
နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ မွေထိုင်းပွဲ ထိုးသတ်မယ့် ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ်
ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ် (Salai John Hmuak) ဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာည ၉ နာရီမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Loikroh Boxing Stadium မှာ မွေထိုင်းပွဲ ယှဉ်ပြိုင်ထိုးသတ်မယ်လို့ သိရပါတယ်။ ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ်က“Loikroh Boxing Stadium မှာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ည ၉ နာရီမှာ ထိုးသတ်မှာ ပြိုင်ဘက်ကိုတော့ကြိုပြောထားတာမျိုးမရှိသေးတော့ နိုင်ငံခြားသားဖြစ်မလား၊ ထိုင်းလူမျိုးဖြစ်မလားဆိုတာတော့ မသိရသေးဘူး။ ဒီပွဲအတွက် တစ်လလောက်တော့ အကောင်းဆုံးပြင်ဆင်ထားတယ် အခုယဉ်ပြိုင်မှာက မွေထိုင်းဆိုတော့ Boxing ပိုင်းကိုလည်း ပြင်ဆင်ထားတယ်၊ မွေထိုင်းနဲ့ Boxing နှစ်မျိုးကို အကောင်းဆုံးပြင်ဆင်ထားတယ်”လို့ Chin World Media ကိုပြောပါတယ်။ ချင်းလူငယ်ဖိုက်တာ ဆလိုင်းဂျွန်မွှတ်ဟာ…