Headlines

စစ်ကိုင်းတိုင်း မှာ (၇)လအတွင်း အကြမ်းဖက်မှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးခရိုင်ထဲ ကလေးခရိုင်ပါဝင်

စစ်ကိုင်းတိုင်းအတွင်း ဒီနှစ်၂၀၂၄ ခုနှစ်၊ (၇)လအတွင်း အကြမ်းဖက်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၄၉၉ ဦး သေဆုံးခဲ့ပြီး အရပ်သားသေဆုံးမှုအများဆုံးခရိုင်တွေထဲ ချင်းလူမျိုးအများအပြားနေထိုင်တဲ့ ကလေးခရိုင်လည်း ပါဝင်တယ်လို့ ပြည်တွင်းသုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့သြဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်အတွင်း စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက်မှုကြောင့် အရပ်သား ၄၉၉ ဦးသေဆုံးပြီး ၄၆၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးခရိုင်၊မုံရွာခရိုင်၊ ရွှေဘိုခရိုင်နဲ့ စစ်ကိုင်းခရိုင်တွေက အခြားခရိုင်တွေထက် အရပ်သားသေဆုံးမှု သိသိသာသာများပြီး စုစုပေါင်းရဲ့ ၃၄၉ ဦး ရှိတယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာဖော်ပြချက်အရ…

Read More

မကွေးတိုင်းကနေ ဝယ်ယူရတဲ့ စားသောက်ကုန်နဲ့ဆေးဝါးတွေကို ပလက်ဝမှာ စျေးအဆမတန် ပေးဝယ်နေရတယ််လို့ သိရ

မကွေးတိုင်း၊ဆောမြို့နယ် ကနေ ဝယ်ယူရတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို ချင်းပြည်နယ််၊ပလက်ဝမြို့နယ်ရောက်ရင် မှုလစျေးနှုန်းရဲ့ သုံး၊လေး၊ငါး ဆလောက်နဲ့ ပြန်ဝယ်နေရတဲ့အကြောင်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းက ဒေသခံတွေ အားလုံးဟာ မကွေးတိုင်း၊ဆောကနေ ကုန်ပစ္စည်းတွေ ဝယ်ယူကြတာဖြစ်ပြီး ဆောမှာ စျေးနှုန်းတန်ဖိုး ကျပ် ၁၀၀၀ ရှိတဲ့ ကုန်စ္စည်းဟာ ပလက်ဝဘက်ရောက်ရင် ပစ္စည်းတန်ဖိုးဟာ ၃၀၀၀ ထက်ပိုပေးရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်ပလက်ဝဒေသခံတစ်ဦးက “အထူးသဖြင့် စားကုန်ပစ္စည်းတွေ၊ လူသုံးကုန်တွေနဲ့ ဆေးဝါးတွေက စျေးတော်တော်ကြီးနေတယ်လို့ သိရတယ် အဓိက ဒီလိုစျေးကြီးရတာက ဆောကနေ ဆိုင်ကယ်နဲ့ ကုန်ပစ္စည်းတွေ သယ်ကြတာလေ ကယ်ရီခကိုက ဆောကနေ လေးမြို့မြစ်နားကို ၁၄ သိန်းလောက်ပေးရတာလေ အဲဒါတွေကြောင့်ဖြစ်တယ်” လို့ပြောပါတယ်။ အခုလို ပလက်ဝနဲ့ ဆောအကြား ကယ်ရီခ စျေးကြီးရတာက…

Read More

ချင်းပြည်နယ်ကအစိုးရဝန်ထမ်းအများစု လစာပုံမှန်မရတာ ၂ လ /၃ လ ရှိပြီဖြစ်လို့ စားဝတ်နေရေးအခက်တွေ့

ချင်းပြည်နယ်အတွင်း အစိုးရဝန်ထမ်းအများစု လစာပုံမှန်မရတာ ၂ လ/ ၃ လ ရှိပြီဖြစ်ပြီး မိသားစုစားဝတ် နေရေး အတွက် အကြပ်အတည်းပိုဆိုးလာတယ်လို့ ဟားခါးမြို့ကဌာနဆိုင်ရာအစိုးရဝန်ထမ်းတစ်ဦးက Chin World Media ကို ပြောပါတယ်။ “ မြန်မာ့စီးပွားရေးဘဏ်မှာလည်း ငွေကမရှိတော့ဘူး။ ဌာနဆိုင်ရာက ဝန်ထမ်းတွေဆိုရင် အစိုးရက လစာမထုတ်ပေးနိုင်တော့တာ ၃ လလောက်ရှိနေပြီ” လို့ဟားခါးမြို့ကအစိုးရဝန်ထမ်း တစ်ဦးကပြောပါတယ်။ သူကဆက်ပြီး ကုန်စျေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတဲ့အတွက် အစိုးရဝန်ထမ်းမိသားစုတွေအနေနဲ့ လွန်စွာခက်ခဲကြောင်း၊ နိုင်ငံခြားက ဆွေမျိုးများရဲ့ စာနာမှုကြောင့်သာ စားဝတ်နေရေးအတွက် အနည်းငယ်အဆင်ပြေကြောင်း၊ သို့သော်အခုအခါ ပြင်ပငွေလွှဲအတွက်ပါခက်ခဲလာကြောင်းချင်းပြည်နယ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ မကြာခဏ ဖြတ် တောက်ခံရတာတွေကြောင့် ငွေလွှဲပို့တာပိုပြီးခက်ခဲလာတယ်လို့ပြောပါတယ်။ “ နိုင်ငံခြားက ဆွေမျိုးတွေ၊ သားသမီးတွေ ငွေပို့လာချင်ပေမယ့် ဒီဖက်က ထုတ်မပေးနိုင်တော့ဘူး။…

Read More

ကလေးမြို့မှ ချင်းတောင်သို့ ဆန်နဲ့စားနပ်ရိက္ခာများသယ်ယူခွင့် စစ်ကောင်စီပိတ်ပင်

ကလေးမြို့ကနေ ချင်းတောင်ကို တက်မယ့် မည်သည့် ယာဉ်မဆို ဆန် နှင့် အခြား စားနပ်ရိက္ခာများ သယ်ယူခွင့်ကို ၈ မိုင် (ကလေးတက္ကသိုလ်မုခ်ဦး) စစ်ကောင်စီ ဂိတ်ကနေ ပိတ်ပင်ထားတာ ရက်အနည်းငယ်ရှိပြီဖြစ်ကြောင်း ကလေးမြို့ခံ များထံမှ သိရှိရပါတယ်။ “ပြီးခဲ့တဲ့ စနေနေ့ လောက်က စပြီး ဆန်ကွဲ ကိုတောင် ဂိတ်ဖြတ်ခွင့် မပြုဘူး။ ခေတ္တ ခဏ ပိတ်တာလား ဆိုပြီး စောင့်ကြည့်တော့ ဒီနေ့ထိ ခွင့်မပြုတာ တွေ့ရတယ်။ကျွန်တော်သိသလောက် ကတော့ ဒီနေ့ဆို ၄ ရက် ရှိသွားပြီ။ ဆိုင်ကယ်နဲ့တောင် သယ်ဆောင်ခွင့် မပြုဘူး။ ဘာ စားသုံးကုန်ပစ္စည်းကို မှ သယ်ယူခွင့် မပြုဘူး” လို့ ချင်းတောင်ကမြို့တွေကို စားသောက်ကုန် ပစ္စည်း ပို့ဆောင်ရောင်းဝယ်သူ ကလေးမြို့ခံ…

Read More

မင်းတပ်မြို့မှာ ခြံထဲအသီးခူးတဲ့ အသက် ၆၀ ရွယ်အမျိုးသမီး ၁ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရ

ချင်းပြည်နယ် မင်းတပ်မြို့ လျှပ်စစ်မြို့နယ်ရုံးအနီးက တောင်ဘက်ခြမ်းမှာ အသက် ၆၀ ဝန်းကျင်ရှိ သက်ကြီးရွယ်အိုအမျိုးသမီး တစ်ဦး ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့မနက်ပိုင်းမှာ မိုင်းနင်းမိလို့ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ မင်းတပ်မြို့ဒေသခံတွေဆီက သိရပါတယ်။ မင်းတပ်မြို့ လျှပ်စစ်မြို့နယ်ရုံးအနီး တောင်ဘက်ခြမ်းမှာ ခြံထဲပိန္ဒဲသီးခူရင်း အသက် ၆၀ ဝန်းကျင် အဖွားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတယ်လို့ မင်းတပ်မြို့သတင်းတွေ ဖော်ပြတဲ့ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။ စစ်ရေးတင်းမာနေတဲ့ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်တာ ဒရုန်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် က သြဂုတ်လ ၂၁ ရက်နေ့က…

Read More

မတူပီမြို့နယ်တွင်းက ပြည်သူတွေ မိမိနေရပ် ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခရီးသွားလာခြင်းကို ပိတ်ပင်တာမျိုး မလုပ်ကြဖို့ မတူပီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ CDF Matupi – တပ်မဟာ (၁) က ပူးတွဲအသိပေးထုတ်ပြန်

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းသို့ စစ်ဘေးရှောင် ပြည်သူတွေ မိမိနေရပ် ပြန်လည်အခြေချနေထိုင်နိုင်ရေးတွက် ခရီးသွားလာခြင်းကို ပိတ်ပင်တားဆီးတာမျိုး မလုပ်ကြဖို့ မတူပီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) တို့က သြဂုတ်လ ၂၆ ရက်နေ့မှာ ပူးတွဲ အသိပေးထုတ်ပြန်ထားပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) ရဲ့ ဇူလိုင်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အများပြည်သူ တွေအသုံးပြုနေတဲ့ လမ်း (၄) လမ်းကို အကန့်သတ်မရှိ ပိတ်ပင်ထားရာ ( မတူပီ – လိုင်လင်းပီ/ မတူပီ – ရေဇွာ) လမ်းတွေကို CNF/A အပေါင်းအပါတွေက ဆက်လက် ပိတ်ပင်ထားခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူတွေ…

Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နှင့်အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေ၊ သေနတ် တစ်လက် သိမ်းဆည်းရရှိကြောင်းထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး – အမ်း ကားလမ်းမ‌ ပေါ်က တုံးကြီးကျေးရွာအနီး လက်ဖက်ခြံစခန်းကုန်းပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က လင်းတဲကျေးရွာဘက်ကို ကင်းရှည်ထွက်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် မဟာမိတ်ပူးပေါင်းတပ် New Society Army (NSA) ၊ People Independent Army (PIA) တို့ သြဂုတ်လ ၁၉ မနက် ၁၁:၀၀နာရီတွင် နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂) ဦး ပွဲချင်းပြီးသေဆုံးကာ ၊MA3 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ACDF က ဒီနေ့ဩဂုတ်လ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ငဖဲမြို့နယ်၊ အရှိုချင်းကျေးရွာတွေဖြစ်တဲ့ တောင်ပေါ် ဆယ်အုပ်စုအတွင်းရှိ…

Read More

ချင်းပြည်ကောင်စီ (CC) နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ(CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံဖို့သာဖြစ်သေးတယ်လို့ သိရ

ချင်းပြည်ကောင်စီ (CC)နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ Crisis Management Initiative (CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံပြီး အချက်အလက်စုဆောင်းတဲ့ အခြေအနေမျိုးသာ ဖြစ်သေးကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။ Crisis Management Initiative (CMI) နဲ့ ချင်းညီနောင်ပါဝင်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC )အပါအဝင် ချင်းပြည်ကောင်စီ (CC) တို့နဲ့ တစ်ဖွဲ့ခြင်း ဆွေးနွေးတိုင်ပင်တာကို အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ သြဂုတ်လ တတိယအပတ်ထဲ တွေ့ဆုံဖို့ ကနဦးရည်မှန်းထားပေမယ့် တွေ့ဆုံမယ့် ရက်ကို နှစ်ဘက်အဖွဲ့က ရက်ပြန်ရွှေ့လိုက်တယ်လို့လည်း သိရပါတယ်။ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်“CC နဲ့ CB အကြားတွေ့ကြမှာ မဟုတ်ဘူး တကယ်တော့ ICNCC နဲ့ ညှိနှိုင်းရေးအဖွဲ့က CMI တွေ့မယ်…

Read More

မဏိပူရ်အကျဉ်းထောင်က မြန်မာဒုက္ခသည်တွေ ထောင်ကနေလွှတ်ပေးဖို့ တောင်းဆိုတာမရသေးတဲ့အတွက် အစာငတ်ခံ ဆန္ဒဆက်ပြမယ်

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က စစ်ဘေးဒုက္ခသည် မြန်မာနိုင်ငံသားတွေ ထောင်ကနေလွှတ်ပေးဖို့၊စစ်ကောင်စီထံလွှဲပြောင်းပေးတာမလုပ်ဖို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့မှုကို ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို တင််ပြပေးမယ်လို့ ကတိပြုထားပေမယ့် ယနေ့ချိန်ထိ ထူးခြားတဲ့ ရလဒ် မရရှိတာကြောင့် ဒီကနေ့ သြဂုတ်လ ၂၆ ရက်နေ့က စတင်ပြီးထပ်မံ အစာငတ်ခံ ဆန္ဒပြမယ်လို့ သိရပါတယ်။ မဏိပူရ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေက ထောင်ကနေ အမြန်ဆုံးလွှတ်ပေးဖို့ စစ်ကောင်စီထံပြန်လွှဲပြောင်းတာတွေ မလုပ်ဖို့ ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင် ၃ ရက်နေ့အထိအစာငတ်ခံ ဆန္ဒပြခဲ့ကြပြီးနောက် ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရထံ တင်ပြပေးမယ်လို့ ကတိပြုတာကြောင့် အစာငတ်ခံ ဆန္ဒပြတာ ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmarက ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ထောင်အာဏာပိုင်တွေက…

Read More

အဆိုတော် Benjamin Sum မင်းသားနေရာ သရုပ်ဆောင်တဲ့ “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး)ရုပ်ရှင်ဇာတ်ကား ဩဂုတ်လ ၂၉ ရက်မှာစတင်ပြသမယ်

နာမည်ကျော် တေးသံရှင် Benjamin Sum ပထမဆုံးပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်ဇာတ်ကား “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး) ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ကဗန်နပါခန်းမ (Vanapa Hall) မှာ ပြသမှာဖြစ်ကာ၊အဲ့ဒီရုပ်ရှင်ကို Online ကနေလည်း ဖြန့်ချီသွားမယ်လို့ သိရပါတယ်။ အချစ်နဲ့ ပညာပေးအပိုင်းကို အသားပေး ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တဲ့ဒီရုပ်ရှင်ဇာတ်လမ်းကို မီဇိုးဘာသာစကားနဲ့သရုပ်ဆောင် ရိုက်ကူးထားတာဖြစ်ကာ Benjamin Sum က မင်းသားနေရာကနေသရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာ ဒီရုပ်ရှင်ကို ဟားခါး၊ ဖလမ်း နဲ့ဇိုမီးတို့နဲ့လည်း အသံအစားထိုးပြီးလုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။ Benjamin Sum ဟာ 2019 Myanmar Idol Season ( 4 ) တေးဆိုပြိုင်ပွဲမှာ Grand Final အထိရောက်ရှိပြီး လူသိများ…

Read More