Headlines

တတိယနိုင်ငံသို့ ထွက်ခွာတော့မည်ဟူသောမျှော်လင့်ချက်ဖြင့် အလုပ်မှထွက်ခြင်း၊ သင့်ကလေးများကိုကျောင်းမှ အနားပေးခြင်း၊သင့်ပစ္စည်းများ‌ရောင်းခြင်း စသည့်အပြောင်းအလဲများမပြုလုပ်ရန် UNHCR မှ အရေးကြီးသတိပေး

*************************************

အမေရိကန်အစိုးရမှ ဒုက္ခသည်များလက်ခံခြင်းအစီစဥ်(USRAP)ကို ဆိုင်းငံ့ထားကြောင်းတရားဝင်ကြေညာ ခဲ့သည့်အားလျှော်စွာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) အနေဖြင့်လည်း ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ပို့ဆောင်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရ၏ညွန်ကြားချက်များကိုသာစောင့်ဆိုင်းနေလျှက်ရှိပါသည်။

ဤဆိုင့်ငံ့ခြင်းအမိန့်သည် မိသားစုခေါ်ယူခြင်းနှင့် WelcomeCorps အစီစဥ်များကို လည်းအကျိုး သက်ရောက်စေပါသည်။ ထို့ကြောင့် ဤစောင့်ဆိုင်းခြင်းကာလများအတွင်း သင့်အနေဖြင့် တတိယနိုင်ငံသို့ ထွက်ခွာတော့မည်ဟူသောမျှော်လင့်ချက်ဖြင့် အလုပ်မှထွက်ခြင်း၊ သင့်ကလေးများကိုကျောင်းမှ အနားပေးခြင်း၊သင့်ပစ္စည်းများ‌ရောင်းခြင်း စသည့်အပြောင်းအလဲများမပြုလုပ်ရန်အသိပေးအပ်ပါသည်။

ထို့အပြင်ဤကာလအတွင်း လိမ်လည်မှုများစွာရှိနိုင်သည်ကိုလည်းသတိထားရန်အကြံ ပြုအပ်ပါကြောင်းအသိပေးအပ်ပါသည်။

နိုင်ငံခြားသွားနိုင်ရန်ကူညီပေးနိုင်သည်၊အမြန်သွားရမည်ဟုပြောဆိုပြီးလိမ်လည်ခြင်းများကိုအယုံကြည်မရှိရန်အထူးသတိပေးအပ်ပါသည်။နိုင်ငံခြားသွားရန်ကူညီပေးမည်ဟုမဟုတ်မမှန် ကတိပေးသူမည်သူကိုမျှပိုက်ဆံမပေးမိရန်အသိပေးအပ်ပါသည်။သင့် ဒုက္ခသည်အမှုတွဲဖိုင် ပိုမိုလျှင်မြန်စေမည်ဟုဆိုကာ ပိုက်ဆံတောင်းသူများကိုလည်းအယုံကြည်မရှိရန်သတိပေးအပ်ပါသည်၊ ထိုကဲ့သို့ပြောဆိုလိမ်လည်သူများကိုသိရှိပါကအောက်ပါအတိုင်း တိုင်ကြားကြရန်တိုက်တွန်းအပ်ပါသည် –

• လိမ်လည်မှုတိုက်ဖျတ်ရေးရဲဌာန (CCID Scam Response Centre) – 03-26101559 or 03-26101599.

• UNHCR ဖောင်ကိုဖြည်ပြီး – ဖောင် Contact – Refugee Malaysia.

• ဤကဲ့သို့ USRAP ဆိုင်းငံ့ခြင်းအမိန့်သည် ဒုက္ခသည်အားလုံးအတွက်ဖြစ်သည့်အတွက် မလေးရှားမှတတိယနိုင်ငံသို့ အမြန်ထွက်ခွာရန်ကူညီနိုင်သည်ဟူသောပြောဆိုမှုများလုံးဝအယုံကြည်မရှိရန်နှင့် ထိုကဲ့သို့သတင်းများသိရှိပါက UNHCR သို့ဦးစွာတိုင်ပင်အသိပေးရန်တိုက်တွန်းအပ်ပါသည်။

• USRAP အစီစဥ်ကို သင့်စပွန်ဆာမှ ခေါ်ယူခြင်းဖြစ်ခဲ့သော်လည်း သင်လျှင်မြန်စွာထွက်ခွာရန် သင့် စပွန်ဆာလည်း လုပ်ဆောင်နိုင်ခြင်းမရှိကြောင်းကိုသတိထားစေလိုပါသည်။

• အမေရိကန်အစိုးရ (သို့) UNHCR ၊ IOM or RSC တာဝန်ရှိများထံမှတရားဝင် ဆက်သွယ်လာခြင်းမဟုတ်ပါက သင်တတိယနိုင်ငံထွက်ခွာမည့် အခြေနေနှင့်ပတ်သက်ပြီး မည်သည့် စာကိုမျှယုံကြည်ခြင်းမရှိရန်အသိပေးအပ်ပါသည်။ ထိုကဲ့သို့စာများရောက်ရှိလာပြီး သံသယရှိမည့်ပါက တိုင်ကြားရန် – Contact – Refugee Malaysia.

• အပြောင်းလဲများရှိလာပါက UNHCR အနေဖြင့် Refugee Malaysia website ဝဘ်ဆိုဒ် မှပြန်လည်အသိပေးကြေညာပေးသွားမည်ဖြစ်ပါသည်။

ACR info

Leave a Reply

Your email address will not be published. Required fields are marked *