
လူထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့နောက်ပိုင်း ဖလမ်းမြို့ပေါ်နေပြည်သူအားလုံးနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
နိုဝင်ဘာလ ၁ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်းမှာ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုတွေတိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ဖလမ်းမြို့တွင်းမှာ လူထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့နောက်ပိုင်း မြို့ပေါ်နေ ဒေသခံပြည်သူအားလုံးနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ပုံမှန်နေထိုင်သူလူဦးရေ ၁ သောင်းဝန်းကျင်ရှိတဲ့ ဖလမ်းမြို့မှာ မြို့တွင်းတိုက်ပွဲတွေပြန်ဖြစ်မယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ထုတ်ပြန်တာမျိုး မရှိပေမယ့် တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာေကြာင့် မြို့ပေါ်ကဒေသခံများဟာတိုက်ပွဲမဖြစ်ခင်ကတည်းက နီးစပ်ရာ ကျေးရွာတွေနဲ့ တခြားဒေသတွေကို ကြိုတင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ မြို့ရဲ့ လူဦးရေ ၃ ပုံမှာ ၁ ပုံလောက်သာ မြို့မှာကျန်ခဲ့ရာမှ လက်ရှိအချိန်မှာ ေတာ့ ဒေသခံအားလုံးနီးပါးဟာ ဘေးလွတ်ရာတခြားနေရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးက “မြို့ပေါ် ဒေသခံအများစု ၉၅ ရာခိုနှန်းထွက်ပြေးကြတယ်။ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်တယ်လို့ ပြောလို့ရတယ်။ အခုကျန်ခဲ့တဲ့ အနည်းငယ်ကလည်းနောက်အပတ်လောက်ဆိုရင်…