Headlines

ချင်းအမျိုးသားနေ့သမိုင်း နေ့ရက်အမှားများဖြေရှင်းခြင်း

++++++++++++++++++++++++++++++++++++
Salai Van Cung Lian (UK)
ချင်းအမျိုးသားနေ့သမိုင်းအကြောင်းပြောကြားရာတွင် ကန်ပက်လက်အရေးခင်း (ဒါဘာပွဲ)ဟာ ၁၉၃၈ဟုလည်းကောင်း၊ ၁၉၃၉ဟုလည်းကောင်း၊ ၁၉၄၀ဟုလည်းကောင်း ခုနှစ်များ ကွဲလွှဲနေသည်ကို သတိထားကြမည်ထင်ပါသည်။ တက်လာသည့်လူဦးရေသည်လည်း ၃၀၀၀၊ ၂၀၀၀၊ ၁၀၀၀ စသည်ဖြင့် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုပုံမတူညီကြပေ။ နောက်ပြီး ဦးဝမ္မသူးမောင်းနှင့် ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (ခ.မ.ည.ဖ) အဖွဲ့ဝင် ၉ ဦးကိုလည်း ၁၉၃၉ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အစရှိသဖြင့် ကွဲလွဲနေကြသည်။


ဤအကြောင်းအား စုံးစမ်းနိုင်ရန်အတွက် လန်ဒန်မြို့ရှိ The British Library နှင့် ရန်ကုန်မြို့ရှိ အမျိုးသားမော်ကွန်းဌာန များသို့ သွားရောက်လေ့လာခဲ့ပါသည်။ မိမိသည် ဗြိတိသျှတို့ရေးသားထားသော အစီရင်ခံစာ များသည်သက်သေအခိုင်လုံဆုံးဖြစ်သည်ဟု ယုံကြည်မိပါသည်။


ကန်ပက်လက်ဒါဘာပွဲအကြောင်းနှင့်ပက်သက်ပြီး ထိုအချိန်ကမကွေးတိုင်းဝန်တော်ရှင်မင်း Mr.McCraken ၏အစီရင်ခံစာ (NAD: IAO-6110 pg. 80–88) တွင် ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည် (ပုံ (၁-၅) ကြည့်ပါရန်)။ ဤအစီရင်ခံစာတွင်မူ ကန်ပက်လက်သပိတ်မှာမူ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ဖြစ်ကြောင်း၊ တက်ရောက်သူလူဦးရေမှာလည်း (NAD: IAO-6110 pg. 13-15) တွင် တက်ရောက်သူ ၁၀၀၀-၁၅၀၀ ရှိုပြီး ချင်းတောင်ခရိုင်မှူးမှ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့၏ တောင်းဆိုချက် များကို မလိုက်လျှောနိုင်ကြောင်း ကြေငြာသည်ကို ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော ချင်းအမျိုးသား ၂၀၀-၃၀၀မခံမရပ်နိုင်ဖြစ်ပြီး ရုတ်တရက်ကြွေးကျော်ဆန္ဒပြခဲ့ကြသည် ဟုရေးသားထားသည်ကို တွေ့ရှိရသည်။ (ပုံ (၆) ကြည့်ပါရန်။) မူရင်း အစီရင်ခံစာ (Documents) များအားအောက်ပါလင့်တွင် ကူးယူနိုင်ပါသည်။

NAD: IAO-6110 pg. 80–88 >>> https://www.dropbox.com/…/NAD-Ref-1AO-6112-pg.%2080-89…
NAD: IAO-6110 pg. 13-15 >>>>>>
https://www.dropbox.com/…/NAD-Ref-1AO-06112-pg.-13-15…

ဦးဝမ္မသူးမောင်းနှင့် ခ.မ.ည.ဖ အဖွဲ့ဝင်ဖမ်းဆီးခံရသည့် နေ့ရက်နှင့်ပက်သက်ပြီး (NAD: 1-IAO-00050 pg. 62) တွင် ၁၉၄၀ ခုနှစ်မေလကုန်တွင်ဖြစ်ကြောင်း ရေးသားထားသည်ကိုလည်းတွေ့ရှိနိုင်သည်။ နောက်ပြီး ခ.မ.ည.ဖ အဖွဲ့ဖမ်းဆီးခံရသည့်အကြောင်း ဓာတ်ပုံနှင့်တစ်ကွ ၁၉၄၀ ဧပြီလ ၁၈ ရက်နေ့တွင် ဖြစ်ကြောင်းတွေ့ရှိနိုင်သည်။ တိုးတက်ရေး၊ မြန်မာ့အလင်း နှင့် သူရိယအလင်း သတင်းစာများတွင် ဖော်ပြသည့်အကြောင်းများလည်း ဤအစီရင်ခံစာ (NAD: 1-IAO-00050 pg. 62) တွင်တွေ့ရှိနိုင်သည်။ (ပုံ (၈ နှင့် ၇) ကြည့်ပါရန်။) မူရင်းအစီရင်ခံစာ NAD: 1-IAO-00050 အားအောက်ပါလင့်တွင် ကူးယူနိုင်ပါသည်။


https://www.dropbox.com/s/crtwa2fz2bd8kl5/1-IAO-00050.pdf…
https://www.dropbox.com/…/Tour%20127%20dated%20Mindat…


ကန်ပက်လက်ဒါဘာဟာ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်ဖြစ်ကြောင်းသက်သေပြနိုင်ပြီဆိုရင်
အဖွဲ့ခေါင်းဆောင်များ ၁၉၃၉ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့တွင် ဖမ်းဆီးခံသည့်ကြောင်းအလိုလိုမှားယွင်သွားသည်ဖြစ်သည်။ အာလုံးသိကြတဲ့အတိုင်း ကန်ပက်လက်ဒါဘာပြီးမှ အဖွဲ့ခေါင်းဆောင်များအဖမ်းခံရခြင်းဖြစ်သည်။
မှန်ပါသည်။ သာတိုးမဟာသရေစည်သူ။မော်ကွန်းဝင်ပထမအဆင့်။ချင်းရေး ရာဝန်ကြီးဦးဝမ္မသူးမောင်းကိုယ်တိုင်လက်ရေး ဖြင့်မှတ်တမ်းတင်ရေးသားခဲ့သော မှတ်စုထဲတွင် ကန်ပက်လက် (ဒါဘာပွဲ)မှာ၁၉၃၈ခုနှစ်နိုဝင်ဘာလ(၂၂/၂၃)ဖြစ်ပြီး ၂၄ ရက်နေ့တွင်မင်းတပ်သို့ပြန်ထွက်လာကြောင်းရေးသားထားပါသည်။ ဤမှတ်စုသည် ၁၉၆၄ ခုနှစ်တွင် ပြန်လည်ရေးသားခြင်းဖြစ်သည်။ ဤအခြေအနေတွင်မူ မိမိသည် ဗြိတိသျှမှတ်တမ်းများ နှင့် ဗြိတိသျှဘက်မှ အထောက်အထားများ ပိုမိုခိုင်လုံကြောင်း တင်ပြအပ်ပါသည်။


Salai Van Cung Lian (UK)

Leave a Reply

Your email address will not be published. Required fields are marked *