Headlines

စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့်  မြန်မာနိုင်ငံတဝန်း ဇန်နဝါရီလအတွင်း အမျိုးသမီး ၈၆ ဦး သေဆုံးကာ၊ အမျိုးသမီး ၇၇ ဦး ဒဏ်ရာရ

 ဖေဖော်ဝါရီ ၈ ရက်။

စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့်  မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၈၆ ဦး သေဆုံးကာ၊အမျိုးသမီး ၇၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ် ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၃ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် တစ်ဦး စုစုပေါင်း  အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့တယ်လို့ BWU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ရတဲ့အထဲမှာ ရခိုင်ပြည်နယ်က ၃၉ ဦး၊ ရှမ်းပြည်နယ်က ၁၁ ဦး၊ စစ်ကိုင်းတိုင်းက ၁၀ ဦး၊ မန္တလေးတိုင်းက ခုနစ်ဦး၊ မကွေးတိုင်းက ငါးဦး၊ ကချင်ပြည်နယ်က လေးဦး၊ ကရင်နီပြည်က လေးဦး၊ ကရင်ပြည်နယ်က နှစ်ဦး၊ ပဲခူးတိုင်းက နှစ်ဦးနဲ့ မွန်ပြည်နယ်က နှစ်ဦးတို့ ဖြစ် ကြောင်း BWU ကထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့အမျိုးသမီး ၇၇ ဦးထဲမှာ  စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၂ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၃၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၃ ဦးနဲ့ အကြောင်းမဲ့ ရိုက်နှက်မှုကြောင့် ၁ ဦးတို့ ဖြစ် ကြောင်း၊

ဒီအချက်အလက်တွေဟာ စစ်ကောင်စီရဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်နေတဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို နေ့စဉ်ဖော်ပြနေတဲ့ သတင်းမီဒီယာတွေနဲ့ မြေပြင်ကနေ ကောက်ယူမှတ်တမ်းတင်ထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ BWU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်အထိ အမျိုးသမီး ၁၄၀၉ ဦး သေဆုံးခဲ့တယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ ဖေဖော်ဝါရီလ ၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။  

ပုံ- ၂၀၂၄ ခုနှစ် ၊ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်၂ နာရီအချိန်မှာ ဟားခါးမြို့နယ်၊ချွန်ကျုံးရွာကို  စစ်ကောင်စီတပ်ကတိုက်လေယာဉ်နှင့် ဗုံးကြဲခဲ့ပြီး အရပ်သား နေအိမ်ပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့ကာ ဆယ်ကျော်သက်ကလေးတစ်ဦး၊ မိခင်၊ အဘိုးနှင့်အဘွား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *