
နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်ခံရတဲ့ မင်းတပ်မြို့နယ်မှာ အရပ်သားပြည်သူထိခိုက်၊ သေဆုံးတာတွေအထိ ရှိနေ
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်တာတွေ နေ့တိုင်းလိုလို ခံနေရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အရပ်သားပြည်သူထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးတာတွေအထိရှိနေတယ်လို့ စစ်ရေးအခြေအနေ သိရှိတဲ့ မင်းတပ်မြို့ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ စစ်ရေးအခြေအနေသိရှိတဲ့ မင်းတပ်မြို့ဒေသခံတစ်ဦးက “ လေကြောင်းတိုက်ခိုက်တာက နေ့တိုင်းလိုလိုပဲ ကျနော်တို့ဘက်မှာတော့ အဖိုးကြီးတစ်ယောက် လွန်ခဲ့တဲ့ ၃ ရက်နေ့က ခြေထောက်ထိတယ် အဲဒီနေ့ကဆိုရင် စစ်ကောင်စီက လေကြောင်းကနေ Rocket နဲ့ အချက် ၂၀ နီးပါးကို လူသွားလမ်းတောက်လျှောက်ပစ်တယ် ဘယ်လိုလေယာဉ်မျိုးအစားလဲတော့ မသိဘူး မနက် ၂ နာရီလောက်ကိုပစ်တာ၊ အရပ်သားရော ကာကွယ်ရေးဘက််ကရော ထိခိုက်သေဆုံးတာတွေ ရှိပါတယ် သတင်းမထုတ်ပြန်ကြသေးတာပါ ” လို့ Chin World Media ကိုပြောပါတယ်။ စက်တင်ဘာလ ၆ ရက်၊၇ ရက်မှာလည်း မင်းတပ်မြို့နယ် တိုက်နယ်…