Headlines

စစ်အာဏာရှင်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် တိကျမှန်ကန်တဲ့ လူဦးရေစာရင်းရရှိနိုင်မည်မဟုတ်ကြောင်း၊သန်းခေါင်စာရင်းကောက်ယူတာနဲ့ ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်းChinland Council အစိုးရထုတ်ပြန်

အောက်တိုဘာလ ၃ ရက်။ စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် တိကျမှန်ကန်တဲ့ လူဦးရေစာရင်းရရှိနိုင်မည်မဟုတ်ကြောင်း၊သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ ပါဝင်ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ Chinland Council ကဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရက ဒီကနေ့အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့ အာဏာရမ္မက်ကို ဖက်တွယ်လိုခြင်း ၊ နိုင်ငံတကာမှာ တရားဝင်မှုကို ရယူလိုခြင်းစတဲ့မတရားတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့ ဆန္ဒမပါဘဲ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူနေကြောင်း သိရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျိုးအမြတ်ရရှိရေး၊ စစ်အာဏာရှင်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် တိကျမှန်ကန်တဲ့ လူဦးရေစာရင်းရရှိနိုင်မည်မဟုတ်တဲ့အပြင် ဒီမိုကရေစီ ဟန်ပြစစ်အာဏာရှင်စနစ်နဲ့ ၎င်းတို့အလိုကျ ဖိနှိပ်အုပ်ချုပ်နိုင်ရေးကိုသာ ဦးတည်တဲ့ ရည်ရွယ်ချက်သာဖြစ်တယ်လို့ ရှု့မြင်ကြောင်းလည်း ချင်းပြည်အစိုးရက ထုတ်ပြန်ပါတယ်။ ဒါကြောင့်ချင်းပြည်အစိုးရအနေနဲ့…

Read More

တီးတိန်၊တွန်းဇံမြို့နယ်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ရဲ့ စစ်သားစုဆောင်းခံရတဲ့ကလေးသူငယ်တွေကိုမိဘတွေလက်ထဲ ပြန်အပ်ဖို့ PDF – Zoland က ထုတ်ပြန်

အောက်တိုဘာလ ၃ ရက်။ တီးတိန်၊ တွန်းဇံ မြို့နယ်တွေမှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အမြန်ဆုံး မိဘလက်ထဲ ပြန်အပ်နှံကြရန်နဲ့ နောက်နောင်မှာလည်း နိုင်ထက်စီးနင်း စစ်သားစုဆောင်းခြင်းမျိုး မပြုလုပ်ကြဖို့ PDF – Zoland က အောက်တိုဘာလ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ PDF – Zoland ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ကျနော်တို့ရတဲ့ သတင်းအချက်အလက်အရ ကလေးငယ် ၁၀ ဦးထက်မနည်းရှိတယ် အခုလိုအတင်းအဓမ္မ စစ်သားစုဆောင်းခံရတာ၊ အသက်အားဖြင့်လည်း ၁၃ နှစ်အောက် ကလေးတွေဖြစ်ကြပါတယ်” လို့ပြောပါတယ်။ မိဘ ခွင့်ပြုချက်မပါဘဲ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းနေကြောင်း ကြားသိရတယ်လို့ PDF – Zoland က ထုတ်ပြန်ထားပါတယ်။ အခုလို…

Read More

ပလက်ဝမြို့ဆေးရုံတာဝန်ခံဆရာဝန်နဲ့ချင်းအမျိုးသား ၃ ဦးကို အာရက္ခတပ်တော် (AA) က ဖမ်းဆီး

အောက်တိုဘာလ ၃ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံဖြစ်ပြီး ပလက်ဝဆေးရုံတာဝန်ခံ ဒေါက်တာအေးကျော်နဲ့ ချင်းအမျိုးသား ၃ ဦးကို အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၂၉ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ဘာကြောင့် ဖမ်းဆီးခဲ့တာလဲဆိုတာတော့ သေချာ မသိရသေးဘူးလို့ ပလက်ဝ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ဒေါက်တာအေးကျော်က အေအေရဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်မှာ ထည့်သွင်းခံထားရသူဖြစ်တယ် ပလက်ဝဆေးရုံတာဝန်ခံလည်းဖြစ်တယ် ဘာကြောင့်ဖမ်းခံရတာလည်းဆိုတာ အတိကျမသိရပေမယ့် စီးပွားရေး ကိစ္စကြောင့်လို့ပြောကြတယ်လို့” လို့ပြောပါတယ်။ ပလက်ဝမှာ လူသိများတဲ့ ဆရာဝန် ဒေါက်တာအေးကျော်ဟာ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်ဖြစ်ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံအဖြစ် ခန့်အပ်ခြင်းခံရသူလို့လည်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇) ရက်နေ့ကလည်း ပလက်ဝမြို့နယ် ငရှားရွာ ဒေသခံ…

Read More

မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ် ၃၀ ကျော်ကို စစ်ကောင်စီတပ်က မနေ့ကမီးရှို့ခဲ့

အောက်တိုဘာလ ၂ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲကစလို့ မင်းတပ်၊ မတူပီလမ်းမကြီးတစ်လျှောက်က အရပ်သားပြည်သူ နေအိမ်ပေါင်း ၃၀ ကျော် ကို မနေ့ အောက်တိုဘာလ ၁ ရက်နေ့ မှာ ညနေ ၃ နာရီ ဝန်းကျင်ကနေ ၆ နာရီကျော်အထိစစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ မင်းတပ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်ဒေသခံ ၁ ဦးက “မင်းတပ်မြို့ သိမ်းမယ်လို့ သတင်းကြားပြီး သူတို့ယူထားတဲ့ဘန်ကာတွေ၊ ခံစစ်ကုန်းတွေကနေ ပစ်ကွင်းရှင်းတဲ့အနေနဲ့ ရှို့နေကြတာပါ တခါတလေ မင်းတပ်ကရဲဘော်တွေနဲ့ ထိတွေ့မှုရှိလို့ သူတို့ဖက်ကအကျအဆုံးတွေရှိတိုင်း ငါတို့လူကျရင် မင်းတို့မြို့ပြာကျသွားမယ်ဆိုတဲ့ သဘောနဲ့ လုပ်နေတာမျိုးလဲရှိတယ်။ ပြီးတော့ ပြည်သူအချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ကို သွေးခွဲချင်တဲ့ အနေနဲ့ လုပ်နေတာလည်းဖြစ်နိုင်တယ်။မြို့ကိုမီးရှို့ပြတော့ တချို့ပြည်သူတွေက အိမ်တွေမီးလောင်ကုန်မှာစိုးပြီး မြို့တွင်းတိုက်ပွဲမဖြစ်စေချင်တဲ့သဘော ဆိုရှယ်မီဒီယာကနေရေးနေပြော…

Read More

အောက်တိုဘာ ၂ ရက်နေ့ ကစပြီးအမေရိကန်ပြည်ဝင်ခွင့် DV ကံစမ်းမဲဗီဇာ DV2026 Program စတင်

ကမ္ဘာ့နိုင်ငံအသီးသီးက ေန အမေရိကန်နိုင်ငံကို ေပြာင်း ေရွ့အခြေချနေထိုင်လိုသူများအတွက် Green Card (အမြဲတမ်းနေထိုင်ခွင့်ကတ်) မဲဖောက်ပေးတဲ့ Diversity Visa Program (DV) Lotteryကို အောက်တိုဘာ ၂ ရက်နေ့ အမေရိကန်စံတော်ချိန် မွန်းတည့် ၁၂ နာရီ မှစတင်လျှောက်ထားခွင့်ပြုပြီဖြစ်ကာ ၁ လ ၀န်းကျင်အကြာနိုဝင်ဘာ ၅ ရက်နေ့မှာ ေလျှာက်လွှာပိတ်မည်ဖြစ်ပါတယ်။ US DV 2026 ကိုလျှောက်ထားခွင့်ရတဲ့နိုင်ငံ ေတွထဲမှာမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။နှစ်စဉ်နိုင်ငံအသီးသီးမှ ရွေ့ပြောင်းနေထိုင်သူ ၅၀,၀၀၀ ခန့်ကို တရားဝင်နေထိုင်ခွင့်ပေးတဲ့ DV Lottery ရဲ့မဲပေါက်သူ စာရင်းကို ၂၀၂၅ ခုနှစ် မေလအတွင်းမှာထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။ ယခုDV Lottery သည် ၂၀၂၆ ခုနှစ်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မဲပေါက်သူများအနေဖြင့် ၂၀၂၆ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။…

Read More

ပလက်ဝမြို့နယ်မှာ ဒေသခံအမျိုးသား၃ ဦး ဓားနဲ့ခုတ်ပြီး အသတ်ခံရတယ်လို့ သိရ

အောက်တိုဘာလ ၁ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံ ၃ ဦး ရခိုင်ပြည်နယ် ကျောက်တော်ကို ပစ္စည်းပို့သွားတဲ့အ ချိန် ဓားခုတ်ဒဏ်ရာနဲ့ အမျိုးသား ၃ ဦးလုံး သေဆုံးနေတာကို မိသားစုဝင်တွေက ပြန်တွေ့ရတယ်လို့ ပလက်ဝ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “စက်တင်ဘာလ ၈ ရက်နေ့က အိန္ဒိယဘက်က ကုန်ပစ္စည်းတွေကို ကျောက်တော်ဘက်ကို သားအဖမြေး အဖိုး ၃ ယောက်ပေါ့ အသွားမှာ အသတ်ခံရတာလား အပြန်မှာ အသတ်ခံရတာလားတော့ မသိရဘူး မိသားစုတွေက အချိန်မှီမရောက်လာတော့ သွားရှာကြည့်တဲ့အချိန် ခေါင်းတခြား၊ ခန္တာကိုယ်တခြား ပလက်ဝမြို့နယ်က ရွာတစ်ရွာမှာ ပြန်တွေ့တာပေါ့” လို့ Chin World Media ကိုပြောပါတယ်။ အလောင်းတွေကို ပလက်ဝမြို့နယ် အောက်ပိုင်းက တန့်ဆိပ်ရွာ ရွာမှာ ၂…

Read More