Headlines

ပလက်ဝမြို့နယ်မှာ လေးမြို့မြစ်ရေတက်လို့ ကျေးရွာ ၁၃ ရွာ ရေနစ်မြုပ်ပြီးဒေသခံ ၁ ထောင်ကျော် အရေးပေါ်အကူအညီ လိုအပ်နေ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် မှာ လေးမြိုမြစ်ရေ မြင့်တက်လို့ ကျေးရွာ ၁၃ ရွာ ရေမြုပ်ခဲ့ပြီး ရေဘေးသင့်ဒေသခံ ၁၀၀၀ ခန့် အရေးပေါ် အကူအညီ လိုအပ်နေကြတယ်လို့ ပလက်ဝမြို့နယ်သတင်းတွေအဓိကဖော်ပြနေတဲ့ KIMO Media ရဲ့ ဩဂုတ်လ ၂၄ ရက် သတင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြစ်ရေတွေ ရုတ်တရက်ကြီးပြီး ရေကြီးရေလျှံဖြစ်ကာ ဒေသခံတွေအနေနဲ့ ပစ္စည်းပြောင်းရွှေ့ချိန်တောင် မရခဲ့ဘဲ ရေဘေးသင့်ခဲ့ရတာလို့လည်း သိရပါတယ်။ လေးမြို့မြစ်ရေတက်လို့ ပလက်ဝမြို့နယ်က မောင်ကျေးရွာ၊ အလယ်ဒိန်ကင်းကျေးရွာ၊ နန်းမနူးကျေးရွာ၊ ကိုဖေကြီးကျေးရွာ၊ ကိုဖေရှေကျေးရွာ၊ အောက်သံထောင်ကျေးရွာ၊ သံထောင်ရွာ၊ စုတ်ချောင်းရွာ၊ ဂါရာပြင်ကျေးရွာ နဲ့ ကြက်ဖတောင်ကျေးရွာတွေမှာ ရေအနည်းငယ်မြုပ်ပြီး ပန်းဘွေရွာ၊ ဗုဒ္ဓဂါရွာနဲ့ ဝန်ချောင်းရွာတွေကတော့…

Read More

ဟားခါးတက္ကသိုလ်ဖွင့်လှစ်ဖို့ စစ်ကောင်စီကြိုးစားတာ လက်တွေ့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေပြော

ချင်းပြည်နယ် ဟားခါးမြို့က ဟားခါးတက္ကသိုလ်ကို ဖွင့်လှစ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်နေတဲ့အပေါ် လက်တွေ့ မဖြစ်နိုင်တဲ့အကြောင်း ဟားခါးမြို့ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ သူတွေတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို သြဂုတ်လ (၂၆ ) ရက်နေ့ကနေ စက်တင်ဘာလ (၁၂) ရက်နေ့အထိ ရုံးပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီ ဖြစ်တဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးပြောတာက “မနှစ်က အခြေအနေလိုမှာတောင် ကျောင်းသားဦးရေက မရှိသလောက်ဖြစ်တဲ့ဟာကို ဒီနှစ်လို တိုက်ပွဲတွေ ကျောင်းနားဝန်းကျင်ထိ ဖြစ်လာတဲ့အချိန် ဘယ်သူက သွားလျှောက်ကြမလဲ မဖြစ်နိုင်ပါဘူး” လို့်ပြောပါတယ်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ သူတွေ တက္ကသိုလ်ဝင်ခွင့် လျှောက်လို့ရတဲ့ တက္ကသိုလ်စာရင်း…

Read More

ကလေး-တီးတိန် လမ်းတလျှောက်ရှိ ဂိတ်ကြေးများကြောင့်နှင့် လောင်စာဆီဈေးတက်ခြင်း ကြောင့်တီးတိန်မြို့မှာစားသောက်ကုန်များ စျေးမြင့်တက်လာရခြင်းဖြစ်ကြောင်းသိရ

တီးတိန်မြို့မှာအခြေခံစား သောက်ကုန်များ ယခုရက်ပိုင်းအတွင်း ဈေးမြင့်လာခြင်း နှင့် ကားခများ မြင့်တက်လာခြင်းဟာကလေး-တီးတိန် လမ်းမကြီးတလျှောက်ရှိဂိတ်ကြေးများကြောင့်နှင့် လောင်စာဆီဈေးတက်ခြင်း ကြောင့် ဖြစ်ကြောင်း က လေး-တီးတိန် ယာဉ်လိုင်း ပြေးဆွဲနေသူ တစ်ချို့ထံမှ သိရပါတယ်။ “ကလေး-တီးတိန် ခရီးအတွက်ကလေးမြို့ကနေ တက်လိုက်တာနဲ့ တောင်ဖီလာ လမ်းခွဲ၊ ဘီးခွန် နှစ်ခါ၊ တက္ကသိုလ် မုခ်ဦး၊ ခိုင်ကမ်း၊ သိုင်ငင်း၊ ဆူဇန် စတဲ့ ဂိတ်တွေ ဖြတ်လိုက်တော့ မီနီဘတ်စ် တွေက အနည်းဆုံး ကျပ် နှစ်သိန်း နှစ်သောင်း ကုန်တယ်။ စစ်ကောင်စီတွေရဲ့ ဂိတ်တွေရော၊ တော်လှန်ရေး အဖွဲ့တွေရဲ့ ဂိတ်တွေပါ ပေးလိုက်ရတယ်။ အပြန်ကျတော့ ဆူဇန် ဂိတ်က လွှဲရင် ကျန်ဂိတ် အားလုံး ပြန်ကောက်တယ်။ တခါတလေ လျော့ပေးတယ်။ အသွားအပြန်…

Read More

မင်းတပ်မြို့ပေါ်မှာ လူနေအိမ် ၆ လုံးမီးလောင်ပြာကျ၊လူထိခိုက်မှုမရှိ

ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့ပေါ်မှာ ယမန်နေ့ည ဩဂုတ်လ ၂၂ ရက်၊ည ၁၁ နာရီဝန်းကျင်လောက်မှာ မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်- မတူပီကားလမ်းမကြီးဘေး ဝိတိုရိဘော်ဒါဆောင်အောက်ဘက်မှာရှိတဲ့ နေအိမ် ၆ လုံးမီးလောင်ပြာကျသွားခဲ့ကာ၊လူထိခိုက်မှုမရှိဘူးလို့ မင်းတပ်သတင်းတွေအမြဲဖော်ပြနေတဲ့မင်းတပ်မြို့ဒေသခံ HKL Mindat ကသူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုမသိရပေမယ့် မီးမလောင်ခင်မှာ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းထဲကနေ လက်နက်ကြီး ၄ ကြိမ်လောက် ရမ်းသမ်းပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ၊မီးလောင်သွားတဲ့ နေအိမ်တွေအဲဒီနေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်လေ့ရှိကြောင်း၊မီးလောင်မှုဟာ လက်နက်ကြီးပစ်ခတ်မှုကြောင့်လား၊ရှို့မီးကြောင့်လားသေချာမသိရသေးကြောင်း၊မီးလောင်သွားတဲ့နေအိမ်တွေနဲ့ အနီးပတ်ဝန်းကျင်မှာ အရပ်သား ပြည်သူတစ်ယောက်မှမနေထိုင်ကြဘဲ အားလုံးစစ်ဘေးရှောင်နေကြ ရကြောင်း၊ဒေသခံပြည်သူတွေက ညဘက်အပြင်မထွက်ရဲကြကြောင်း၊စစ်ကောင်စီတပ်သာညဘက်အပြင်ထွက်လေ့ရှိကြောင်းမင်းတပ်သတင်းတွေအမြဲဖော်ပြနေတဲ့မင်းတပ်မြို့ဒေသခံ HKL Mindat ကသူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ မင်းတပ်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွါးနိုင်တဲ့အနေအထားမှာရှိနေတယ်လို့ CDF-Mindat က ဩဂုတ်လ…

Read More

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့မြန်မာနိုင်ငံသားအားလုံးပြန်လွှတ်ပေးဖို့ နဲ့ မြန်မာနိုင်ငံက ဖိနှိပ်ခံနေရတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေ ကို ကာကွယ်ပေးဖို့ အိန္ဒိယအစိုးရကို India For Myanmar နဲ့ Myanmar Hindu Union တို့က ပူးတွဲပြီး အကူညီတောင်း

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားအားလုံးပြန်လွှတ်ပေးဖို့နဲ့မြန်မာနိုငံက ဖိနှိပ်ခံနေရတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေကို ကာကွယ်ပေးဖို့အိန္ဒိယနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်အကြီးအကဲတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India For Myanmar နဲ့ Myanmar Hindu Union တို့က ပူးတွဲပြီး အကူညီတောင်းခံစာ သြဂုတ်လ ၂၂ ရက်နေ့က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India For Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ကျနော်တို့ တောင်းဆိုချက်က နှစ်မျိုးရှိတယ် ပထမတစ်မျိုးကတော့ ဟိန္ဒူအသိုင်းအဝိုင်းတွေ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ကြုံတွေ့နေရတဲ့ ဟာရယ် ခေတ်အဆက်ဆက်ဆိုတဲ့နေရာမှာ မင်းအောင်လှိုင်အာဏာရရှိလာပြီးနောက်ပိုင်း အခြေအနေပိုပိုဆိုးလာနေတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေရဲ့ အခြေအနေကို ကာကွယ်ပေးဖို့…

Read More

တီးတိန်မြို့မှာ ရေ ပေးဝေသူ အမျိုးသား ၁ ဦး မိုင်းနင်းမိလို့ ခြေတဖက်ပြတ်၊ ပြည်သူ့ဆေးရုံတွင် ကုသနေ

ဩဂုတ်၂၃ ရက်နေ့မနက် ၇ နာရီခန့် တွင် ရေဖွင့်ရန် တီးတိန်မြို့ပြည်သူ့ဆေးရုံဘေး တောင်ကုန်းထက်သို့ သွားစဉ် တီးတိန်မြို့ က ရေ ပေးဝေသူ အသက် ၄၅ နှစ်ခန့် အရွယ် ရှိ ဦးကမ်ခေါထွန်း (Kam Khua Thawn) ဟာ ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အထက်နားမှာ မိုင်းနင်းမိပြီး ယာဘက် ခြေထောက် ဒူး အောက်နား ကနေ ပြတ်သွား ကြောင်း တီးတိန်မြို့နေ ပြည်သူတွေဆီကသိရပါတယ်။ “သူ့ကို ပြည်သူ့ဆေးရုံ မှာ ကုနေပါတယ်။ ခွဲခန်းထဲ ဝင်နေတုန်းပါ။ အသက်အန္တရာယ် တော့ မရှိဘူး လို့ သိရတယ်။ သူ နေတိုင်း သွားလာနေတဲ့ နေရာမှာပဲ ဖြစ်သွားတာပါ” လို့ တီးတိန်မြို့ခံ ၁…

Read More

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ၆ လ အတွင်း ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ထိခိုက်ဒဏ်ရာရ ၃၂၅ ဦးရှိခဲ့

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ချင်းပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ဒီနှစ် ၂၀၂၄ ခုနှစ် ၆ လအတွင်း ဖြစ်ရပ်ပေါင်း ၁၈၀ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၂၅ ဦးရှိပြီး နို်င်ငံတစ်ဝှမ်း သေဆုံးမှုအားလုံးရဲ့ ၄၇ ရာခိုင်နှုန်းရှိတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ( UNICEF )ရဲ့ ဇူလိုင်လ အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာ အရသိရပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လအထိ ၆ လအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းက အရပ်သားထိခိုက်သေဆုံးမှု ၁၀၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၉၀ ဦးရှိကာ စုစုပေါင်း ၆၉၂ ဦး…

Read More

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြား ပဋိပက္ခ ပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) ကထုတ်ပြန်

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြား ပဋိပက္ခ ပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) က ဇူလိုင်လ ၁၈ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ ၂ ပတ်အကြာ ကောက်ယူတဲ့ ချင်းလူထု သဘောထား စစ်တမ်းနဲ့ ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့ မှာ CCM ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရှိရပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF )ဦးဆောင်တဲ့ Chinland Council အင်အားစုနဲ့ ချင်းညီနောင်အဖွဲ့ အချင်းချင်းကြား လက်ရှိဖြစ်နေတဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး Chin Civic Movement (CCM)က စစ်တမ်းကောက်ယူခဲ့ပြီး ချင်းလူမျိုးနွယ်စု ၃၅ မျိုးနွယ်စုပါဝင်တဲ့ လူဦးရေ ၁၀၁၀ ဦးက စစ်တမ်းဖြေဆိုထားပါတယ်။ Chin Civic…

Read More

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ CDF – Mindat အသိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွား လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်(CDF-Mindat) က ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မိဘပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားလာပါက တိုက်ပွဲသတင်းတွေ အထိအခိုက်ကျဆုံးမှုများ တိကျခိုင်လုံမှုမရှိတဲ့ သတင်းတွေကို မိမိ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေခြင်း လုံးဝ မပြုလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်က အသိပေးထားပါတယ်။ မင်းတပ်မြို့နယ်အတွင်း ဒီလအတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်လို့ လူသေဆုံး၊ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေအနေနဲ့ ပုန်းခိုစရာနေရာတွေ သေချာတူးထားဖို့နဲ့ လူစုလူဝေး မလုပ်ကြဖို့ကိုလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က က…

Read More

ချင်းပြည်(Chinland) ကောင်စီနဲ့ မီဇိုးကျောင်းသားသမဂ္ဂ (MZP) တို့တွေ့ဆုံမှုမှာ ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများကိုဖြေရှင်းရာမှာအကြမ်းဖက်သောနည်းလမ်းကိုအသုံးမပြုရန် အချက်အပါအဝင် အချက် ၃ ချက်ကို သဘောတူကြောင်းထုတ်ပြန်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့ မှာ ချင်းပြည်(Chinland)ကောင်စီ/ချင်းပြည်အစိုးရနှင့် မီဇိုးကျောင်းသားသမဂ္ဂ (MZP )အဖွဲ့တို့ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများကိုဖြေရှင်းရာမှာအကြမ်းဖက်သောနည်းလမ်းကိုအသုံးမပြုရန် နှင့် Chinland Council အနေဖြင့် ချင်းပြည်အတွင်းရှိ အဖွဲ့အစည်းအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများရှာဖွေသွားရန် ၊စည်းလုံးညီညွတ်ရေးအတွက် MZP အဖွဲ့ရဲ့ကြိုးစား ဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း၊စတဲ့ အချက် ၃ ချက်ကို ဆွေးနွေးသဘောတူခဲ့ကြကြောင်း MZP အဖွဲ့က ဒီနေ့ဩဂုတ်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ်လ ၂၀ ရက်က အိုက်ဇောလ်မြို့၊ MZP ရုံးမှာ ပြုလုပ်တဲ့ ချင်းပြည်(Chinland)ကောင်စီ/ချင်းပြည်အစိုးရနှင့် မီဇိုးကျောင်းသားသမဂ္ဂ (MZP )အဖွဲ့တို့အစည်းအဝေးမှာ ချင်းပြည်(Chinland) ကောင်စီကဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရဝန်ကြီးချုပ်ပူးပါထန်းဦးဆောင်တဲ့ Chinland Council အဖွဲ့ဝင်တချို့ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။…

Read More