
ဖေဖော်ဝါရီလ ၁၇ ရက်။
ချင်းပန်းချီဆရာတွေထဲက Artist Moe Yin Lushai Hills နဲ့ Artist Pu ZoZam တို့ပါ၀င်တဲ့ ပထမမျိုးဆက်ပန်းချီဆရာတွေနဲ့ လက်ရှိမျိုးဆက်သစ် ပန်းချီဆရာတွေ စုပေါင်းကာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့ကစလို့ ၅ ရက်အကြာ ပန်းချီပြပွဲ (Inn Lam Art Exhibition) ကိုရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က Izana Gallery မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီပန်းချီပြပွဲမှာပါ၀င်တဲ့ ချင်းလူငယ်ပန်းချီဆရာ ဆလိုင်းနံရံက “ချင်းလူမျိုးပန်းချီဆွဲတဲ့ မျိုးဆက်တွေ အတူပြပွဲလုပ်တဲ့သဘောပါပဲ ပန်းချီဆရာတွေကတော့ လက်လှမ်းမှီသလောက်ပဲလုပ်နိုင်သေးတယ်။ ချင်းပန်းချီဆရာတွေ မစုံသေးဘူး နယ်ဝေးရောက်နေသူတွေ၊ နိုင်ငံခြားရာက်နေသူတွေကိုတော့ လက်လှမ်းမမှီတာတွေရှိတယ်။ Native Chin Art Circle – NCAC အနေနဲ့ လက်လှမ်းမှီသလောက် စုပြီးပြပွဲလုပ်တာပါ နေ့ကိုတော့ ချင်းနဲ့ပတ်သက်တဲ့နေစွဲ ချင်းအမျိုးသားနေ့အပါ ၅ ရက်လုပ်လိုက်တာပေါ့” လို့ပြောပါတယ်။

Inn Lam Art Exhibition ပန်းချီပြပွဲဟာ Native Chin Art Circle – NCAC ကနေ ဦးစီးကျင်းပတဲ့ ဒုတိယမြောက်ပန်းချီပြပွဲဖြစ်ပြီး လာမယ့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစလို့ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ချင်းပန်းချီရေးသူထဲက ပထမမျိုးဆက်လို့ပြောလို့ရမယ့် Artist Moe Yin Lushai Hills နဲ့ Artist Pu ZoZam တို့ကနေစပြီး လက်ရှိမျိုးဆက်သစ် ပန်းချီရေးသူတွေအထိ အတူအတကွပါဝင် ပြသမယ့် ပန်းချီပြပွဲကြီးလို့လည်း သိရပါတယ်။
အနုပညာချစ်မြတ်နိုးသူတွေအနေနဲ့လည်း Inn Lam Exhibirtion ကိုလာရောက်ပြီး အားပေးခံစားကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။