တွန်းဇံမြို့မှာတပ်အပြောင်းအလဲလုပ်ဖို့ပြည်သူများကို ဆိုင်ကယ်ကယ်ရီချောဆွဲခြင်းမဟုတ်ဘဲ ရပ်ကွက်အလိုက် အကူအညီ တောင်းခံခြင်း သာဖြစ်ကြောင်းCDF-Tonzang ဆို
တွန်းဇံမြို့ပေါ်မှာ တပ်အပြောင်းအလဲ ပြုလုပ်ရန် အတွက် အိမ်ထောင်စု အလိုက် ဆိုင်ကယ် ကယ်ရီ အလှည့်ကျ ပို့ပေးရန် CDF-Tonzang မှ အတင်းအကျပ် ခေါ်ယူပြီး ဆိုင်ကယ် ကယ်ရီ မပို့ပေးနိုင်တဲ့မိသားစုများ အနေဖြင့် ငွေကျပ်၄ သိန်း ပေးဆောင်ရမည် ဆိုတဲ့သတင်းဟာ ဟုတ်မှန်ခြင်း မရှိဘဲ ရပ်ကွက် အလိုက် အကူအညီ တောင်းခံခြင်းသာ ဖြစ်ကြောင်း CDF-Tonzang စစ်ဦးချုပ် ဦးထန်ဆွင်းမုန် မှ Chin World Media ကို ပြောပါတယ်။ “ဆိုင်ကယ် ကယ်ရီ မပို့ပေးနိုင်တဲ့ မိသားစု ကို ငွေတောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်ချိန်း လုပ်ဖို့ အတွက် မြို့ပေါ် က ရပ်ကွက်တွေကို ဆိုင်ကယ် လေးစီး စီ စသဖြင့်…

