
လောက်တူဒေသမှာဖြစ်တဲ့ ဘာသာရေးကိစ္စကို လောက်တူပြည်သူ့ရေးရာ ကောင်စီမှာ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ သိရ
ချင်းပြည်နယ် လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ရွာမှာဖြစ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်နဲ့ပတ်သက်လို့ လောက်တူပြည်သူ့ရေးရာကောင်စီမှာ ဆွေးနွေးမှုတွေ လုပ်သွားဖို့ရှိတဲ့ကြောင်း နဲ့ အမုန်းပွားလှုံ့ဆော်မှုဖြစ်စေနိုင်တဲ့ ကိစ္စတွေ အထူးသတိထားရှောင်ကြဉ်ပေးကြဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက သြဂုတ်လ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ လောင်ထန်တလန်ကျေးရွာမှာ ခရစ်ယာန်ဘာသာထဲက အသင်းတော် တစ်ခုဖြစ်တဲ့ AG (ဧဝံဂေလိ) အသင်းသားဖြစ်လို့ ရွာကနေ နှင်ထုတ်ခံရတယ်ဆိုတဲ့ ဗီဒီိယိုရုပ်သံဖိုင် လူမှုကွန်ယက်စာမျက်နှာတွေမှာ ဩဂုတ်လ ၁၈ ရက်နေ့မှာ ပျံ့နှံ့ခဲ့ပြီး ချင်းလူမျိုးအသိုင်းအဝိုင်းအကြားမှာ ဝေဖန်မှုတွေလည်း များပြားခဲ့ပါတယ်။ လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ကျေးရွာမှာ ဧပြီလကုန်ပို်င်းလောက်စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆိုင်ရာ ၊အသင်းတော်ဆိုင်ရာပြဿနာတွေကို သြဂုတ်လ ၁၈ ရက်နေ့ကစတင်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ ဖြစ်စဉ်မှာပါဝင်တဲ့ နှစ်ဖွဲ့က ဒေသတရားရေးအဖွဲ့ကို အပြန်အလှန် တိုင်တန်းခဲ့ကြတယ်လို့လည်း…