Headlines

မြန်မာနိုင်ငံမှာ  နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းခွဲနီးပါးရှိေကြာင်း ကုလသမဂ္ဂ ထုတ်ပြန်

စက်တင်ဘာလ ၂၈ ရက်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများ နှင့် တိုက်ပွဲများကြောင့် လူဦးရေ ၃ ဒသမ ၅ သန်း နီးပါးမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး အသက်ကယ်ဆယ်ရေး အထောက်အပံ့အကူအညီများ လိုအပ်နေကြောင်း  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) က စက်တင်ဘာလ ၂၇ ရက်ကထုတ်ပြန်ပါတယ်။

အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများထဲမှ ၃ ဒသမ ၂ သန်းခန့်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများ ၊ ပဋိပက္ခများ နှင့် မလုံခြုံမှုများကြောင့် ဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်သွားခြင်းမှာ ဆိုးရွားသည့် မှတ်တမ်းတစ်ခုပင်ဖြစ်ကြောင်း UNOCHA ကထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နေအိမ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေသူဦးရေမှာ တစ်စထက်စ မြင့်တက်လာခဲ့ပြီး သယ်ယူပို့ဆောင်‌ရေး ပိတ်ဆို့မှုများကြောင့် ဒေသအများအပြားမှာထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း UNOCHA က ထုတ်ပြန်ထားပါတယ်။


၂၀၂၁ အာဏာသိမ်းပြီး ေနာက် ၅ သိန်း၀န်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိတဲ့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့၂၀၂၄ ခုနှစ်ဇွန်လ ၃ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *