ဖေဖော်ဝါရီလ ၃ ရက်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၇ ခွဲ ခန့်မှာ ချင်းပြည်နယ်၊တီးတိန်မြို့နယ် တွီးထန်ရွာ နှင့် မဏိပူရမြစ်ကြား (Philtun တံတား) တစ်နေရာမှာ တီးတိန်မြို့ကို ဦးတည် မောင်းနှင်လာတဲ့ ဂျစ်ကား ၁ စီး လမ်းအောက် ချောက်ထဲသို့ ကျသွားပြီး ကားပေါ် ပါလာတဲ့ လူ ၂ ဦး သေဆုံး သွားခဲ့ကာ ၁ ဦး မှာ ဒဏ်ရာ အပြင်းအထန် ရရှိပြီး တီးတိန် ပြည်သူ့ ဆေးရုံတွင် ပို့ဆောင် ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။
“ကားပေါ်မှာ လူ သုံးယောက် ပါလာတာ။ တွီးထန် ရွာကနေ ည ၇ နာရီ လောက် ထွက်ပြီး မြစ်ဘက်ကို ဆင်းသွားတာ။ ကားက လမ်းချော်ပြီး လမ်းအောက် ချောက် ထဲ ကျသွားတယ်။ ဖြစ်တဲ့ အချိန် အတိအကျ မသိရ ဘူး။ နောက်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ က တနင်္ဂနွေနေ့ ဖြစ်တော့ လူ အသွားအလာ မရှိတော့ မနက် ၁၀ ခွဲ လောက်မှ ပဲ သိရတယ်” လို့ ဒေသခံ တစ်ဦးက ဖြစ်စဉ်ကို ပြောပြခဲ့ ပါတယ်။
ကနဦး ကယ်ဆယ်ရေးကို ဖေဖော်ဝါရီလ ၂ နေ့လည် ၁ နာရီခန့်မှာ ZYA Tuithang မှ ဆောင်ရွက် ပေးခဲ့ပြီး ဒဏ်ရာရသူကို လည်း တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ် လို့ သိခဲ့ရပါတယ်။
မတော်တဆ ဖြစ်ပြီ အနည်းဆုံး ၁၄ နာရီကျော်မှ သိရှိခဲ့ရပြီး တနင်္ဂနွေနေ့ ဖြစ်ခြင်းကြောင့် ဘုရားကျောင်း တက်ဖို့ အတွက် ခရီးသွားသူ၊ အပြင်ထွက်သူ နည်းပါးခြင်းကြောင့် အခုလို အသိ နောက်ကျ ရခြင်း ဖြစ်နိုင်တယ် လို့လည်း ဒေသခံတစ်ဦး က ပြောပါတယ်။