Headlines

မတူပီမြို့တွင်းလူနေတဲ့နေရာတွေကို မိုင်းရှင်းလင်းတာပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့ ရာနှုန်းပြည့် ရှင်းနိုင်ခြင်းမရှိသေးဘူးလို့ CDF- မတူပီ၊တပ်မဟာ – ၁ ကပြော

ဇန်နဝါရီလ ၂၇ ရက်။

စစ်ကောင်စီ ကင်းစင်တဲ့ ချင်းပြည်နယ်၊ မတူပီမြို့မှာ မတူပီမြို့တွင်း လူနေတဲ့နေရာတွေကိုတော့ မိုင်းရှင်းလင်းတာပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့ မိုင်း ရှိနိုင်သေးတာဖြစ်လို ရာနှုန်းပြည့် ရှင်းလင်းနိုင်ခြင်းမရှိသေးဘူးလို့ CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ – ကို Boi Uk ကပြောပါတယ်။

“မိုင်းရှင်းလင်းတဲ့ကိစ္စနဲ့ပက်သက်ပြီး ရာနှုန်းပြည့်မပြီးသေးဘူးလို ပြောလို့ရတယ် မြိုတွင်းလူနေတဲ့နေရာမှာတော့ တော်တော်များများပြီးသွားပြီ ဒါပေမယ့် တပ်စခန်းအနီးအနားတို အရင်က စစ်ကြောင်းတွေဖြစ်ခဲ့တဲ့နေရာတွေမှာ အကျွန်းကျန်လေးတော့ ရှိနိုင်သေးတယ်ပေါ့လေ အဲဒါကိုလည်း တက်နိုင်သလောက်ရှာပေမယ့် သူ့ရဲ့ဘောင်တွေကလည်း အရမ်းကြီး စစ်ဘက်ဆိုင်ရာတွေကလည်း ကျယ်တော့လေ အဲဟာကိုအကုန်လုံးပြီးတယ်လို ပြောလိုမရသေးဘူး ပြည်သူတွေနေထိုင်တဲ့ မြိုတွင်းတော်တော်များများ မိုင်းတွေရှင်းပြီလို ပြောလိုရတယ်” လိုCDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ – ကို Boi Uk ကပြောပါတယ်။

မိုင်းဧရိယာတွေရှိတဲ့ မရှင်းနိုင်သေးတဲ့ နေရာတွေကို ကန့်သတ်နယ်မြေတွေအဖြစ် ထားရှိထားပြီး သွားလာခွင့် ကန့်သတ်ထားတာမျိုးရှိတဲ့အကြားက အမဲလိုက်ရင်း မိုင်းနင်းမိတဲ့ ပြည်သူတစ်ဦးတော့ ရှိခဲ့တယ်လို့လည်း CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ – ကို Boi Uk ကပြောပါတယ်။

မတူပီမြိုကို ချင်းညီနောင် နဲ့ မဟာမိတ်ပူးပေါင်းအဖွဲတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး CDF- မတူပီ၊ တပ်မဟာ – ၁ က အုပ်ချုပ်ရေးတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *