
ဆောင်းရာသီရောက်လာလို့ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ၂ သောင်းဝန်းကျင်ဟာ အနွေးထည်အကျီ၊ စောင် နဲ့ စားနပ်ရိက္ခာလိုအပ်နေကြ
နိုဝင်ဘာလ ၁၂ ရက်။ ဆောင်းရာသီရောက်လာလို့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင်လောက်ဟာ အနွေးထည်အကျီ၊ စောင်တွေနဲ့ စားနပ်ရိက္ခာလိုအပ်နေကြတယ်လို့ ပလက်ဝကောင်စီလူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက ပြောပါတယ်။ ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက “ပြည်တွင်း၊ ပြည်ပက ပလက်ဝစစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာအခက်ခဲလည်းရှိသလို လက်ရှိဆောင်းတွင်းဆိုတော့ အနွေးထည်အကျီတွေ စောင်တွေလိုအပ်ကြတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေတဲ့ ဒေသခံပြည်သူ ၁၄၀၀၀ ကျော်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်မှာတော့ ၄၀၀၀ ကျော်ရှိကြတယ်လို့လည်း ပလက်ဝကောင်စီရဲ့ ပက်လက်ဝကောင်စီရဲ့ လူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက ပြောပါတယ်။ ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၆ ထောင်ကျော်လောက်က ပလက်ဝကောင်စီ အုပ်ချုပ်မှုလည်ပတ်နေတဲ့အောက်မှာ ရှိပြီး ကျန်တဲ့ ၈ ထောင်ကျော်လောက်က အာရက္ခတပ်တော်(AA) ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့လည်း သိရပါတယ်။ အာရက္ခတပ်တော် (AA)…