Headlines

ဖလမ်းချင်းစကားကနေ အင်္ဂလိပ် ၊ အင်္ဂလိပ်ကနေ ဖလမ်းချင်း ဘာသာပြန်တာတွေကို Website နဲ့ Facebook Messenger မှာလုပ်လို့ရပြီလို့သိရ

ဖေဖော်ဝါရီလ ၂၀ ရက်။

ချင်းဘာသာစကား၁ခုဖြစ်တဲ့ ဖလမ်းချင်းဘာသာစကား ကနေ အင်္ဂလိပ်ဘာသာစကား ဘာသာပြန်တာတွေကို Website နဲ့ Facebook Messenger တို့ကနေ အသုံးပြုလို့ရပြီလို့ ဖလမ်း/အင်္ဂလိပ်တို့ကို ဘာသာပြန်လုပ်လို့ရအောင် တီထွင်လုပ်ဆောင်ခဲ့တဲ့ Salai Nung Lian Sum ကပြောပါတယ်။

ဖလမ်း၊ အင်္ဂလိပ် ဘာသာပြန်နည်းပညာကို တီထွင်လုပ်ဆောင်သူ Nung Lian Sum က “ဖလမ်းဘာသာစကား ကနေ အင်္ဂလိပ်ဘာသာစကား ၊ အင်္ဂလိပ်ဘာသာစကား ကနေ ဖလမ်းဘာသာစကား ဘာသာပြန်လို့ ရပါတယ် လက်ရှိ Website နဲ့ facebook Page မက်ဆင်ဂျာကနေ အသုံးပြုလို့ရပါတယ်။ အစောပိုင်းထုတ်တဲ့ ဗားရှင်းဆိုတော့ တစ်ခါ ရိုက်ရင် စာလုံး ၅၀ ကန့်သက်လုပ်ထားပါတယ် နောက်အဆင့်မြှင့်မှသာ စာကြောင်းရှည်ရပါမယ် ဒီဟာကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ လုပ်ငန်း Project စခဲ့တာဖြစ်တယ် Parallel language pairs Data အရမ်းနဲနေတယ် Data များအောင် လူကိုယ်တိုင် ဘာသာပြန်အရင်လုပ်ရတယ် အဲဒါတွေကြောင့် Project ကအရမ်းကြာသွားတာပါ” လို့ Chin World Media ကိုပြောပါတယ်။

ဖလမ်းဘာသာစကား ကနေ အင်္ဂလိပ်ဘာသာစကား ၊ အင်္ဂလိပ်ဘာသာစကား ကနေ ဖလမ်းဘာသာစကားကို အဓိပ္ပာယ်ဘာသာပြန်ချင်တာတွေကို www.chintranslator.com Website ကနေ ဘာသာပြန် လို့ရသလို Chin Translator ဆိုတဲ့ facebook page Messenger

https://www.facebook.com/chinAITranslator

တို့ကနေလည်း ဘာသာပြန်ကို အသုံးပြုလို့ ရပြီလို့ သိရပါတယ်။

ပိုမိုကောင်းမွန်ပြီး အရည်အသွေးရှိတဲ့ စာကြောင်းရှည်တွေ ဘာသာပြန်လို့ရတဲ့ အနေအထားရအောင်လည်း ထပ်ကြိုးစားနေတယ်လို့ ဖလမ်း၊ အင်္ဂလိပ်တို့ကို ဘာသာပြန်လုပ်လို့ရအောင် တီထွင်လုပ်ဆောင်ခဲ့တဲ့ Salai Nung Lian Sum ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *