန်လုံးကို ထုတ်တာမဟုတ်ပါဘူး။ အစိတ်အပိုင်းတခုချင်းစီကို ထုတ်ပြီး စက်ရုံတစ်ရုံမှာ ပြန်တပ်ဆင်ကြတာပါ။ စက်ရုံ ၁ ရုံ ၂ ရုံလောက်ကို ဖျက်ဆီးရင် လေး၊ ငါးခုက အသုံးမဝင်ဘဲဖြစ်သွားပါမယ်။မင်းအောင်လှိုင်က အဲဒီစက်ရုံတွေအားလုံးကို ခုခံကာကွယ်ဖို့ ပြင်ဆင်နေတယ်ဆိုတာ ကြားဖူးကြမှာပါ။ ဘယ်တပ်တွေနဲ့လဲ။ သူ့ရဲ့စစ်မှုထမ်းတွေကို အားကိုးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာကြီးပါ။အဲဒါကြောင့် ချင်းပြည်နယ်၊ ရခိုင်၊ ကချင် (၂၀၂၅) မှာ လွတ်မြောက်မယ်လို့ ကျနော်ထင်ပါတယ်။ ဟားခါးမြို့တော်ကတော့ စိန်ခေါ်မှုရှိတယ်လို့ပြောချင်တယ်။ တစ်ခြားမြို့တော်တွေဆိုရင်လည်း စစ်အစိုးရတပ်သား ၇၀၀ လောက်နဲ့မြို့တော်ကိုကာကွယ်နေတယ်လို့သိရတယ်။ ဟားခါးလည်းအတူတူပဲ။ ဒါပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အဓိကအချက်ကတော့ လေကြောင်းတိုက်ခိုက်မှုပြသနာပါ။
FRONTIER-ချင်းအမျိုးသားတော်လှန်ရေးမှာကော ကွဲလွဲမှုတွေက ဘာတွေဖြစ်မလဲ။?
Dr.Sui Khar -ကျွန်ေတာ်တို့ကို ကွဲပြားခြင်းကိုတွန်းပို့တဲ့အကြောင်းရင်းအတိအကျကို ဖော်ပြဖို့တော့ခက်တယ်။ ဒါဟာ အခုမှ မဟုတ်ပါဘူး။အတိုချုပ်ပြောရလျှင် ချင်းလူမျိုးတွေက ဘယ်တော့မှ စည်းလုံးခြင်း မရှိကြဘူး။ တော်လှန်တဲ့ဒီအချိန်မှာ စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုကွဲပြားမှုတွေကြောင့် လူတွေက အရင်ကထက် ပိုကျယ်လောင်လာကြတယ်။ ချင်းပြည်နယ်ဟာ ၉ မြို့နယ်ပဲရှိပေမယ့် စကားတွေမတူကြပါဘူး၊တစ်််မြို့နယ်ထဲမှာလည်း စကားတွေမတူကြပါဘူး ဒေသစကားကွဲတဲ့ အုပ်စုအလိုက် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ဘာသာရေးအဖွဲ့အစည်းတွေပေါ်ပေါက်ခဲ့တယ်။ ဥပမာပြောရရင် ထန်တလန်မြို့မှာ ဘာသာရေးအရ နှစ်ခြင်းဘာသာတစ်ခုပဲရှိခဲ့တယ်။ အဲဒီနှစ်ခြင်းဘာသာကနေ အားလုံးကို ခြုံငုံခဲ့တယ်။ ဒါပေမယ့် ခေတ်ကာလပြောင်းလဲလာတဲ့အခြေအနေအရ တစ်နေရာတည်းမှာနေတဲ့ အုပ်စုတွေမှာ ကိုယ်ပိုင်ဘာသာရေးအဖွဲ့အစည်းတွေတည်ထောင်လာကြတယ်။ မြို့ကိုအခြေမခံတော့ပဲ Zophei မျိုးနွယ်စု၊ လောင်တူမျိုးနွယ်စုစသဖြင့်တည်ထောင်လာကြတယ်။ ဘာသာစကားက မြို့တစ်မြို့နယ်လုံးကိုလွှမ်းခြုံမှုမရှိဘူး။ သူ့ဒေသန္တရအလိုက် ဘာသာစကားကရှိကြတယ်။ တူညီတဲ့ ကျမ်းစာကိုဖတ်ဖို့၊ တူညီတဲ့ ဓမ္မသီချင်းဆိုဖို့ခက်ခဲလာတယ်။ ဒါကြောင့် ကိုယ့်ဒေသန္တရအလိုက်၊ ကိုယ့်မျိုးနွယ်စုအလိုက် ကျမ်းစာဖတ်တာ၊ ဓမ္မသီချင်းဆိုတာကို ပိုပြီးနှစ်သက်လာကြတယ်။ အဲဒါနဲ့ပဲ ထန်တလန်မှာဘာသာရေးအဖွဲ့အစည်းသုံးဖွဲ့ဖြစ်လာတယ်။ ထန်တလန်၊ မတူပီနဲ့ပလက်၀သုံးမြို့နယ်မှာခွပြီးနေထိုင်တဲ့ မရာမျိုးနွယ်စုရှိတယ်။ လူနည်းစုဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ သူတို့ဘာသာစကား၊ သမ္မာကျမ်းစာ၊ ဓမ္မသီချင်းတွေရှိကြတယ်။ သုံးမြို့နယ်ကိုခွပြီးသူတို့ဘာသာစကားတူတဲ့မျိုးနွယ်စုအနေနဲ့ မရာဧဝံဂေလိအသင်းတော်ဆိုပြီးထောင်ခဲ့ကြတယ်။
နွေဦးတော်လှန်ရေးရောက်လာတော့ နင်တို့မျိုးနွယ်စုကဘာဖြစ်လို့ ချင်းတပ်မတော်မှာ မပါဝင်တာလဲလို့ ပြောလိုက်တယ်။ ဒါပေမယ့် သူတို့က ကိုယ်ပိုင်တပ်CDF ကိုပဲထောင်ချင်ကြတယ်။ ကောင်းတယ်လို့ပြောခဲ့ပါတယ်။ CDF တွေပေါ်လာတော့လည်း အချို့မှာမြို့နယ်ကိုအခြေခံပြီး တည်ထောင်လာကြတယ်။ တစ်ချို့က ကိုယ့်မျိုးနွယ်စု(ဘာသာစကားတူ) အလိုက်ထောင်တဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ ချင်းပြည်နယ်ရဲ့ အနာဂါတ်ဖွဲ့စည်းပုံအကြောင်းဆွေးနွေးတဲ့အခါ ကျွန်တော်တို့ရဲ့ကွဲပြားမှုကနေ အားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုကလိုကိုလိုအပ်ပါတယ်။ ဒါပေမယ့် တစ်ချို့မြို့နယ်တွေကမပါချင်ကြဘူး။ ကိုယ့်မြို့နယ်ကိုပဲကာကွယ်ထိန်းသိမ်းချင်ကြတယ်။ အဲဒါက ကျွန်တော်တို့ရဲ့အဓိကပြသနာတွေထဲကတစ်ခုပါ။
FRONTIER-ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့နှစ်ဖွဲ့ က မျိုးနွယ်စု (သို့) ဒေသန္တရအုပ်စုများကို ပို၍ကိုယ်စားပြုပါသလား၊ ချင်းအားလုံးကို ကိုယ်စားပြုတာကဘယ်အဖွဲ့လဲ။ ?
Dr.Sui Khar – ဟုတ်ကဲ့။ လွှတ်တော်အမတ်တွေနဲ့ CNF လည်း ဆွေးနွေးတယ်။ ချင်းပြည်နယ်မှာ အာဏာမသိမ်းမီ ရွေးကောက်ခံအမတ်အချို့က ကိုယ့်မြို့နယ်များကို ဆက်လက်ထိန်းသိမ်းလိုကြတယ်။ မြို့နယ်များ သို့မဟုတ် ကိုယ့်ဒေသန္တရာအဖွဲ့ဖြစ်တာ ပြဿနာမရှိဘူးလို့ CNF က ပြောခဲ့တယ်။ လွှတ်တော်အမတ်တွေနဲ့ CNF က ဖွဲ့စည်းမှုအပေါ် မဆုံးဖြတ်သင့်ဘူးလို့ ကျနော်တို့က ပြောပါတယ်။ ဒီကိစ္စကို ပြည်သူကို တင်ပြပြီး ဆုံးဖြတ်ခိုင်းဖို့ပေါ့။
FRONTIER-ချင်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုဖို့ CNF က ကြိုးစားသွားမှာကို မျိုးဆက်သစ် လက်နက်ကိုင်အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။?
Dr.Sui Khar -CNF ဟာ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုသာဖြစ်တယ်။ တော်လှန်ရေးပြီးရင် CNF ကို လုံးဝဖျက်သိမ်းပစ်မယ်။ နိုင်ငံရေးပါတီတစ်ခု စတင်လိုသူတိုင်း CNF အမည်ကို အသုံးပြုလို့မရဘူး။အဖွဲ့အစည်းအသစ်တစ်ခုနဲ့စတင်ရမယ်။
FRONTIER-အခုချင်းညီနောင်အဖွဲ့က မကြာသေးမီက စစ်ရေးအရ အောင်မြင်ခဲ့ပြီး မြို့အများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။ ခင်များကို စစ်ရေးအကူအညီပေးမယ်ဆိုရင် ကြိုဆိုမှာလား?
Dr.Sui Khar -စစ်ရေးဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိပါတယ် ၊စစ်ရေးအတွက်နဲ့ပဲ AA ကိုမခေါ်လာနဲ့ ။ AAရဲ့ လှို့ဝှက်နိုင်ငံရေးအစီအစဉ်က စစ်ရေးထက်ပိုပြီးကြီးမားတဲ့ ရခိုင်ပြည်ကိုဖန်တီးဖို့ဖြစ်တယ်ဆိုပြီးသူတို့ကို အမြဲသတိပေးတယ်။ပလက်ဝကို အခု ပွင့်ပွင့်လင်းလင်း တောင်းလာကြပါတယ်။ ဒါက အဆင်ပြေတယ်လို့ ခံစားရသလား၊ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက မတူပီမြို့ကို သိမ်းပိုက်တုန်းက AA ရဲ့အကူအညီရယူတာဟာ နောက်ကွယ်မှာ ဘယ်လိုနိုင်ငံရေးကစားကွက်ရှိသလဲ
FRONTIER-ချင်းညီနောင်အဖွဲ့နဲ့စည်းလုံးညီညွတ်ဖို့ ဘယ်လိုအစီအစဉ်ရှိလဲ။?
Dr.Sui Khar – တတိယအဖွဲ့အစည်း အများအပြားက ကျွန်တော်တို့ကို ပေါင်းစည်းဖို့ ကြိုးစားေပးခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် နဲ့ တခြားလူတွေပေါ့။ ကျွန်တော်တို့က ညီညွတ်ရေးကို လိုချင်ပါတယ်။CMI (ဖင်လန်ပဋိပက္ခညှိနှိုင်းရေး NGO)က ပဋိပက္ခဖြေရှင်းရေးမှာ အမှန်တကယ် ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ သူတို့က စနစ်တကျ ချဉ်းကပ်ကြတယ်။ အခုချိန်ထိတော့ နှစ်ဖက်စလုံးကဆွေးနွေးနေကြပါပြီ။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ၂ ဖက်စလုံးကို မျက်နှာချင်းဆိုင်စကားပြောခိုင်းတုန်းက CNF ဌာနချုပ်မှာ အလုပ်ရှုပ်နေပြီး ကျွန်တော်မတက်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် နားထောင်လိုက်တဲ့အခါ အချင်းချင်း အရှက်ခွဲပြီး အပြစ်တင်နေကြတယ် ၊ ဒါမျိုးဆိုရင် အကြိမ်ပေါင်း ၁၀၀၀ တွေ့လည်း အဖြေရမှာမဟုတ်ပါဘူး။
