Headlines

ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် ဘန်ကောက်မှာ ထိုးတဲ့ MMA ပွဲမှာ အနိုင်ရရှိ

ဖေဖော်ဝါရီလ ၂၃ ရက်။

ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ည ၇ နာရီမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Bangkok NFC အားကစားကျောင်းမှာ ကျင်းပခဲ့တဲ့ MMA(ဘက်စုံသုံးကိုယ်ခံပညာ) ပြိုင်ပွဲမှာ ပြိုင်ဘက် ထိုင်းလက်ဝှေ့သမားကို အကြိတ်အနယ်ထိုးသတ်ပြီး ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Bangkok NFC အားကစားကျောင်းမှာ ကျင်းပခဲ့တဲ့ MMA (ဘက်စုံသုံးကိုယ်ခံပညာ) ပြိုင်ပွဲအတွက်လည်း ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)အနေနဲ့ အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်ခဲ့တာလို့သိရပြီး လက်ရှိ ဆလိုင်းဂျွန်မွှတ်ဟာ MMA ပွဲပေါင်း ၃ ပွဲကစားခဲ့ပြီး ၃ ပွဲစလုံးအနိုင်ရတဲ့ ရလဒ်ကောင်းပိုင်ဆိုင်သွားပြီလဲဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဇာတိ ဖြစ်ပြီး အပျော်တမ်းဖိုက်တာဘဝမှာ MMA (၃)ပွဲ၊ မွေထိုင်း ၅ ပွဲ နဲ့ Boxing (၁) ပွဲနဲ့ စုစုပေါင်း ၉ ပွဲထိုးသတ်ထားပြီး မွေထိုင်း ၁ ပွဲကိုသာ အမှတ်နဲ့ ရှုံးနိမ့်ထားကာ ကျန်တဲ့ ၈ ပွဲကိုအနိုင်ရထားကာ ရာနှုန်းပြည့်နီးပါး ရလဒ်ကောင်းပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak)ဟာ MMA (ဘက်စုံသုံးကိုယ်ခံပညာ) လောကမှာ ထိပ်တန်းကစားသမားဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံမှာ ကြိုးစားနေတဲ့ ချင်းလူငယ်တစ်ဦးလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *