Headlines

လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေကို လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော

ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီး တောင်းဆိုကြဖို့၊ ဆွေးနွေးကြဖို့တိုက်တွန်း ေကြာင်း၊နိုင်ငံရေးဆွေးနွေးမှုအစား လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေကို လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ ဒီနေ့ အောက်တိုဘာလ ၁၅ ရက်မှာကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) ၉ နှစ်မြောက် နှစ်ပတ်လည်ကို ပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတာကို အတိအလင်း ပြောထားကြားပြီးဖြစ်တာကြောင့်လို့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေပဲ ဆက်ပြီး ညှိနှိုင်းတောင်းဆိုကြတာတွေ လုပ်ကြဖို့ကိုပဲ သူက တိုက်တွန်းသွားပါတယ်။

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နဲ့မွန်ပြည်သစ်ပါတီ(NMSP)တို့က လက်မှတ် ေရးထိုးခဲ့ပါတယ်။ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ကမ်းလှမ်းဖိတ်ခေါ်တဲ့အကြောင်း အာဏာသိမ်း စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကြောင့်နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲ ဖော်ဆောင်ရွက်နိုင်ရန် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းနဲ့သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *