Headlines

တီးတိန်မြို့ခံတစ်ဝက်ခန့် မြို့ကိုစွန့်ခွာကြ သော်လည်း ပစ္စည်းသယ်ယူရန် ဝင်ထွက်သွားလာသူ များနေဆဲ ဖြစ်

ဇန်နဝါရီလ ၁၈ ရက်။

မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် လူဦးရေ ၁ သောင်းခွဲခန့်နေထိုင်တဲ့ တီးတိန်မြို့မှာ မြို့နေ လူထု တစ်ဝက်ခန့် မြို့ကို စွန့်ခွါကာစစ်ရှောင်ကြပြီ ဖြစ်သော်လည်း မြို့ခံပြည်သူများအနေဖြင့် ပစ္စည်းများ သယ်ယူရန် ဝင်ထွက် သွားလာသူများနေဆဲဖြစ်ကြောင်း တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိရပါတယ်။

“တီးတိန်မြို့ရဲ့ လမ်းမကြီး ဖြစ်တဲ့ ကမ်းဟောက် လမ်းမ တလျှောက် ဆိုရင် အကုန်လုံး နီးပါး ထွက်ပြေး ပြီ။ မြို့ ရပ်ကွက် မှာရှိတဲ့ ရဲစခန်း၊ တပ်ကုန်း နှင့် နီးတဲ့ ရပ်ကွက်တွေမှာ ဆိုရင် ဘယ်သူမှ မရှိတော့ဘူး။ ပစ္စည်းတွေ ပြန်ယူဖို့ နေအိမ်တွေ ပြန်ကြည့် ဖို့ ပြန်လာ ကြတဲ့ လူတွေလည်း ရှိတယ်။ တချို့က ထွက်ခွာကြသလို၊ တချို့က ပြန်လာနေကြတယ်” တီးတိန်မြို့ခံ တစ်ဦးမှ ပြောပါတယ်။

မြို့ကိုပြန်လာကြသူတွေဟာ အိမ်စောင့်ရန် နှင့် ပစ္စည်းများရွေ့ပြောင်းရန် ဖြစ်ကြပြီး သက်ကြီး ရွယ်အို များနဲ့ ကလေးငယ် များ ကို အရင်ဆုံး တိမ်းရှောင် စေခဲ့ကြတာ မျိုး ဖြစ်တယ် လို့လည်း သိရ ပါတယ်။

“ခြုံပြီး ကြည့်ရရင် အိန္ဒိယ နယ်စပ်ဘက်ရယ်၊ ကလေးမြို့ရယ်၊ နယ်ဘက် ရယ် မှာ တိမ်းရှောင် ကြပါတယ်။ အစိုးရကျောင်း တွေကတော့ ပုံမှန် အတိုင်း တက်နေပါတယ်” လို့ ယင်း မှ ဆက်လက် ပြောကြားခဲ့ ပါတယ်။

လက်ရှိတွင် တီးတိန်မြို့သိမ်း တိုက်ပွဲ နဲ့ ပတ်သက်၍ Chinland Council နှင့် Chin Brotherhood အဖွဲ့တို့အကြား လူမှုကွန်ယက် ပေါ်တွင် အချီအတင် ဖြစ်နေခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့မှတော့ တီးတိန်မြို့နယ် ကောင်စီက ကိုယ့်မြို့ကို PDA-Tedim နဲ့ မဟာမိတ်များမှ သိမ်းမည် ဖြစ်၍ ပြည်သူများ အချိန်မှီ ပြင်ဆင်ရန် ကြေငြာချက်ထုတ် ခဲ့သလို ZFU/PDF Zoland ကလည်း တီးတိန်မြို့ကို မိမိတို့မှ တားမြစ်ထားသည့်ကြားမှ ကျူးကျော် ဝင်ရောက်လာပါက ICNCC/CB နှင့်လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမည်လို့ ထုတ်ပြန် ခဲ့ပါတယ်။

တီးတိန်မြို့နယ်၂၀၂၀ခုနှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ မှလည်း ဇန်နဝါရီလ ၁၇ က်နေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပြီး “ICNCC နှင့် CB မှ မိမိတို့ ဆန္ဒနယ် ဖြစ်သော တီးတိန်မြို့ ကို သိမ်းပိုက်နိုင်ရေးအတွက် ပြင်ဆင်နေမှုကို CNF ဦးဆောင်သည့် PDA အပါအဝင် CC ဘက်တော်သားများမှ နိုင်ငံရေးအရ လက်ဦးမှုရယူကာ စစ်ရေးလှုပ်ရှားကြကြောင်း၊ ယင်းကဲ့သို့ စစ်ရေးလှုပ်ရှားမှုများကို တီးတိန်မြို့နယ်အတွင်းမှ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းသွား‌စေ လိုကြောင်း” ထည့်သွင်းဖော်ပြ ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *