Headlines

ICNCC နဲ့ Chinland Council ကို ဒေါ်လာ ၁ သိန်း စီ NUG က ရန်ပုံငွေ ခွဲဝေပေးခဲ့တယ်လို့ သိရ

ဇန်န၀ါရီလ ၂၀ ရက်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB) နဲ့ Chinland Council (CC) တို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က အမေရိကန်ဒေါ်လာ ၁ သိန်းစီ ရန်ပုံငွေ ခွဲဝေပေး ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) က ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေ မျှဝေပေးခြင်းကို အွန်လိုင်းကနေတဆင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) ကထုတ်ပြန်ပါတယ်။

အဲဒီရန်ပုံငွေမျှဝေးပေးအပ်တဲ့ အခမ်းအနားကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင််သန်းနဲ့ ဝန်ကြီးတွေ အပါအဝင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ Chinland Council (CC) က တာဝန်ရှိသူတွေလည်း တက််ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ တက်ရောက်တဲ့ ICNCC အဖွဲ့ဝင်ဘက်က PDF – Zoland ေပြာရေးဆိုခွင့်ရှိသူက “ ဒေါ်လာ ၁ သိန်းဆီ မျှဝေပေးတယ် CB နဲ့ CC အတူတူပဲ ၁ သိန်းစီပေးတာ ဟုတ်ပါတယ်။ ငွေကိုတော့ လက်ခံမရသေးဘူးပေါ့” လို့ Chin World Media ကိုပြောပါတယ်။

ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှာ ချင်းလက်နက်ကိုင် ၆ ဖွဲ့ဖြစ်တဲ့ ချင်းကာကွယ်ရေး – မင်းတပ် (CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland)၊ ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် ( CDF – Kanpalet ) ၊ချင်းကာကွယ်ရေးတပ် – မတူပီ (တပ်မဟာ – ၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ပါဝင်ကာ လက်တွဲဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ချင်းပြည်ကောင်စီ (Chinland Council) မှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/A) ၊ CDF – Matupi တပ်မဟာ (၂)၊ CDF – Lautu ၊ CDF – Tongzang၊ CDF – Hakha ၊ CDF – Thantlang၊ CDF – KKG၊ CDF – Zophei ၊ CDF – CDM SIYIN၊ PDA – Tedim ၊ CDF – Mara၊ CDF – Zanniatram နဲ့ Mindat Council ,CDF-KKG စတဲ့ အဖွဲ့တွေပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *