Headlines

ပလက်ဝမြို့နယ်မှာ ခရီးသွားလာခွင့်ကို အာရက္ခတပ်တော် (AA) ကပိတ်ပင်ထားတယ်လို့ သိရ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) က ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို အောက်တိုဘာလ ၉ ရက်နေ့ကစလို့ ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ ဘာကြောင့်အခုလို ပိတ်တယ်ဆိုတာ ပြောဖို့ခက်နေသေးတယ် တစ်ရွာနဲ့တစ်ရွာ သွားလာဖို့တောင် ခက်ခဲတယ် AA ဂိတ်ရှိတဲ့နေရာဆိုရင် သွားလို့ရရင်တောင် တော်တော် စစ်ဆေးတယ်လို့ကြားတယ်။ ပလက်ဝက သူတို့ထိန်းချုပ်နယ်မြေဖြစ်တော့ ကြိုက်သလို လုပ်တာဖြစ်နိုင်တယ် အကြောင်းမရှိရင်လည်း အကြောင်းရှာပြီး အပြစ်မဲ့ပြည်သူတွေကို တော်လှန်ရေးခေါင်းစဉ်တက်ပြီး အာဏာပြတာလည်းဖြစ်နိုင်မယ်လို့ ယူဆတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်အတွင်း ဒေသခံတွေ သွားလာခွင့်ကို အာရက္ခတပ်တော် (AA) ဟာ စစ်ဆေးတင်းကြပ်ထားရာကနေ အခုတော့ လုံးဝ ပိတ်ထားတဲ့ အခြေနေဖြစ်သွားပြီဖြစ်လို့ ဒေသခံတွေအတွက် ကျန်းမာရေး၊ လူမှုရေးကိစ္စဖြစ်ဖြစ် အရေးပေါ်အခြေအနေမှာ အရမ်းဒုက္ခရောက်ရတယ်လို့လည်း ဒေသခံတွေဆီကနေ…

Read More

CDF-Thantlang စစ်ဦးစီးချုပ် Salai Ram Zel ထန်တလန်မြို့ပေါ်တိုက်ပွဲမှာကျဆုံး

အောက်တိုဘာလ ၁၃ ရက်။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Thantlang ) ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) အသက် ၃၀ နှစ် ဟာ အောက်တိုဘာလ ၁၂ ရက်တုန်းက ထန်တလန်မြို့ပေါ် တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူတွေဆီကသိရပါတယ်။ “စစ်ဦးစီးချုပ်တစ်ယောက် စစ်မြေပြင်မှာ ကိုယ်တိုင်ဦးဆောင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားတဲ့ CDF Thantlang ရဲ့ Chief of Staff (CS), Salai Ram Zel ရယ်…….အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ချင်းကျောင်းသားလှုပ်ရှားမှုဖြစ်တဲ့ CSU, CLCC နဲ့ CUSF တွေမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်လေ့ရှိတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး……စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ပြီး ရဲစွမ်းသတ္တိအပြည့်နဲ့ ကိုယ်တိုင်ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦး…”လို့ အရည်အချင်းရှိတဲ့ စစ်ဦးစီးချုပ်ခေါင်းဆောင်ကောင်းတစ်ယောက်ကို…

Read More

ချင်းပြည်နယ်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကို ဟားခါး၊ဖလမ်းနဲ့တီးတိန်မြို့ပေါ်ရပ်ကွက်တချို့မှာသာ အပေါ်ယံအဖြစ်သဘောကောက်ယူခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၁ ရက်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ နေရာတော်တော်များများမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိဘဲ ဟားခါးမြို့၊ဖလမ်းမြို့နဲ့ တီးတိန်မြို့တွေမှာ မြို့ပေါ် ရပ်ကွက်တချို့မှာ အပေါ်ယံအဖြစ်သဘောလောက်သာ ကောက်ယူနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးက “ရပ်ကွက်လိုက်တောင်မကောက်ပါဘူး တပ်ကုန်းရပ်ကွက် Vankau ရပ်ကွက်ပေါ့ကောက်ကြတယ် ကျန်တဲ့ရပ်ကွက်ကျတော့ မကောက်နိုင်ကြပါဘူး။ CB ရဲ့ထုတ်ပြန်ချက်လည်းရှိတော့ လုံခြုံရေးအပြည့်နဲ့ လုပ်ကြတယ် ဒါပေမယ့် ဖလမ်းရဲ့ အိမ်ခြေ ၅ ပုံမှာ ၁ ပုံတောင်မကောက်ဘူး ကောက်နိုင်တယ်လို့တော့ စာရင်းပြမှာဘဲ တစ်အိမ်တက် တစ်အိမ်ဆင်းပြီးမကောက်ကြပါဘူး အပေါ်ယံပါဘဲ” လို့ Chin World Media ကို ပြောပါတယ်။ စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ယူတာကို ပြည်သူတွေအနေနဲ့ မပူးပေါင်းဖို့နဲ့ ပါဝင်သူတွေကို ထိရောက်စွာအရေးယူမယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတာကြောင့် ဖလမ်းမြို့၊တီးတိန်မြို့နဲ့ဟားခါးမြို့ေ…

Read More

မတူပီမြို့သိမ်းတိုက်ပွဲကာလမှာ မိသားစုတကွဲတပြားဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်သားနဲ့ ၁၇ နှစ်အရွယ် စကားမပြောတတ်တဲ့ သမီး ကို ယနေ့အချိန်ထိ အဆက်သွယ်မရသေးဘူးလို့ သိရ

အောက်တိုဘာလ ၁၁ ရက်။ မတူပီမြို့သိမ်းတိုက်ပွဲကာလဖြစ်တဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းက မတူပီရောက်နေတဲ့ ပလက်ဝမြို့နယ်က ဓမ္မဆရာမိသားစုဟာ တကွဲတပြားဖြစ်ပြီး ပျောက်ဆုံးသွားတဲ့ အသက် ၁၈ နှစ်အရွယ်သားနဲ့ ၁၇ နှစ်အရွယ် စကားမပြောတတ်တဲ့ သမီး ကို ယနေ့အချိန်ထိ မိသားစု၀င်တွေက အဆက်အသွယ်မရသေးလို့ ထိန်းသိမ်းထားသူများရှိရင် ပြန်ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။ ပလက်ဝမြို့နယ်ကနေ ရန်ကုန်ကို စစ်ဘေးရှောင်ဖို့သွားတဲ့ ပလက်ဝမြို့နယ်က ဓမ္မဆရာမိသားစုဟာ ဇွန်လလောက်မှာ မတူပီကို ရောက်ခဲ့ပြီး မတူပီမြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားတာနဲ့ ကြုံတွေ့ကာ မိသားစုတကွဲတပြားဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပလက်မြို့နယ်ကနေ ရန်ကုန်ကို စစ်ဘေးရှောင်ဖို့သွားတဲ့ မိသားစုဝင်ငါးယောက် သူတို့ကပလက်ဝကနေ မတူပီကိုအရင်သွားတယ် မတူပီရောက်တဲ့ခါကြတော့ မတူပီမှာ အမျိုးမရှိတော့ ရဲစခန်းမှာ အသိရှိလို့ ရဲစခန်းမှာခဏတည်းတယ် မနက်ကြတော့ မြို့သိမ်းတိုက်ပွဲစဖြစ်တော့ အဲဒီမှာ မိသားစုတစ်ကွဲတပြားဖြစ်ပြီး မိခင်နဲ့ကလေးကြတော့ CDF…

Read More

တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ အရင်နှစ်ထက် ဘိန်းစိုက်ပျိုးမှု ပိုမို များပြားလာ

အောက်တိုဘာလ ၁၀ ရက်။        ယခုနှစ်၂၀၂၄အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု အရင်နှစ်များထက်ပိုမိုများပြားလာကြောင်း ဒေသခံတောင်သူတစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။ “အရင်တုန်းကဆိုရင်‌ အစိုးရ လက်လှမ်းမမှီတဲ့ဝေးလံခေါင်သီတဲ့ အရပ်တွေမှာသာ‌ ဒေသခံ‌ တွေကသာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ကြတာပါ။ အခုဆိုရင်မြို့ပေါ်က ငွေကြေးတတ်နိုင်သူတွေပါ အလုပ်သမားကိုယ်စီနှင့် မြေယာငှားရမ်းပြီး လာစိုက်ကြပါတယ်။ အနည်း‌ဆုံး နှစ်ဧကလောက် စိုက်ကြပါတယ်။ နှစ်ဧကမှာဆိုရင် ကံကောင်းတဲ့သူကဘိန်းစိမ်း နှစ်ပိသာကျော်ကျော် ရနိုင်တယ်။ပုံသေပြောလို့တော့မရဘူး။ကံဆိုးရင်တော့ ခိုင်နီးဗူးသုံးလေးဗူးစာပဲရတဲ့ သူတွေလည်းရှိတယ်။ ဘိန်းစိုက်အလုပ်သမားတွေ ကတော့ တစ်နေ့ကို စားရိတ်ငြိမ်းနဲ့ တစ်သောင်းကနေ တစ်သောင်းခွဲအထိ လုပ်နိုင်အားပေါ်မူတည်ပြီး လုပ်အားခရရှိကြပါတယ်။ အခုအချိန်ကတော့ ပျိုးပင်လေးတွေ ခွဲပြီး စစိုက်နေတဲ့ ကာလ ပါ” ဒေသခံတောင်သူတစ်ဦးက Chin World Media ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာတော့ ဘိန်းစိမ်း တစ်ပိဿာကို သိန်း ၈၀…

Read More

ချင်းပြည် (Chinland) ကောင်စီနဲ့ ဆက်ပြီးလက်တွဲမယ်လို့ ကန်ပက်လက်ကောင်စီနဲ့ CDF -–kanpetlet တပ်ရင်း – ၇ တို့က ထုတ်ပြန်

အောက်တိုဘာလ ၁၀ ရက်။ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးမှာ ချင်းပြည် (Chinland) ကောင်စီ၏ မှုဝါဒအတိုင်း ပြည်သူနဲ့အတူ ဆက်တွဲကာ ဆက်လက်ရပ်တည်မယ်လို့ ကန်ပက်လက်ကောင်စီနဲ့ CDF – kanpetlet တပ်ရင်း-၇ တို့က အောက်တိုဘာလ ၈ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ကန်ပက်လက်မြို့နယ်အတွင်း စည်းလုံးညီညွှတ်ကာ စစ်ရေး၊ နိုင်ငံရေးဟန်ချက်ညီညီ တက်လှမ်းနိုင်ဖို့ ရည်ရွယ်ပြီး ကန်ပက်လက် (CC) အဖွဲ့နဲ့ ကန်ပက်လက် (CB) အဖွဲ့တို့ နှစ်ကြိမ်တိတိ တွေ့ဆုံကာ ပြည်သူ့ညီလာခံကျင်းပ၍ ပိုမိုကျစ်လစ်တဲ့ အဖွဲ့အစည်းဖွဲ့နိုင်ဖို့ ေဆွးနွေးခဲ့သော်လည်း ကန်ပက်လက် (CB) အဖွဲ့က ပြန်လည်အကြောင်းကြားခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပကြတာ သိရှိရသဖြင့် အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေတာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကန်ပက်လက်ကောင်စီသည် ဒေသခံမျိုးနွယ်စုအတွင်းသော်လည်း ချင်းပြည်သူလူထုအတွက်သော်လည်းကောင်း မလိုအပ်တဲ့ ပြဿနာဖြစ်စေမယ့် အဖွဲ့အစည်းတွေနဲ့…

Read More

နောက်နောင် စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ CNO/CNDF က သတိပေး

အောက်တိုဘာလ ၁၀ ရက်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ များနေပြီမို့လို့ နောက်နောင် တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ အောက်တိုဘာလ ၉ ရက်နေ့က ဖလမ်းမြို့နယ် အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ဘက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသိပေးထုတ်ပြန်ထားပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူက “CNO/CNDF က ပြည်သူကိုကာကွယ်စောင့်ရှောက်ဖို့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းဖြစ်သလို ဖလမ်းမြို့က မိဘပြည်သူအတွက် ထည့်သွင်းစဉ်းစားလွန်းလို့ ပြည်သူတွေရဲ့ အိုးအိမ်ထိခိုက်ပျက်စီးမှာတွေ ထည့်သွင်းစဉ်းစားလွန်းလို့ ဒီကနေ့ချိန်ထိ စစ်ရေးအရ လှုပ်ရှားမှုတွေ အရမ်းကြီးမရှိခဲ့ဘူး ဒီလိုစိတ်ရှည်စွာ မိဘပြည်သူအတွက် ထည့်သွင်းစဉ်းစားပြီးနေတဲ့အချိန် ၂၆၈ ကစစ်ကောင်စီတပ်ဖွဲ့က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ သေဆုံးတာ ဒီကနေ့မှာ များစွာရှိသွားပြီဆိုတာ မြင်တွေ့ရပြီဖြစ်လို့ ဒီကနေ့အချိန်ကနေ စလို့ CNO/CNDF…

Read More

ချင်းဖိုက်တာ Tial Thang နဲ့ အမေရိကန်ဖိုက်တာ အောက်တိုဘာလ ၁၈ ရက်မှာ ထိုးသတ်မယ်

အောက်တိုဘာလ ၉ ရက်။ ဘက်စုံသုံးတိုက်ခိုက်ရေး(MMA)ချင်းဖိုက်တာ တီာလ်ထန်း ( Tial “The Dragon Leg” Thang ) ဟာ လာမယ့်အောက်တိုဘာလ ၁၈ ရက်မှာအမေရိကန်နိုင်ငံ၊ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒေလ်းဖီးယား မြို့မှာ ကျင်းပမယ့် Cage Fury Fighting Championship 137 ပြိုင်ပွဲမှာ အမေရိကန်ဖိုက်တာChristian Mcauley နဲ့ထိုးသတ်သွားမှာဖြစ်ကြောင်း တီာလ်ထန်းက ဒီနေ့ အောက်တိုဘာလ ၉ ရက်မှာ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာပရိတ်သတ်တွေကိုအသိပေးထားပါတယ်။ ချင်းဖိုက်တာ တီာလ်ထန်းကတော့ အသက် ၃၁ နှစ်ရှိပြီဖြစ်ကာ ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ One Championship ပွဲတွေအပါအဝင် ပွဲပေါင်း ၁၈ ပွဲ ထိုးသတ်ထားပြီး ၁၀ ပွဲနိုင်၊ ၇ ပွဲရှုံး၊ ၁ ပွဲပျက် ရလဒ်ထွက်ပေါ်ထားသူဖြစ်ပါတယ်။ တီာလ်ထန်းနဲ့ထိုးသတ်မယ့်…

Read More

စစ်ကောင်စီတပ်လက်နက်ကြီးကျည်ထိမှန်လို့ ဖလမ်းမြို့နယ်က ဒေသခံအမျိုးသား ၁ ဦးသေဆုံး

အောက်တိုဘာလ ၉ ရက်။ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မှာ ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဖလမ်းမြို့နားက Relsing ရွာက အသက် ၅၇ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးပြောတာက “ပစ်ခတ်တိုက်ခိုက်ကြတာမျိုးဖြစ်လားဆိုတာတော့ မသိဘူး ဖလမ်းမြို့နားက Relsing ရွာသားတစ်ဦးတော့ လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးသွားတယ်လို့တော့ သိရတယ်” လို့ Chin World Media ကိုပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းကစလို့ ဖလမ်းမြို့၂၆၈ တပ်ကုန်းကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ဖလမ်းမြို့နားက Relsing ရွာဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ကာ တောင်ယာထဲ အလုပ်လုပ်နေတဲ့ ဒေသခံရွာသားအမျိုးသားတစ်ဦးကိုလည်း…

Read More

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရေးNUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ချင်းပြည် (Chinland)အစိုးရထုတ်ပြန်

ေအာက်တိုဘာလ ၉ ရက်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရေး အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland)အစိုးရ ကအောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ချင်းပြည် (Chinland)အစိုးရ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်ဂျာထွယ်ပန်၊ အဆင့်မြင့်ပညာရေးပိုင်းက တာဝန်ရှိသူတွေ သက်မွေးပညာရေးပိုင်းက တာဝန်ရှိသူ၊ ဆရာအတက် ပညာရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ချင်းပြည် (Chinland)အစိုးရ ဝန်ကြီးချုပ် ဦးပါထန်းအပါအဝင် တာဝန်ရှိသူခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ကိုယ်ပိုင်ပြဌာန်းခွင့်အရ ချင်းပြည် (Chinland)အစိုးရ…

Read More