Headlines

တိုက်ပွဲကြောင့် ၂ လ ကျော်ပိတ်ထားရတဲ့ တီးတိန်မြို့ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်

ဩဂုတ်လ ၁ ရက်နေ့မှာ  တီးတိန်မြို့တွင်း တိုက်ပွဲ ကြောင့် နှစ်လကျော် ပိတ်ထားခဲ့ရတဲ့ တီးတိန်မြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံ ပြန်လည် ဖွင့်လှစ်ခဲ့တယ် လို့ တီးတိန်ဒေသခံများ ထံမှ ကြားသိခဲ့ရတယ်။  “လက်ရှိမှာတော့ လက်ထောက် ဆရာဝန် နှစ်ယောက်ရှိတယ်။ ဆေးရုံ ပြန်ဖွင့် တာနဲ့ တက်ရောက် ကုသ တဲ့ လူ တခါတည်း ရှိတာပဲ။ ဒီနေ့ နေ့ခင်း အထိ သိရသလောက် က ညအိပ် တက်ရောက်မယ့် လူနာ တစ်ယောက် ရှိတယ် လို့ ပြောကြတယ်” လို့ ယင်း တီးတိန်မြို့ဒေသခံက Chin World Media ကို ပြောပါတယ်။  နှစ်လ ကျော်ကြာ ပိတ်ခဲ့ရသည့် ဆေးရုံကို…

Read More

တော်လှန်ရေးကိုအနှောင့်အယှက်ပေးတဲ့အတွက် ဟားခါးမြို့မှာ အိမ်မွေးခွေးတွေ မမွေးကြတော့ဖို့ CDF – Hakha အသိပေးထုတ်ပြန်

တော်လှန်ရေးကို အနှောင့်အယှက်ပေးတဲ့အတွက် ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှာ ခွေးမွေးထားတဲ့သူတွေအနေနဲ့ မိမိခွေးကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရောင်းကြဖို့ နဲ့ ဒါမှမဟုတ် သတ်ကြဖို့ကို CDF – Hakha က ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြို့ပေါ်က ခွေးတွေဟာ သူများကို ကြောက်လန့်စေသလို၊ တော်လှန်ရေးအတွက်လည်း တော်တော်ကို အနှောက်အယှက်ပေးတဲ့ အတွက် သြဂုတ်လ ၁ ရက်နေ့နောက်ဆုံးထားပြီး မိမိမွေးထားတဲ့ ခွေးတွေကို ရောင်းရင်ရောင်း၊ မရောင်းရင် သတ်ကြဖို့ ကြေညာလိုက်ပါတယ်၊ခွေးဟောင်လို့ ဟောင်တဲ့ဘက်ကို စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နိုင်တယ်။ အဲဒီလိုချိန်ကျရင် မိမိရပ်ကွက်၊ အိမ်နီးနားချင်းတွေအတွက် အခက်အခဲတွေ ကြုံတွေ့စေနိုင်တယ် နောက်ပြီးတော်လှန်ရေးသမားတွေလည်းဒုက္ခရောက်နိုင်တယ်လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် အိမ်ပြင်ထွက်လာတဲ့ ခွေးတွေကို…

Read More

ဟားခါးမြို့မရဲစခန်းကနေ ကယ်ထုတ်ခဲ့တဲ့အကျဉ်းသူ/သား ၆၂ ဦးထဲမှာ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၇ ဦးပါဝင်တယ်လို့ သိရ

ဟားခါးမြို့မ ရဲစခန်းကနေ CDF-Hakha တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့တဲ့ အကျဉ်းသူ/သား ၆၂ ဦးထဲမှာ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၇ ဦးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသူ ၁၅ ဦး၊ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသူ ၁၅ ဦး၊ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသူ ၉ ဦးနဲ့ ထောင်ဒဏ် ၆ နှစ်၊၈ နှစ်၊၁၃ နှစ် ချမှတ်ခံရသူ ၃ ဦး ပါဝင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO )ရဲ့ ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ Operation Rung အမည်နဲ့ CDF – Hakha က ဇူလိုင်လ ၂၀…

Read More

CNF နှင့် ZRO တို့ ပထမအကြိမ်တွေ့ဆုံမှုမှာအချက် ၃ ချက်ကို ကနဦးသဘောတူ

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Zo Reunification Organization (ZORO) အဖွဲ့ရဲ့စီစဉ်ဆောင်ရွက်မှုနဲ့ချင်းအမျိုးသားတပ်ဦး (CNF/CNA ) နှင့် ဇိုမီးပြန်လည်ပေါင်းစည်း ညီညွတ်ရေးအဖွဲ့ (ZRO/ZRA) တို့ရဲ့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်မှာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူများ လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုလုပ်သွားရန်သဘောတူညီကြောင်း စသည့်အချက်အပါအဝင်အချက် ၃ ချက်ကို ကနဦးသဘောတူလက်မှတ်ရေးထိုးခဲ့ ကြကြောင်း CNF နဲ့ ZRO ၂ ဖွဲ့ရဲ့ပူးပေါင်းထုတ်ပြန်ချက်စာအရသိရပါတယ်။ CNF နှင့် ZRO တို့အကြား ဇူလိုင်လ ၂၇ မှာ တွေ့ဆုံဆွေးနွေးပြီးရရှိလာတဲ့ သဘောတူညီချက်များမှာ ချင်း-ကူကီး-ဇိုမီး/မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသော ညီအကိုများဖြစ်ကြကြောင်း၊ အမျိုးသားပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သည့်အချိန်တွင် ယခုကဲ့သို့ ညီအကိုအချင်းချင်းကြား သဘော…

Read More

နားထောင်ပေးမည့်သူမရှိတဲ့ ချင်းဒုက္ခသည်တွေရဲ့ ငိုရှိုက်သံများ

ခွန်ဘီလီ ခရီးသွားဧည့်သည်၊ နယူးဒေလီ အချိန်က မနက် မိုးမလင်း တလင်းချိန်၊ ဇန်န၀ါရီလကုန်ဆိုပေမဲ့ ချင်းတောင်ပေါ်မှာတော့ မနက်ခင်း နှင်းဖုံးလွှမ်း နေတုန်းပေ့ါ။ အပြင်ကိုထွက်ကြည့်လိုက်တော့ မိုးကောင်းကင်က ကြည်လင်နေပြီး ကြယ်ကလေးတွေ လင်းလက်နေတုန်းပဲ။ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြီးသွားပေမဲ့ ခုချိန်ထိ နိုင်ငံရေး စကားလုံးတွေ၊ ငြင်းခုန်သံတွေက မရပ်သေးဘူး။ မနက်စောစော ထပြီး ရှစ်လမ်းဆုံက လက်ဖက်ရည်သောက်၊ ပလာတာလေးစားပြီး အသိမိတ်ဆွေတွေနဲ့ စကားပြောကြမယ်။ လူတွေငြင်းခုန်နေတဲ့ နိုင်ငံရေး ဗဟုသုတတွေလည်း နားထောင်မယ်ဆိုပြီး မျက်နှာသစ်၊ သွားတိုက်လိုက်တယ်။ အိမ်ပေါ်တက်လာတော့ ဖုန်းတုန်ခါသံလေးမြည်နေတယ်။ ချက်ခြင်းဖွင့်ကြည့်လိုက်တော့ စစ်တပ်က အာဏာသိမ်းပြီ ဆိုတဲ့Facebook က noticeစာလေးကို တွေ့လိုက်တော့ ဆွံ့အသွားတယ်။ လက်ဖက်ရည်ဆိုင်သွားမည့် ခြေလှမ်းတွေ လည်း တွန့်ဆုတ်သွားတယ်။ ဒီလိုနဲ့ ကိုယ့်လိုပဲ ဖေဖေါ်၀ါရီလ…

Read More

Chinland Council အဖွဲ့ဝင်၊တွန်းဇံမြို့နယ်ကောင်စီဥက္ကဌပူးထန်ဆွင်းမုန်နဲ့အင်တာဗျူး

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုက ချင်းပြည်နယ်မြောက်ပိုင်းရှိကျီခါးမြို့နှင့်တွန်းဇံမြို့ကို မေ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ကျီခါးမြို့ကို ချင်းတော်လှန်ရေးအင်အားစုများက မေ ၁၉ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ တွန်းဇံမြို့နယ်ကို မေလ ၂၃ ရက် မှာ ချင်းတော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။တွန်းဇံမြို့ကို သိမ်းပိုက်ခဲ့ပြီးေ နာက် ၂ လ နီးပါးအကြာ ယခုလက်ရှိ တွန်းဇံမြို့အ ခြေ အ နေနဲ့တွန်းဇံမြို့ကို ဘယ်လိုအုပ်ချုပ်စီမံ နေလဲဆိုတာကို Chinland Council အဖွဲ့ဝင်၊ CDF-Tonzang စစ်ဦးစီးချုပ်၊ Tonzang Township Council ဥက္ကဌ ပူးထန်ဆွင်းမုန် နှင့် တွန်းဇံမြို့နှင့် ပတ်သက်သော အရေးကိစ္စများကို Chin World Media က ဇူလိုင် ၁၇ ရက်မှာ…

Read More