
စစ်အာဏာသိမ်းမှုနောက်ပိုင်း တီးတိန်မြို့မှာ တဟုန်ထိုးမြှင့်တက်လာတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများလာတဲ့အ ရေး ဘယ်လို ဖြေရှင်းကြမလဲ
ကိုဇံ (ချင်းတောင်) “တီးတိန်မြို့တွင်း တိုက်ပွဲ မတိုင်ခင်တုန်းက ဆိုရင် မြို့ပေါ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ အယောက် ၄၀၀ ကျော် ရှိမယ် လို့ ကျွန်တော်တို့ ခန့်မှန်း ထားပါတယ်” လို့ မူးယစ်ဆေးဝါး သုံးစွဲမှုကို စောင့်ကြည့်နေသူ တီးတိန်မြို့နေ ကိုစွမ်း (နာမည်လွဲ) ကပြောပြပါတယ်။ ယင်း အရေအတွက်ဟာ လူဦးရေ တစ်သောင်းခွဲခန့် ရှိတဲ့ တီးတိန်မြို့ လူဦးရေ ရဲ့ ၂.၅% ခန့် ရှိပါတယ်။ “ကျေးလက် ဒေသမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေကို တော့ ကျွန်တော်တို့ လက်လှမ်း မမှီ ဘူး။ မြို့ပေါ်မှာ ထက် ကျေးလက်မှာ လူဦးရေက ပိုများတယ်။ ရာနှုန်း နှင့် တွက်ကြည့်ရင်…