လေကြောင်းကနေတိုက်ခိုက်ခံရတဲ့ဖလမ်းမြို့နယ် လုမ်သဲရွာကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်သွားမယ်လို့ ချင်းပြည်(Chinland)အစိုးရထုတ်ပြန်
နိုဝင်ဘာလ ၂၈ ရက်။ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖလမ်းမြို့နယ် လုမ်သဲကျေးရွာကို Chinland Council ကနေ ဖွဲ့စည်းထားတဲ့ချင်းပြည်(Chinland)အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်သွားမယ်လို့ ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က လုမ်သဲကျေးရွာကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၇) ဦးသေဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့တဲ့အပေါ် လွန်စွာဝမ်းနည်းတဲ့အကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်တွေနဲ့ ဆေးရုံကိုပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်ကျူးလွန်မှုကို အပြင်းအထန်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ဖလမ်းမြို့နယ်ထဲက ဗားကျေးရွာကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီက…