Headlines

မဟာမိတ်ပီသစွာ ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း၊ လက်နက်ခဲယမ်းထောက်ပံ့ပေးခဲ့ခြင်းတို့အပေါ် အာရက္ခတပ်တော်(AA)ကို အထူးကျေးဇူးတင်တယ်လို့ CDF -မတူပီ (တပ်မဟာ – ၁ ) ကထုတ်ပြန်

စက်တင်ဘာလ ၂၉ ရက်။

ချင်းပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေးတိုက်ပွဲမှာ အိမ်နီးချင်းမဟာမိတ်ပီသစွာ ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း လက်နက်ခဲယမ်းထောက်ပံံ့ပေးခဲ့ခြင်းတို့အပေါ် အာရက္ခတပ်တော်(AA) ကို လေးနက်စွာ အထူးကျေးဇူးတင်တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ -၁ )က ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ အဖွဲ့ဝင်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ -၁ ) ကို သူတို့ မဟာမိတ် အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းတချို့ ကူညီပံ့ပေးအပ်တဲ့ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်နက်ခဲယမ်း ကူညီပံ့ပိုးပေးအပ်တဲ့ အခမ်းအနားကို အာရက္ခတပ်တော်တပ်မှူးများ၊ မတူပီတပ်မဟာ – ၁ က တပ်မှူးတပ်ဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီး မိမိတို့အဖွဲ့အစည်းနှစ်ခုကြားမှာ အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေးများကို ဆက်လက်အားကောင်းစေရေး၊ စစ်ရေးပူးပေါင်းမှု ယခုထက်ပိုမို အားကောင်းစေရး အိမ်နီးချင်း အတူနေထိုင်လာကြသော မိမိတို့ လူမျိုးအချင်းချင်းအကြား ချစ်ခင်ရင်းနှီးမှုများ ပိုမိုတိုးပွားလာရေးကို နှစ်ဖက်တပ်မှူးမှ ထည့်သွင်းပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မတူပီမြို့ကို CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ် အာရက္ခတပ်တော် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *