Headlines

မင်းတပ်၊ ဖလမ်းက စစ်ကောင်စီစခန်းအတော်များများကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီလို့ သိရ

ဒီဇင်ဘာလ ၄ ရက်။ လက်ရှိမှာ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေကို အလုံးစုံထိန်းချုပ်နိုင်တာမျိုးမရှိသေးပေမယ့် ချင်းညီနောင်ပူးပေါင်းတပ်အနေနဲ့ မင်းတပ်နဲ့ဖလမ်းမြို့က စစ်ကောင်စီ စခန်း အတော်တော်များများကိုတော့ သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အကြောင်းကို ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။ ကိုယောမာန်က “မီဒီယာတချို့က ချဲ့ကားပြီး ရေးသလိုဖြစ်နေပါတယ် မြို့ကစစ်ကောင်စီကင်းစင်သွားတာမျိုး၊ မြို့ကို အလုံးစုံထိန်းချုပ်နိုင်တာမျိုး မဟုတ်သေးပါဘူး ကျနော်တို့စခန်းတွေ တော်တော်များများသိမ်းနိုင်တာရှိတယ် အောင်မြင်မှုရတာတော့ရှိပါတယ် ေနာက်ကြမှဘဲ အပြည့်အစုံကို တရားဝင်သတင်းထုတ်ပြန်သွားမှာပါ”လို့ပြောပါတယ်။ မင်းတပ်မြို့နဲ့ ဖလမ်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖလမ်းမြို့ ဆူရ်းဘုန်လေယာဉ်ကွင်းတောင်ကြောက တစ်နေရာကိုလည်း ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာမျိုးလုပ်ခဲ့ပါတယ်။ ဖလမ်းမြို့နေဒေသခံတစ်ဦးပြောတာက “ ဒီနေ့ မနက်ပိုင်း၁၁…

Read More

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ကြိုးစားအားထုတ်မယ်လို့ CNF ၊ KNU ၊ KNPP နဲ့ NUG တို့က ပူးတွဲထုတ်ပြန်

ဒီဇင်ဘာလ ၂ ရက်။ အာဏာသိမ်းမြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ICC ၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးစားအားထုတ်မယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး(ICC) ​ရဲ့ အမှုစစ်ရှေ့နေချုပ်က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို နိုဝင်ဘာလ ၂၇…

Read More