
ဖေဖော်ဝါရီလ ၁၆ ရက်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့လည်ပိုင်းက တွန်းဇံမြို့နယ် တွီးခိန်းရွာမှာ Zomi Revolutionary Army -Eastern Command(ZRA-EC)တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ပြီး တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာ တချို့မှာဝင်ထွက်သွားလာမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ ဒေသခံပြည်သူများကို အသိပေးခဲ့တယ် လို့ ဒေသခံများထံမှ သိရှိရပါတယ်။
ZRA-EC က အများပြည်သူ ဝင်ထွက်သွားလာဖို့ပိတ်ပင်တဲ့ကျေးရွာတွေ ထဲမှာတော့ Thalmual, Phaiza, Buanli, Dampi, Tuisanzang, Bukphil, Ngente, Darkhai, Tauleng, Ngalbual ရွာတွေ ပါဝင်ပြီး ယင်း ကျေးရွာတွေရဲ့ နယ်မြေကို မည်သည့် အရေးကြီး အကြောင်း ကိစ္စ ကြောင့်မှ ဖြတ်သန်း သွားလာခြင်း မပြုရန် နှင့် အသိပေးချက်ကို လစ်လျူရှုပြီး သွားလာမှုများ ပြုလုပ်ရင်း တစုံတခု ဖြစ်ပွားခဲ့ပါက မိမိတို့မှ တာဝန်ယူမည် မဟုတ်ကြောင်းအသိပေးခဲ့တယ်လို့ လည်း သိရပါတယ်။
လတ်တလော ဖေဖော်ဝါရီလအတွင်းမှာတီးတိန်နဲ့တွန်းဇန်မြို့နယ်မှာ ZRA နဲ့တခြားလက်နက်ကိုင်တပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာZRA-EC မှ တီးတိန်မြို့နယ် ဖိုင်းဇား (Phaiza) ရွာ နှင့် ထာလ်မွာလ် (Thalmual) ရွာသစ် ကြားရှိ Chinland Council အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ PDA တပ်ဖွဲ့ရဲ့ကင်းစခန်း တစ်ခုကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။