ဆည်ကြီးတံတားမှာ စစ်ကောင်စီတပ် ဂိတ်ထိုးလမ်းပိတ်ဆို့မှုကြောင့် ကလေးမြို့ကိုစပါးပို့ဖို့အခက်အခဲဖြစ်နေ
နိုဝင်ဘာလ ၁၄ ရက်။ ကလေးမြို့နယ် ပြည် တော်သာရွာကဆည်ကြီးတံတားမှာ စစ်ကောင်စီတပ်ကဂိတ်ထိုးလမ်းပိတ်ဆို့မှုကြောင့် ကျေးရွာများမှ တောင်သူများ ကလေးမြို့ကိုစပါးပို့ဖို့အခက်အခဲဖြစ်နေကြောင်း စပါးစိုက်တောင်သူတွေဆီကသိရပါတယ်။ “လက်ရှိမှာတော့ စိုက်ပျိုးထားတဲ့ လယ်မြေတွေ အတော် များများကို ရိတ်သိမ်းပြီးသွားပြီ။ အခက်အခဲ တစ်ခုက ရွာထဲမှာ ရှိတဲ့ အိမ်တွေ မီးလောင်ပြာကျခဲ့တော့ စပါးတွေ ဘယ်လို သိုလှောင် မလဲ ဆိုတဲ့ ကိစ္စပါ။ ဆည်ကြီး ကနေ လမ်းကို ပိတ်ထားတော့ ကလေးမြို့ကို ပို့လို့လည်း မရဘူး” လို့ လက်ရှိ အခက်အခဲကို ကလေးမြို့အနောက်မြောက်ဘက်က ကျေးရွာ၁ရွာကတောင်သူ တစ်ဦးက ပြောပြပါတယ်။ ကလေးမြို့ အနောက်မြောက်ဘက်က ကျေးရွာတွေက ဒေသခံများ အနေဖြင့် စစ်ရှောင်ရင်း စပါးစိုက် ခဲ့ရတာ ဖြစ်တဲ့ အတွက် လယ်မြေ အားလုံးကို…