United States Agency for International Development (USAID)ဟာ မိတ်ဖက်နိုင်ငံများကို နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းမှုများကို ဦးဆောင်တဲ့ အမေရိကန်အစိုးရအေဂျင်စီ ဖြစ်ပါတယ်။
ဇန်နဝါရီလ အတွင်း အမေရိကန်နိုင်ငံရဲ့ အစိုးရတာဝန်လုပ်ငန်းများအတွက် ရီပါပလီကန်ပါတီ ကိုယ်စားပြုပြီးသမ္မတရွေးကောက်ပွဲမှာအနိုင်ရလာခဲ့ကာ သမ္မတဖြစ်လာတဲ့ Donald Trum အနေနဲ့ ရက်ပေါင်း ၉၀အတွင်း အမေရိကန်အနေဲ့ နိုင်ငံတကာအကူအညီပေးပို့မှုတွေအတွက် ဆိုင်းငံ့ပြီးကမ္ဘာတစ်ဝန်း အကူအညီပေးပို့မှုတွေအတွက် ပြန်လည်သုံးသပ်ဖို့ သမ္မတရာထူးလက်ခံတဲ့ နေ့မှာ လက်မှတ်ရေးထိုး ညွှန်ကြားချက်ကို အစိုးရဌာနတွေကို ပေးပို့ပြီး တစ်ကမ္ဘာလုံးသိစေရန် သမ္မတအိမ်ဖြူတော်ကနေ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုရန်ပုံငွေကို ပေးအပ်လျက်ရှိတဲ့အပေါ် အခုလို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်သုံးသပ်တဲ့ အစီအရင်ခံစာတွေကို ပေးပို့ဖို့ညွှန်ကြားထားပါတယ်။
အရှေ့အလယ်ပိုင်း နိုင်ငံတွေအပြင် မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ USAID အနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး သုံးသပ်စာထုတ်ပြန်လာရာမှာ အမေရိကန် – မြန်မာ ဆက်ဆံရေး နဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ မြန်မာပြည်သူလူထုအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ကြိုးပမ်းမှုအတွက် အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ တိုးတက်မှုအချို့ရှိခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းမှု ကနေ မြန်မာနိုင်ငံအတွက် ပြင်းထန်တဲ့ စီးပွားရေး၊ နိုင်ငံရေး နဲ့ လူအခွင့်အရေးဆိုင်ရာတွေမှာ အကျပ်အတည်းကြုံတွေ့လာရပြီး စစ်အာဏာရှင်ရဲ့ ပြည်သူအပေါ် ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းမှုတွေကို လုပ်ဆောင်နေတယ်လို့ USAID ရဲ့တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြပါတယ်။
အမေရိကန်ပြည်သူများအနေနဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကနေ အနှစ်ခြောက်ဆယ်ကျော်ကြာတဲ့ အာဏာရှင်အုပ်ချုပ်မှုကနေ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရဦးဆောင်မှုကို ကူးပြောင်းလာခဲ့တဲ့အပေါ် အသိအမှတ်ပြုခဲ့ကြောင်း၊ သမ္မတဦးသိန်းစိန်လက်ထက်မှာ မြန်မာအစိုးရအနေနဲ့ ကြာရှည်တဲ့ အထီးကျန်နိုင်ငံတစ်နိုင်ငံကို အပြောင်းအရွေ့ကို သိသိသာသာ ကမာ္ကို ချပြခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့တဲ့အပေါ် အသိအမှတ်ပြုတဲ့အပြင် ကလေးစစ်သားများလွှတ်ပေးရေး၊ သတင်းမီဒီယာများရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပိုင်ခွင့် ပိုမိုရရှိလာရေး၊ အစိုးရအဖွဲ့မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့မှုအပါအဝင် ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ကျင်းပပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလည်း ရွေးကောက်ပွဲဝင်ခွင့်ရခဲ့ပြီး လစ်လပ်လွှတ်တော်ကိုယ်စားလှယ်များနေရာရဲ့ ၄၅ နေရာမှာ ၄၃ နေရာ အနိုင်ရရှိခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ဝမ်းမြောက်ကြိုဆို ခဲ့တယ်လို့ဆိုပါတယ်။
၂၀၁၅ ခုနှစ် သမိုင်းဝင် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်နေရာအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်နေရာမှာလည်း အများစု အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်ရဲ့ လွှတ်တော်နေရာမှာ ၂၅ ရာခိုင်နှုန်းပါဝင်တဲ့ စနစ်အပေါ် မြန်မာနိုင်ငံရဲ့ဖွဲ့စည်းအပုံအခြေခံဥပဒေပြသနာရှိခဲ့သည့်တိုင် ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ရိုဟင်ဂျာ တိုင်းရင်းသားများရဲ့ ရွေးကောက်ပွဲဝင်ခွင့်များအတွက်ပါအသိအမှတ်ပြုခဲ့ပေမယ့် မြန်မာစစ်အစိုးရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေများရဲ့ ကန့်သတ်မှုများကို ကိုယ်စားလှယ်လောင်းအရည်အချင်းပြည့်မီမှုမှာ အခက်အခဲရှိပေမယ့် ၎င်းတို့ရဲ့ ပါဝင်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုအပေါ် အမေရိကန်အစိုးရအနေနဲ့ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၆ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်ရေးအကြမ်းဖက်မှုပိုမိုဆိုးရွားလာပြီး ၂၀၁၇ ခုနှစ်မှာ လူပေါင်း ၇၄၀၀၀၀ ကျော်စစ်ဘေးရှောင်ရတဲ့ ရှင်းလင်းရေးစစ်ဆင်ရေးအပေါ်လည်းဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလကစတင်ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူမျိုးတစ်ခုအား မျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကိုပါ ထည့်သွင်းဆွေးနွေးပြီး အဆိုပါဖြစ်ရပ်များကို တားဆီးကာကွယ်ပေးဖို့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အက်ဥပဒေ ပုဒ်မ ၇၀၃၁(ဂ) မှာရေးသားပြဌာန်းခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါဥပဒေကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်တပ်အနေနဲ့ ၂၀၂၁ ခုနစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီကို ဖြုတ်ချပြီး ပါတီရဲ့တာဝန်ရှိသူတွေကို ထိန်းသိမ်းဖမ်းစီးခဲ့မှုများကို မိမိတို့အနေနဲ့ မှတ်တမ်းတင်ထားတယ်လို့ USAID ကရေးသားပါတယ်။
“မြန်မာစစ်တပ်အနေနဲ့ အရေးပေါ်အခြေအနေလို့ ကြေညာပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်လုပ်ဆောင်တာဖြစ်တယ်လို့ ပြောဆိုကာ ဒီမိုကရေစီအင်အားစုများကို စွပ်စွဲပြစ်တင်မှုကိုလည်း အမေရိကန်အစိုးရအနေနဲ့ မှတ်တမ်းရရှိ သိမ်းဆည်းထားပါတယ်။ အဲဒီအပြင် အာဏာရှင်အစိုးရရဲ့ လုပ်ရပ်အပေါ် မကျေနပ်၍ တော်လှန်ရေး လုပ်ဆောင်နေကြတဲ့ တော်လှန်ရေးတပ်များကိုလည်း အမေရိကန်အစိုးရအနေနဲ့ အသိအမှတ်ပြုပါတယ်။ မြန်မာစစ်အစိုးရရဲ့ လုပ်ငန်းအပေါ် CDM လုပ်တဲ့ ဝန်ထမ်းအများအပြားရှိနေခြင်း၊ ဘဏ်လုပ်ငန်းနဲ့ အခြားနိုင်ငံတကာနဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းများကိုလည်း CIA ကမှတ်တမ်းတင်ပြီး အစိုးရအဖွဲ့ကို တင်ပြထားပြီးဖြစ်တယ်” လို့ USAID ကရေးသားဖော်ပြပါတယ်။
USAID အနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးဖို့ ရန်ကျန်ရှိနေတဲ့ ငွေပမာဏကိုလည်း တိုက်ရိုက်ပေးအပ်လျက်ရှိပေမယ့် သမ္မတရဲ့ နိုင်ငံတကာအကူအညီပေးပို့မှုရပ်ဆိုင်ရေး ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်ရမယ့်စီမံချက် အစီအရင်ခံစာထွက်လာပြီးလျှင် အချို့နိုင်ငံများအတွက် ကူညီထောက်ပံ့ပေးမှုတွေကို ဖျက်သိမ်းရမယ့် အနေအထားဖြစ်တယ်လို့ USAID ကဖော်ပြပါတယ်။ အဆိုပါ ရက်ပေါင်း ၉၀ အတွင်း ပေးအပ်ရမယ့် နိုင်ငံတကာအကူအညီတွေကိုလည်း ယာယီဆိုင်းငံ့ထားရတယ်လို့ ဆိုပါတယ်။
မြန်မာအရေးနဲ့ပတ်သက်ပြီးဆက်လက်ထောက်ပံ့မယ့်အစီအစဉ်ကို သမ္မတ Donal Trump ဆီ သုံးသပ်စာပေးပို့ဖို့USAID က စီစဉ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မြန်မာသံတမန်များ တည်ရှိနေသေးခြင်းနဲ့ အဓိကအားဖြင့် ဝါရှင်တန်ဒီစီမှာ တည်ရှိတဲ့ သံရုံးအနေနဲ့ နိုင်ငံရေးဆွေးနွေးမှု၊ ကုန်သွယ်ရေးမိတ်ဖက်မှုများနဲ့ ယဉ်ကျေးမှုဖလှယ်မှုများမှတစ်ဆင့်နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်နေတယ်လို့ United States Department ကရေးသားဖော်ပြပါတယ်။