Headlines

ချင်းလူငယ် Joshua Van ဟာ Fury FC ကနေ UFC ကိုရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ Hall of Fame ဆုချီးမြှင့်ခံရ

ဇန်နဝါရီလ ၁၄ ရက်။

လက်ရှိUFC မှာထိုးသတ်နေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ Fury FC ကနေ UFC ကိုရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ Fury FC က Hall of Fame ဆုကို Joshua Van ကိုဇန်နဝါရီလ ၁၃ ရက်နေ့က ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Hall of Fame ဆုကို Flyweight ချန်ပီယံဖြစ်ခဲ့တဲ့ သူတိုင်း မရကြဘဲ။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ Fury FC မှာအပျော်တမ်းပွဲတွေထိုးသတ်ရာကနေ Professional UFC ပြိုင်ပွဲကို ရောက်ရှိသွားတဲ့ တစ်ဦးတည်းသောဖိုက်တာဖြစ်လို့ ဒီလိုဂုဏ်ပြုခံရတာဖြစ်ကြောင်းကိုလည်း သိရပါတယ်။

ဂုဏ်ယူစရာကောင်းတဲ့ ဒီHall of Fame ဆုချီးမြှင့်ပွဲမှာ ချင်းဖိုက်တာ Joshua Van ရဲ့အမေ၊ အမ၊ ညီမ၊ သူငယ်ချင်းတွေလည်း တက်ရောက်ခဲ့တဲ့လို့လည်း သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် UFC ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နီဗာဒါး ပြည်နယ်၊ လက်စ်ဗီးဂက်မြို့ရှိ T – Mobile Arena မှာ ကျင်းပခဲ့တဲ့ UFC ပြိုင်ပွဲ UFC 310 ပွဲမှာ အမေရိကန်ဖိုက်တာ Cody Durden နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး Joshua Van က Cody Durden ကို အမှတ်နဲ့အနိုင်ရခဲ့ကာ UFC Flyweight အဆင့် 14 နေရာမှာ ရပ်တည်ထားသူဖြစ်ပါတယ်။

မြန်မာပရိတ်သတ် အများအပြားကအားပေးနေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ UFC ပွဲပေါင်း ၆ ပွဲအထိထိုးသတ်ခဲ့ပြီဖြစ်ကာ UFC ၆ ပွဲမှာ ၅ ပွဲနိုင်၊၁ ပွဲရှုံးနဲ့ ရလဒ်ကောင်းပိုင်ဆိုင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *