Headlines

ဒေသန္တအစိုးရများ အားကောင်းရေးမှ ချင်းပြည် (Chinland) အစိုးရ အားကောင်းရေးတည်ဆောက်မယ်လို့ ချင်းပြည် (Chinland)ကောင်စီ ထုတ်ပြန်

ဖေဖော်ဝါရီလ ၂ ရက်။

ဒေသန္တအစိုးရများ အားကောင်းရေးမှ ချင်းပြည် (Chinland) အစိုးရ အားကောင်းရေး၊ချင်းပြည် (Chinland)အစိုးရအားကောင်းရေးမှသည် ပြည်ထောင်စု အစိုးရအားကောင်းရေး မူနဲ့အညီ ဖက်ဒရယ််ဒီမိုကရေစီ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်သွားမယ်လို့ ချင်းပြည် (Chinland)ကောင်စီ ပထမသက်တမ်း၊ အတုတ္ထအကြိမ်ကောင်စီ အစည်အဝေးကို ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင် အဆက်ဆက်က ဖန်တီးပေးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်အစား ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃)ကို ရေးဆွဲအတည်ပြုပြဌာန်းလျက် ချင်းပြည် (Chinland) အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ကျင့်သုံးနိုင်ရေးအတွက် ချင်းပြည် (Chinland) ကောင်စီ၏ မူဝါဒနဲ့အညီ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ချင်းပြည် (Chinland) ကောင်စီက ထုတ်ပြန်ထားပါတယ်။

ချင်းပြည် (Chinland)ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်ကွပ်ကဲမှုနဲ့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ (၁၉) ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ချင်းပြည် (Chinland) အစိုးရတပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်အတွင်းရှိ မြို့ (၇) မြို့နဲ့ အခြားစခန်းငယ်တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်နဲ့အညီ ချင်းပြည် (Chinland)အတွင်း ကျန်ရှိနေသေးတဲ့ အကြမ်းဖက်စစ်ကောင်စီ စခန်းတွေကို အပြီးတိုင်သိမ်းပို်က်နိုင်ရေး ပြည်ထောင်စုတစ်ဝှမ်းလုံး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာလို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည် (Chinland) တည်ဆောက်ရေး ချင်းအမျိုးသားစုစည်းညီညွှတ်ရေး ချင်းပြည် (Chinland) အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ကျင့်သုံးနိုင်ရေးနဲ့ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနဲ့ ချင်းပြည် (Chinland) ကောင်စီ မဏိုင် (၃) ရပ် အားကောင်းစွာ လည်ပက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးကြတဲ့ ပြည်တွင်းပြည်ပရှိ ချင်းပြည်သူများ အရပ်ဖက်အဖွဲ့အစည်းများနဲ့ မဟာမိတ်အဖွဲ့အစည်းများ နိုင်ငံတကာ အစိုးရများအား အထူးကျေးဇူးတင်ကြောင်း ပြည်သူ့တော်လှန်ရေးမှာ အသက်ပေးလှူခဲ့ကြတဲ့ သူရဲကောင်းတွေကို ဦးညွတ်ဂါရဝပြုကြောင်း ကိုယ်လက်အင်္ဂါစွန့်လွတ်ပေးဆပ် သူတွေကို အထူးလေးစားဂုဏ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည် (Chinland)ကောင်စီ ပထမသက်တမ်း၊ အတုတ္ထအကြိမ်ကောင်စီ အစည်အဝေးကို ဇန်နဝါရီလ ၂၉ ရက်နေ့က ၃၁ ရက်နေ့အထိ (၃) ရက်တာကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်တွေ ချင်းအမျိုးသားတပ်ဦး (CNF) အစုအဖွဲ့မှ ကိုယ်စားလှယ်တွေ မြို့နယ်နဲ့ ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ်တွေ ၁၀၃ ဦး နဲ့ လေ့လာသူ ၁၅ ဦး တက်ရောက်ခဲ့တယ်လို့လည်း ချင်းပြည် (Chinland)ကောင်စီ က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *