Headlines

ကလေးမြို့နယ် ဆည်ကြီး‌တံတား ကို စစ်ကောင်စီတပ်က ပိတ်ဆို့ လိုက်တာကြောင့် ဒေသခံများ အခက်ကြုံ နေရ

ေအာက်တိုဘာလ ၈ ရက်။

ကလေးမြို့နယ် အနောက်မြောက်ဘက် ဝင်ပေါက်ထွက်ပေါက်ဖြစ်သော တာဟန်း-ဒိုးဝိုင်းချောင်း-ပျဉ်းခုံကြီး- ပြည်တော်သာ- လက်ပံချောင်း လမ်းမပေါ်ရှိ ဆည်ကြီး ချောင်းကူး တံတားကို စစ်ကောင်စီ စစ်တပ်မှ ပိတ်ဆို့ လိုက်တာကြောင့် ဒေသခံများ ကွင်းလမ်းများမှ သွားလာ ရခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ခရီးသွား တစ်ဦး ထံမှ သိရှိရပါတယ်။

“အောက်တိုဘာလ ၄ ရက်နေ့ လောက်က စပြီး ဆည်ကြီးချောင်း ကူးတံတားကို စ ကန့်သတ်ပြီး ပိတ်ချ လိုက်တာပါ။ ကလေးမြို့နယ် အနောက် မြောက်ဘက်ပိုင်း သွားလာလို့ အဆင်မပြေတော့ဘူး။ သန်းခေါင်စာရင်း ကောက်ယူ ဖို့ လုံခြုံရေး တင်းကျပ်တာ လို့ ထင်တယ်” လို့ ဒေသခံ တစ်ဦးက ပြောကြား သွား ပါတယ်။

“ကျွန်မတို့ ဆို ဆည်ကြီး တံတားကို ကွင်းဖို့ လက်ပံချောင်း ရွာကနေ ချင်းတောင် ကို တက်ရတယ်။ ဇိုဇန်-မွာလ်နွမ်း-ထန်ဆန်-ခိုင်ကမ်း စတဲ့ ရွာတွေ ဖြတ်ပြီး မြေသား အရမ်းချော်တဲ့ လမ်း ကနေ ကလေးမြို့ကို ပြန်လာခဲ့ရတယ်။ ကွင်းလမ်းတွေမှာ ခရီးသွားတွေ နဲ့ ပိတ်မိနေတယ်” လို့ ခရီးသွား အမျိုးသမီး တစ်ဦး က သူမရဲ့ အတွေ့အကြုံကို ရှင်းပြခဲ့ ပါတယ်။

ကလေးဝမြို့ ဘက်သွားသည့် လမ်းမ လည်း ပိတ်ဆို့ ထားတာ ကြောင့် ကလေးမြို့ မြောက်ဘက် ကို ခရီးသွားလာလို့ မရဘူး လို့လည်း ထပ်မံ သိရှိခဲ့ရပါတယ်။

ကလေးမြို့ တောင်ဘက် အထွက်လမ်းဖြစ်တဲ့ ဂန့်ဂေါ လမ်းဖက် ကိုလည်း စစ်တပ်က အောက်တိုဘာ ၅ ရက်နေ့မှာ မြောင်းတူး ကာ သွားလာလို့ မရအောင် ဖျက်ဆီး ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *