
ဖေဖော်ဝါရီလ ၁၈ ရက်။
စစ်မှုထမ်း အပတ်စဉ် ၁၀ သင်တန်းတွေကို တိုင်းစစ်ဌာနချုပ် ၆ ခုမှာ မနေ့ ဖေဖော်ဝါရီ (၁၇) ရက်မှာ စတင်ဖွင့်လှစ်တဲ့အကြောင်း စစ် ကောင်စီကသတင်း ဖော်ပြပါတယ်။ စစ်မှုထမ်းအပတ်စဉ် တစ်ခုကို အသက် ၁၈ နှစ်က နေ အသက် ၃၅ နှစ်အကြားက အမျိုးသား လူဦးရေအယောက် (၅၀၀၀) ခေါ်ယူမယ်လို့ သတ်မှတ်ထားတာ ကြောင့် အခုစစ်မှုထမ်းအပတ်စဉ် ၁၀ သင်တန်းဖွင့်လှစ်ပြီဖြစ်လို့ စစ်ကောင်စီတပ်က မြန်မာနိုင်ငံတဝန်းက လူငယ်၊လူရွယ်အမျိုးသား ၅ သောင်းကို စစ်မှုထမ်းဖို့အတွက် စုဆောင်းထားပြီးပြီလို့ယူဆလို့ရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကနေ စစ်မှုထမ်းဥပဒေကို အာဏာသိမ်း စစ် ကောင်စီက ပြဌာန်းခဲ့တာဖြစ်ပါတယ်။
နိုင်ငံအဝန်းစစ်မျက်နှာများစွာဖွင့်တိုက် နေရလို့ စစ်သားလိုအပ် နေတဲ့ စစ်ကောင်စီဟာ၂၀၂၄ ခုနှစ် မတ်လကုန်ကနေ စတင်ပြီး စစ်မှုထမ်းအပတ်စဉ်သင်တန်းတွေကို ယခုအချိန်အထိ လစဉ်နီးပါး ဆက်တိုက်ဖွင့်လှစ်ခဲ့ကာ စစ်မှုထမ်းအပတ်စဉ် (၆) ခေါ်ယူချိန်ကစပြီး နိုင်ငံအနှံမှာ ဆင်းရဲနွမ်းပါးတဲ့လူငယ်များကိုပစ်မှတ်ထားဖမ်းဆီးစုဆောင်းခဲ့တဲ့သတင်းတွေ၊တိုင်းနဲ့ ပြည်နယ် တချိုမှာ စစ်သား စုဆောင်းမှုတွေအတွက် ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေက ရပ်ရွာထဲမှာ ငွေ ကြေး ကောက်ခံတာ တွေ၊ လူငယ် တွေကို ဖိအားပေးမှုတွေလုပ်နေတဲ့သတင်းများစွာဆက်တိုက်ထွက်ခဲ့ပါတယ်။

