Headlines

မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်မှာ ကုန်းကြောင်း (သို့)ရေကြောင်းနဲ့သာသွားလာနိုင်တဲ့ ကျေးရွာအများကြီးရှိနေတာကြောင့် ချင်းဒုက္ခသည်များကိုဆန့်ဖြန့်ဝေရာမှာ ကြန့်ကြာမှုများရှိ

ဇန်န၀ါရီလ ၃ ရက်။

မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်နယ်မြေဟာပထဝီအနေအထားအရမီဇိုရမ်ပြည်နယ်မှာအကြီးဆုံးခရိုင်တစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရ ကုန်းကြောင်း (သို့)ရေကြောင်းနဲ့သာသွားလာနိုင်တဲ့ ကျေးရွာအများကြီးရှိနေတာကြောင့် ချင်း(မြန်မာ)ဒုက္ခသည်များကိုဆန့်ဖြန့်ဝေရာမှာ ကြန့်ကြာမှုများရှိတယ်လို့လောင်တလိုင်ခရိုင်အစိုးရတာဝန်ရှိသူတစ်ဦးကပြောပါတယ်လို့The Timesof India က ဇန်နဝါရီလ (၂) ရက်နေ့မှာ ဖော်ပြပါတယ်။

ယခုနှစ်ဆန်းပိုင်းဆန်ထောက်ပံ့မှုကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်အတွင်းအုပ်ချုပ်ရေးတာဝန်ရှိသူများက စစ်ရှောင်ဒုက္ခသည်များအတွက်ဆန်များထောက်ပံ့ ေနပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးက “ တစ်ဦးကို ဆန် ၃၁.၅ ကီလိုဂရမ် ရရှိတယ်”လို့ပြောပါတယ်။

အစိုးရတာဝန်ရှိသူတစ်ဦးကလည်း “ အစိုးရတာဝန်ရှိသူတွေက ဆန်တန်ချိန်ပေါင်း ၁၅၂၆တန်ထောက်ပံ့ပေးတာဖြစ်ပြီး ဒုက္ခသည်ပေါင်း ၈၀၂၀ ဦး ကိုအခမဲ့ဝေမျှပေးတာဖြစ်တယ်”လို့ပြောပါတယ်။

ယခုနှစ် ၂၀၂၅ ဆန်းပိုင်း ဆန်အခမဲ့ထောက်ပံ့မှုကို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းစစ်ဘေးရှောင်လာတဲ့ ချင်းပြည်နယ်အတွင်းက စစ်ဘေးရှောင် ၅၉၂၂ ဦးနဲ့ မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်နယ်စပ် စစ်တကောင်းတောင်တန်းဒေသက စစ်ဘေးရှောင်လာသူ ၂၀၁၄ဦးတို့ကိုထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။

ယခုကဲ့သို့ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဆန်အခမဲ့ထောက်ပံ့မှုအစီအစဉ်ကိုလောင်တလိုင်ခရိုင်လက်ထောက်ကော်မရှင်နာ Cheemala Siva Gopal Reddy က ဦးဆောင်ပြီး၂၀၂၄ နိုဝင်ဘာလကတည်းက ဆန်ထောက်ပံ့မှုကိုစတင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်သူများအတွက် ပြည်နယ်အစိုးရအနေနဲ့ဆန်အခမဲ့ထောက်ပံ့မှုများကို ဒေသအလိုက် ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း The Timesof India က ဇန်နဝါရီလ (၂) ရက်နေ့မှာ ဖော်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *