
မကွေးမြို့ကိုရောက်ရှိနေတဲ့ ကန်ပက်လက်မြို့နယ်၊ကျင်ဒွေးမြို့က ချင်းစစ်ဘေးရှောင်လူဦးရေ ၁၀၃ ဦးအတွက် ထောက်ပံ့ပစ္စည်းတွေပေးကာ၊နေအိမ်တွေဆောက်လုပ်ပေးကြောင်းထုတ်ပြန်
နိုဝင်ဘာလ ၂၀ ရက်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ကို ရောက်ရှိ နေတဲ့ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်၊ကျင်ဒွေးမြို့ကနေ စစ်ဘေးလာရှောင်နေတဲ့ အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၀၃ ဦးအတွက် ထောက်ပံ့ပစ္စည်းတွေပေးတာအပြင် နေအိမ်တွေဆောက်လုပ်ပေးတဲ့အကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီသတင်းဌာန MRTV ရဲ့သတင်းဖော်ပြချက်အရ သိရပါတယ်။ ကျင်ဒွေးဒေသကနေ စစ်ဘေးလာရှောင်တဲ့သူတွေအတွက် မီးဖိုချောင်သုံးပစ္စည်း၊ မိသားစုသုံးပစ္စည်း၊ သောက်ရေပုံး၊ တကိုယ်ရေသုံးပစ္စည်း၊ ဆောင်တွေ၊ မိုးကာစတာတွေကို အိမ်ထောင်စုအလိုက်ထောက်ပံ့ခဲ့ပြီး နေအိမ်တွေဆောက်လုပ်ပေးခဲ့ကာ စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က မနေ့နိုဝင်ဘာလ ၁၉ ရက်နေ့ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ MRTV သတင်းဌာနက ဖော်ပြပါတယ်။ ကျင်ဒွေးဒေသကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စု ၃၂ စုဟာ စက်တင်ဘာလ ၈ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး မကွေးမြို့ကို ရောက်လာခဲ့သူတွေလို့လည်း စစ်ကောင်စီသတင်းဌာနက…