Headlines

CDF – Paletwa ကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပလက်ဝဒေသခံ ၁၀ ဦးကို AA ကဖမ်းဆီးထားကြောင်းသိရ

စက်တင်ဘာလ ၂၈ ရက်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံ (၁၀) ဦးကို CDF – Paletwa ကို ထောက်ပံ့တယ်၊ဆက်သွယ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာရက္ခတပ်တော် (AA) ကစက်တင်ဘာလ (၁၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပလက်ဝက ဒေသခံ ၁၀ ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရရှိထားတယ်၊၁၀ ဦးထဲကနေ ၆ ဦးရဲ့အမည်စာရင်းနဲ့ အတိအကျ သိရှိထားတယ်၊ပြီးခဲ့တဲ့ (၁၇) ရက်နေ့ကစလို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ် ဘာကြောင့်ဖမ်းခံရတာလဲဆိုရင် ပလက်ဝမှာ တော်လှန်ရေးလုပ်နေတဲ့ CDF – Palatwa နဲ့ပတ်သက်မှု သူတို့ကို ထောက်ပံ့တယ်ဆိုတဲ့ ပတ်သက်ဆက်နွယ်မှု ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ကြားသိရတယ်” လို့ Chin World Media ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ပလက်ဝမြို့နယ် ငရှားရွာက ဒေသခံ ၅ ဦးနဲ့ ချင်းဒေါက်ရွာဒေသခံ ၂ ဦး နဲ့ ရေချမ်းသာရွာက ဒေသခံ ၃ ယောက်လို့ သိရပြီး ယနေ့အချိန်ထိ ပြန်လွှတ်လာခြင်းမရှိသေးဘူးလို့လည်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံ (၁၀) ဦး ဖမ်းဆီးခံရတာနဲ့ ပက်သက်ပြီး ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC)ဘက်ကလည်း မှန်ကန်ကြောင်း အတည်ပြုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *