သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံ့လူဦးရေ ရဲ့ ၆၃% ကျော် ကောက်ယူနိုင်ခဲ့ပြီး လာမယ့်ရွေးကောက်ပွဲကိုလိုအပ်ပါက အပိုင်းလိုက် ကျင်းပမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှဆို
နို၀င်ဘာလ ၂၀ ရက်။ လူဦးရေ နှင့် အိမ်အကြောင်းအရာ ကောက်ယူခြင်း လုပ်ငန်းများ ကို နိုင်ငံ့ လူဦးရေရဲ့ ၆၃% ကျော် ကောက်ယူနိုင်ခဲ့ပြီး ဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ လုံခြုံရေး အရ လိုအပ်ပါက အပိုင်းလိုက် ကျင်းပလို့လည်း ရကြောင်း အာဏာသိမ်းစစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း MRTV ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ စစ်ကောင်စီဥက္ကဌ မှ အမှာစကား ပြောကြားရာမှာ သန်းခေါင်စာရင်း နဲ့ ပတ်သက်ပြီး “နိုင်ငံလူဦးရေ၏ ၆၃% ကျော် ကောက်ယူနိုင်ပြီး ဖြစ်ကြောင်း၊ ကောက်ယူရန် ကျန်ရှိနေသည့် ဒေသများကို အနီးစပ်ဆုံး ရရှိအောင် ဆက်လက်…