မင်းတပ်မှာ ၆ လ အတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် CDF တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးကာ၊ပြည်သူ ၅၀ ကျော်ဒဏ်ရာရ
မင်းတပ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၆ လတာအတွင်း အပြစ်မဲ့ပြည်သူ ၈ ဦး(မြို့နယ်ပြင်ပသို့ ကယ်ရီသမားအဖြစ်သွားခဲ့ကြသည့်ပြည်သူ ၆ ဦး အပါအ၀င်) နှင့် CDF တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးကာ ၊ပြည်သူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ် )ကဒီကနေ့ သြဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၆ လတာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၈၆) ကြိမ်လုပ်ခဲ့ပြီး အရပ်သား ပြည်သူနေအိမ် ၅၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း ၁ လုံး နဲ့ စာသင်ကျောင်း ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့ပြင်…