Headlines

ရခိုင်ပြည်နယ်က လူအများအပြား ပလက်ဝနယ်သို့ထပ်မံဝင်ရောက်လာ

အောက်တိုဘာလ၂၉ရက်။ ရခိုင်ပြည်နယ်ရှိ လူအများအပြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊မီးဇာကျေးရွာသို့ ထပ်မံဝင်ရောက်လာတယ်လို့ ပလက်ဝမြို့နယ်သို့ ဝင်ရောက်လာသူတွေကို ကူညီပေးနေသူတစ်ဦးထံက သိရပါတယ်။ ယခုလ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ပလက်ဝမြို့နယ်မှာ စတင်ဝင်ရောက်လာကြခြင်းဖြစ်ပြီး ဒီနေ့အောက်တိုဘာ၂၉ရက်နေ့အထိ အိမ်ခြေ၁၄၈၊လူဦးရေ ၈၁၈ဦးဝင်ရောက်လာပြီလို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဝင်ရောက်လာသူတွေကို ကူညီပေးနေသူ ၁ ဦးက”ကျွန်တော်တို့ တွေဟာ တိုက်ပွဲတွေကြားကနေပြီး ‌လွှတ်မြောက်ရာသို့ နေရာအနှံ ထွက်ပြေးခိုလှုံနေကြတာပါ။ဘယ်လိုမှ နေလိုအဆင်မပြေတော့တယ်အချိန်မှာ ချင်းပြည်နယ် မီဇာကျေးရွာ ဘက်သို့ စစ်ဘေးတိမ်းရှောင်လာခဲ့ရတာပါ။” လို့ပြောပါတယ်။ အဆိုပါ ပလက်ဝမြို့နယ်၊မီးဇာကျေးရွာသို့ ဝင်ရောက်လာသူတွေမှာ ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်ရှိကျေးရွာ၁၀ရွာ(လုံခြုံရေးအရ ရွာနာမည်မဖော်ပြပါ)မှ ခမီလူမျိုးတွေဖြစ်တယ်လို့သိရပါတယ်။ ယခုနှစ် ဩဂုတ်လမှာလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်၊မောင်တောနဲ့မြောက်ဦးမြို့နယ်ရှိ ရခိုင်လူမျိုးအများအပြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာနဲ့ ထရွန်အိုင်ကျေးရွာသို့ ဝင်ရောက်လာခဲ့ပါတယ်။

Read More

စစ်ကောင်စီတပ် ရမ်းသမ်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဖလမ်းမြို့ကကျောင်းဆရာမ တစ်ဦး သေဆုံးကြောင်း သိရ

အောက်တိုဘာလ ၂၈ ရက်။ ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာချင်းပြည်နယ် ဖလမ်းမြို့မှာနေထိုင်တဲ့ကျောင်းဆရာမ တစ်ဦးဟာ သူမနေအိမ်မှာရှိနေစဉ် စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးက “လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးတယ်လို့တော့ သတင်းကြားတယ်။ သူက ကျောင်းဆရာမတစ်ဦးလည်းဖြစ်တယ်။ လက်ရှိချိန်ထိ ကျောင်းဆရာမ အလုပ်လုပ်နေတဲ့သူလို့ သိရပါတယ်” လို့ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သေဆုံးတဲ့ ကျောင်းဆရာမဟာ အသက် ၃၈ နှစ်အရွယ်ရှိသူလို့သိရပြီး စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်တဲ့ ကျည်ထိမှန်လို့ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တာလို့သိရပါတယ်။ ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကနေစလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့အထိ နေ့စဉ်ရက်ဆက်ရှိနေတယ်လို့လည်း သိရပါတယ်။

Read More

ဟားခါးမြို့မှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိလို့ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရ

အောက်တိုဘာလ ၂၈ ရက်။ ချင်းပြည်နယ်ရဲ့ မြို့တော်ဟားခါးမှာ ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့ပေါ်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံသက်ကြီးပိုင်းအမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး ထိခိုက်တာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။ ဟားခါးဒေသခံတစ်ဦးက “ ထိခိုက်ဒဏ်ရာရတဲ့ကြောင်းတော့ အသေးစိတ်မသိပေမယ့် မြို့သစ်ဖက်မှာလို့ ကြားတယ်။ ဒီမနက်ပိုင်းမှာ လက်နက်ကြီးကျခဲ့တာတော့ ရှိတယ်။ အရင်ကဒီလို မြို့တွင်းလက်နက်ကြီးကျတာမျိုးတော့ မရှိဘူး” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က ရုန်းတောင်ပေါ်ကနေ ဒီကနေ့မနက်ပိုင်း ရှစ်နာရီဝန်းကျင်လောက်မှာ လက်နက်ကြီး နှစ်ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် ဟားခါးမြို့သစ်ဖက်က သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။ ဟားခါးမြို့တွင်းမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာမျိုး အရင်ကမရှိခဲ့ဘဲ ဒီကနေ့မှသာ မြို့ပေါ်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲတာမျိုး…

Read More

မိတ္တူကူးစက်အဟောင်းများအတွင်း သိုဝှက်ပြီးကလေးမြို့ကိုသယ်ဆောင်ရောင်းဝယ်တဲ့ ငွေကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိ

အောက်တိုဘာလ ၂၈ ရက်။ မိတ္တူကူးစက်အဟောင်းများအတွင်း သိုဝှက်ပြီး မန္တလေးမြို့မှကလေးမြို့ကိုသယ်ဆောင်ရောင်းဝယ်တဲ့ ငွေကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီရဲ့အောက်တိုဘာလ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၆ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်းတွင် ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲ…

Read More

ဖလမ်းမြို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ရှိနေပြီး ဖလမ်းမြို့ခံတွေထပ်မံထွက်ပြေးတိမ်းရှောင်နေရ

အောက်တိုဘာလ ၂၇ ရက်။ ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အကြား အောက်တိုဘာ ၂၅ ရက်နေ့ကနေ ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့အထိ အပြန်အလှန် ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်နေသလို ဖလမ်းမြို့ခံလူဦးရေ တဝက်လောက်လည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဖလမ်းဒေသခံတစ်ဦးက “ ဒီကနေ့ ပစ်ခတ်မှုဖြစ်တာက စစ်ကောင်စီတပ်ဖွဲ့တွေ သူတို့နေတဲ့ ၂၆၈ တပ်ကုန်းကနေ ထွက်တာကြောင့် ပစ်ခတ်မှုဖြစ်တာဖြစ်တယ်။ မြို့ပေါ်က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတာမျိုးလည်း ရှိတယ်” လို့ပြောပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့က ဖလမ်းမြို့ပေါ်က ခလရ – ၂၆၈ တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့ထဲက အ.ထ.က (၁) မှာ နေရာယူတပ်စွဲဖို့ စစ်ကြောင်းထွက်လာတဲ့အချိန် လမ်းခုလတ်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)…

Read More

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များ သေဆုံးမှု အရေအတွက်တိုးလာ

ဆမ်ချိုမွန်း ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ စစ် ကောင်စီတပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုခံရတာအများဆုံးကြုံ နေရတဲ့မင်းတပ်မြို့နယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် ကလေးငယ်များ သေဆုံးမှု အရေအတွက် တိုးလာနေတယ်လို့ ဒေသတွင်း ကျန်းမာရေး ဝန်ထမ်းတွေကပြောပါတယ်။  မင်းတပ်မြို့နယ်အတွင်း မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောင့်မှု အခြေနေများ မင်းတပ်မြို့နယ် အတွင်းမှာ ဒီနှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေတာကြောင့် အရပ်သား ပြည်သူလူထု ပိုင်ဆိုင်တဲ့ အိုးအိမ်တွေ များစွာ ပျက်စီးဆုံးရှုံးမှု ရှိနေပါတယ် ။ အဆိုပါ ပျက်စီးဆုံးရှုံးမှုတွေ အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း မိခင် (သို့မဟုတ်) မွေးကင်းစ ကလေးသေဆုံးမှု နဲ့ မိခင်ဝမ်းအတွင်း သန္ဓေသားသေဆုံးမှု တွေပါ ရှိလာနေတာ…

Read More

ဖလမ်းမြို့ပေါ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၂၅ ရက်။ ချင်းပြည်နယ် ဖလမ်းမြို့မှာ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်( CNO/CNDF )အကြား ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးက “ ဒီနေ့ပစ်ခတ်တယ်လို့တော့ ဖြစ်စဉ်အသေးစိတ်တော့ မသိဘူး။ ၂ နာရီနီးပါးလောက်ကြာ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရတယ်။ အဲဒီမှာ ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း သိရတယ်” လို့ပြောပါတယ်။ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက်ပိုင်း ကိုးနာရီဝန်းကျင်လောက်မှာ ဖလမ်းမြို့ပေါ် အ.ထ.က (၁) ေကျာင်းဘက်ကို တပ်စွဲဖို့ သွားတဲ့အချိန် လမ်းခုလတ်မှာ CNDF ကတိုက်ခိုက်တာလို့လည်း ဒေသတွင်း သတင်းမီဒီယာတွေ ဖော်ပြချက်အရ သိရပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကောင်စီဘက်က…

Read More

တမူးမြို့နယ် သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့” ဟု ISP-Myanmar မှ အချက်အလက်မှားယွင်းဖော်ပြမှုအပေါ် ပယ်ဖျက်ပေးရန် ကူကီးအမျိုးသားတပ်မတော်က တောင်းဆို

အောက်တိုဘာ ၂၅ ရက်။ တမူးမြို့နယ် သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့” ဟုISP-Myanmar မှ အချက်အလက်မှားယွင်းဖော်ပြမှုအပေါ် ပယ်ဖျက်ပေးရန် အဆိုပါဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ကူကီးအမျိုးသားတပ်မတော်(KNA-B)က ေတာင်းဆို ေကြာင်းဒီနေ့အောက်တိုဘာလ ၂၅ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) မှ (၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက် မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ အထိ) “ဘုတလင်ဖြစ်စဉ်အပါအဝင် စစ်ကောင်စီကျူးလွန်ခဲ့သော အစုအပြုံလိုက်သတ်ဖြတ်မှုများ” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့က သတင်းအချက်အလက် ထုတ်ပြန်ရာတွင် “၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် တမူးမြို့နယ်…

Read More

တီးတိန်မြို့နယ်အတွင်း ဘိန်းခင်း ဧက၂၀ကျော်ကို PPF ZOLAND နှင့် PDF ZOLAND ပူးပေါင်းဖျက်ဆီး

အောက်တိုဘာလ ၂၄ ရက်။ ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နဲ့ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ ဘိန်းစိုက်ထားတဲ့ စိုက်ခင်းဧက(၂၀) ကျော်ကို အောက်တိုဘာလ ၂၂-၂၃ ရက် မှာ ၂ ရက်ဆက်တိုက် ဘိန်းပင်တွေဖျက်ဆီးနိုင်ခဲ့တယ်လို့ PDF Zoland ခေါင်းဆောင်တစ်ဦးမှ Chin World Media ကိုပြောပြပါတယ်။ ဘိန်းစိုက်တဲ့ ပိုင်ရှင်တွေဆီကိုသတိပေးစာကို ပေးထားသော်လည်း လိုက်နာမှုမရှိသည့်အပြင် ဆက်လက်လုပ်ဆောင်နေသောကြောင့် PDF Zoland နှင့် PPF Zoland ပူးပေါင်းရှင်းလင်းရခြင်းဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ “ခေတ်ကာလမကောင်းတဲ့ကြားမှာမကောင်းတဲ့စီးပွားရေးဖြစ်တဲ့ ဘိန်းစိုက်တာဟာ ပြည်သူနှင့်လူမျိုးတွေကိုဖျက်စီးနိုင်တယ်၊ ပညာတတ်လူငယ်တွေအများကြီးလည်း ပျက်စီးနိုင်တဲ့ အပြင် အချိန်ကြာရင် လူမျိုးပါ တုံးသွားနိုင်တဲ့အထိ ဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် အခြေအနေမဆိုးခင် အချိန်မှီ တားဆီးနိုင်ရန် အခုလိုဖျက်ဆီးရခြင်းဖြစ်ပါတယ်”လို့ PDF Zoland ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ တခြားနေရာမှာရှိတဲ့…

Read More

ပြန်လည်ခိုလှုံလာသူတွေကို MTC/MDF က လုံခြုံရေးအာမခံချက် အပြည့်အဝ ပေးမယ်ဆိုတဲ့ MTC /MDF ထုတ်ပြန်ခဲ့ဘူးတဲ့ စကားရပ်ဟာ IMC / CDF – Mara ကို လက်နက်ချအညံံံံ့ခံရန် ရည်ရွယ်ရေးသားခဲ့ခြင်းမဟုတ်တဲ့အကြောင်းထုတ်ပြန်

အောက်တိုဘာလ ၂၃ ရက်။ CDF – Mara တပ်ဖွဲ့ဝင်တွေအနေနဲ့ မိဘရင်ခွင်ကို ပြန်လည်ခိုလှုံကြပါရန်နှင့် ထိုသို့ပြန်လည်ခိုလှုံလာသူတွေကို MTC/MDF က လုံခြုံရေးအာမခံချက် အပြည့်အဝ ပေးမယ်ဆိုတဲ့ MTC /MDF ထုတ်ပြန်ခဲ့ဘူးတဲ့ စကားရပ်ဟာ IMC / CDF – Mara ကို လက်နက်ချအညံံံံ့ခံရန် ရည်ရွယ်ရေးသားခဲ့ခြင်းမဟုတ်တဲ့အကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF)က ဒီကနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရှင်းလင်းစာထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ – ၁၆ ရက်နေ့မှာ မရာငြိမ်းချမ်းရေးကော်မရှင်ရဲ့ ဦးဆောင်မှုနဲ့ MTC/MDF နဲ့ CDF – Mara ပြန်လည်ပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ (RIC) အစည်းအဝေးတွင် IMC / CDF –…

Read More