Headlines

ပလက်ဝမြို့ဆေးရုံတာဝန်ခံဒေါက်တာအေးကျော်ကိုပြန်လွတ်ပေးပြီး၊CDF – ပလက်ဝကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပလက်ဝမြို့နယ်ဒေသခံ ၅ ဦးကို (AA)က ထပ်မံဖမ်းဆီး

အောက်တိုဘာလ ၁၆ ရက်။

ချင်းပြည်နယ် ပလက်ဝမြို့ဆေးရုံတာဝန်ခံဒေါက်တာအေးကျော်ကိုပြန်လွတ်ပေးပြီး၊ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဝက်မကျေးရွာနေဒေသခံ ၅ ဦးကို CDF – ပလက်ဝကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပလက်ဝမြို့နယ် ဆမီးမြို့၊ ဝက်မကျေးရွာက ဦးအေးလွန်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်၊ ဦးမနောတို့ကို CDF ပလက်ဝ ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဆမီးက အေအေစခန်းကို စက်လှေနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံရတဲ့ ဆမီးမြို့နယ် ဝက်မကျေးရွာက ဒေသခံ ၅ ဦးတို့ဟာအသက်အရွယ်အားဖြင့် ၃၀ ကနေ ၄၀ အကြား အရွယ်ရှိတဲ့ အမျိုးသားတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

အာရက္ခတပ်တော် (AA )ဖော်ဆောင်နေတဲ့အုပ်ချုပ်ရေးမှာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်ဖြစ်ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံအဖြစ် ခန့်အပ်ခြင်းခံရတဲ့ ဒေါက်တာအေးကျော် ကို စက်တင်ဘာလ ၂၉ ရက်နေ့က (AA) ကဖမ်းဆီးခဲ့ပြီး လက်ရှိ အချိန်မှာ ခံဝန်နဲ့ ပြန်လွတ်လာပြီဖြစ်ပြီး ၎င်း နေအိမ်မှာ အကျယ်ချုပ်ချထားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇) ရက်နေ့ကလည်း ပလက်ဝမြို့နယ်က ဒေသခံ (၁၀)ဦးကို CDF – Paletwa ကို ထောက်ပံ့တယ်၊ ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာရက္ခတပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယနေ့ချိန်ထိ ပြန်လွှတ်လာခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *