အိမ်သုံး၊အများပြည်သူအသုံးပြုရန်ကလွဲရင် သစ်သိုလှောင်ခွင့် Chinland Defence Force – Hakha Central Council ပိတ်ပင်

ဇန်နဝါရီလ ၂၁ ရက်။

မိမိသုံး၊ အိမ်သုံး၊ အများပြည်သူအသုံးပြုရန်ကလွဲပြီး တခြားမည်သည့် သစ်မှ သိုလှောင်ခွင့်မရှိကြောင်း အမိန့်စာထုတ်ပြန်တယ်လို့ Chinland Defence Force – Hakha Central Council (CDF-Hakha) က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဗဟိုမြေယာနဲ့ သစ်တောဌာနကို တရားဝင်အကြောင်းကြားခြင်း၊ မှတ်ပုံတင်ခြင်းမရှိတဲ့ သစ်တွေကို ဟားခါးမြို့အတွင်းသို့ ဇန်နဝါရီလ ၂၁ ရက်နေ့ကစလို့ သယ်ယူရောင်းဝယ်ခွင့်အား ပိတ်ပင်လိုက်ပြီး မလိုက်နာပါက မြို့နယ်ဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ်လို့လည်း CDF-Hakha က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးကာလအတွင်း စီးပွားရေး သစ်ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းအား ခွင့်မပြုကြောင်း မြို့နယ်က အမိန့်စာထုတ်ထားပြီးဖြစ်လို့ လိုက်နာခြင်းမရှိဘဲ မိမိသုံး၊ အိမ်သုံး၊ အများပြည်သူသုံးမှ လွဲ၍ အခြားမည်သည့်သစ်မှ သိုလှောင်ခွင့် မရှိကြောင်း အမိန့်စာထုတ်ပြန်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်နဲ့ပက်သက်ပြီး မြို့နယ်မြေယာနဲ့ သစ်တောဥပဒေကို မလိုက်ဘူးဆိုရင် မည်သူမဆို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထပ်လောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

Chinland Defence Force – Hakha Central Council ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း အခြေပြုလှုပ်ရှားတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA )ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *