Headlines

ဟားခါးမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မလုပ်ကြဖို့ CDF – Hakha သတိပေးထုတ်ပြန်

အောက်တိုဘာလ ၁၆ ရက်။

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ကစလို့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အိမ်အပြင်မှာသွားလာတာမျိုး မလုပ်ဖို့ Chinland Defense Force – Hakha တပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၃၀ ရက်နေ့က CDF – Hakha အသိပေးထုတ်ပြန်ထားတဲ့ မိမိမွေးထားတဲ့ အိမ်မွေးခွေးကို ရောင်းခြင်း/သတ်ခြင်း ကို မလုပ်ဆောင်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ ထပ်မံပြီး CDF – Hakha အသိပေးထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေတာကြောင့်ဟားခါးမြို့မှာ ခွေးမွေးခွင့်မရှိ

ကြောင်းနှင့် မည်သူမဆို အိမ်ပြင်ထွက်နေတဲ့ လမ်းပေါ်က ခွေးတွေကို သတ်ခွင့် ရှိတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က CDF – Hakha မှ အသိပေးထုတ်ပြန်ထားပါတယ်။

လတ်တလော မှာ ဟားခါး – ထန်တလန်ကြားကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသလို CDF – Hakha တပ်ဖွဲ့ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား

က ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ကနေ လက်နက်ကြီးပစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *