ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးချဉ်းကပ်မှု သဘောတူညီချက် ၄ ချက်ချမှတ်နိုင်ခဲ့ ကြောင်းချင်းအမျိုးသားတပ်ဦး (CNF)အပါအဝင် တိုင်းရင်းသားအဖွဲ့(၉) ဖွဲ့ကထုတ်ပြန်
စက်တင်ဘာလ ၁၉ ရက်။ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့ အစည်းတွေ၊ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများမှ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည် ဆောက် ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများကိုအကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့ကြရာ အဆိုပါညှိနှိုင်းမှုများမှတဆင့်ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom up Federalism ) ချဉ်းကပ်မှုနှင့်စပ်လျဉ်းပြီး သ ဘောတူညီချက် ၄ ချက်ချမှတ်နိုင်ခဲ့ ကြောင်းချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့ အစည်းတွေ၊ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ အဖွဲ့ (၉) ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး နှင့်စပ်လျဉ်းပြီး တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းတွေ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ အဖွဲ့ (၉) ဖွဲ့က ရှေ့လုပ်ငန်းစဉ်နဲ့ သဘောတူညီချက် (၄) ခု ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပထမအချက်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်အားကောင်းရေးမှ…

